ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
ကန့်သတ်မှုမရှိသောတင်ဒါခေါ်ယူခြင်း
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ဆိုင်ရာစီမံ ခန့်ခွဲမှုကွန်ပျူတာစနစ် (Tax Revenue Management System- TRMS) အဆင့်မြှင့်တင်ခြင်း လုပ်ငန်း များကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ရာ မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီလုပ်ငန်းရှင်များအား သတ်မှတ်ချက်များနှင့်အညီ တင်ဒါ အဆိုပြုလွှာများတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
(က) တင်ဒါပုံစံများ ထုတ်ယူရမည့် နေ့ရက် - ၃၁-၅-၂၀၂၃ မှ ၇-၆-၂၀၂၃ အထိ
နှင့်အချိန် ရုံးချိန်အတွင်း
(ခ) တင်ဒါပုံစံများထုတ်ယူရမည့်နေရာနှင့် - သတင်းအချက်အလက်နည်းပညာ
အဆိုပြုလွှာတင်သွင်းရမည့်နေရာ ဌာနခွဲ၊ ပြည်တွင်းအခွန်များဦးစီး
ဌာန၊ ရုံးအမှတ်(၄၆)၊နေပြည်တော်
(ဂ) တင်ဒါအဆိုပြုလွှာ စတင်တင်သွင်း - ၁၃-၆-၂၀၂၃
ရမည့် နေ့ရက်နှင့်အချိန် ရုံးချိန်အတွင်း
(ဃ) တင်ဒါအဆိုပြုလွှာနောက်ဆုံးတင်သွင်း - ၁၉-၆-၂၀၂၃
ရမည့် နေ့ရက်နှင့်အချိန် ရုံးချိန်အတွင်း
၂။ အသေးစိတ်အချက်အလက်များကို သတင်းအချက်အလက်နည်းပညာဌာနခွဲ၊ ဖုန်း- ၀၆၇-၃၄၃၀၄၁၉ နှင့် ပြန်ကြားရေးအဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၃၄၃၀၅၃၃ သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ