ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
အောင်ဘာလေသိန်းဆုဌာနခွဲ
ကြေညာချက်
(ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇွန် လ ၃၀ ရက်)
၁။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင်ကျင်းပမည့် (၂၈) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ည”ထိ စုစုပေါင်းအက္ခရာ (၁၀)လုံးတွင် ထီစာအုပ်(၂၀၄,၄၄၃) အုပ် ရောင်းချခဲ့ပါသည်။
၂။ ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း (၂၀၄၄.၄၃၀) ဖြစ်သဖြင့် ၆၀% ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း (၁၂၂၆.၆၅၈) ဖြစ်ပါသည်။
၃။ အဆိုပါ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှ အောက်ဖော်ပြပါဆုမဲများ ချီးမြှင့်သွားမည်ဖြစ်ပါသည်-
| (က) | အထူးဆုကြီးစနစ် | |||
| (၁) | ကျပ်သိန်းငါးထောင် | = | (၁) ဆု | |
| (၂) | ကျပ်သိန်းတစ်ထောင် | = | (၁) ဆု | |
| (ခ) | ဆုတစ်ဆုချင်းစနစ် | |||
| (၁) | ကျပ်သိန်းငါးရာ | = | (၄) ဆု | |
| (၂) | ကျပ်သိန်းနှစ်ရာ | = | (၄) ဆု | |
| (၃) | ကျပ်သိန်းတစ်ရာ | = | (၅) ဆု | |
| (၄) | ကျပ်သိန်းငါးဆယ် | = | (၇) ဆု | |
| (၅) | ကျပ်သိန်းနှစ်ဆယ် | = | (၁၀) ဆု | |
| (၆) | ကျပ်ဆယ်သိန်း | = | (၁၂) ဆု | |
| (ဂ) | ဝေဝေဆာဆာပဒေသာဆုမဲစနစ် | |||
| (၁) | ကျပ် သုံးသိန်း | = | (၃၀) ဆု | |
| (၂) | ကျပ် နှစ်သိန်း | = | (၁၀၀) ဆု | |
| (၃) | ကျပ် တစ်သိန်း | = | (၂၀၀၀) ဆု | |
၄။ ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသောဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း (၂၅၀) အား တစ်ဆုချင်းဆုမဲ ကျပ် ၁၀ သိန်း (၄) ဆုနှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ် ၃ သိန်း (၂၀) ဆု၊ ကျပ် ၂ သိန်း (၂၀၀) ဆု၊ ကျပ် ၁ သိန်း (၂၀၀၀) ဆု၊ စုစုပေါင်း( ၂၂၂၄) ဆု ကိုလည်းထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။
၅။ (၂၈) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁.၇.၂၀၂၁) ရက်နေ့ (ကြာသပတေးနေ့)၊ နံနက် (၈:၀၀) နာရီအချိန်တွင် အမှတ် (၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲ ခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
Attachments