ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။
၁။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတွင် အသုံးပြုရန်
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (မြန်မာကျပ်ငွေ) ဖြင့် အောက်ဖော်ပြပါ
ပစ္စည်းများအား ဝယ်ယူလိုပါ၍ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်-
စဉ် ပစ္စည်းအမျိုးအမည် ပစ္စည်းအရေအတွက်
(က) ကွန်ပျူတာ၊ ပရင်တာနှင့်ဆက်စပ်ပစ္စည်းများ ၁၈၀ ခု
(ခ) လေအေးပေးစက်နှင့်ဆက်စပ်ပစ္စည်းများ ၆ ခု
(ဂ) လုပ်ငန်းသုံးအခြားပစ္စည်းများ ၃၅ ခု
(ဃ) ရုံးသုံးစက်ကိရိယာများ ၅၅ ခု
(င) ရုံးသုံးပရိဘောဂများ ၂၆၅ ခု
၂။ တင်ဒါပုံစံရောင်းချမည့်နေ့ရက် - ၂၅-၁၀-၂၀၂၅
ရက်မှ ၆-၁၁-၂၀၂၅ ရက်အထိ
ရုံးချိန်အတွင်း
၃။ တင်ဒါတင်သွင်းရမည့် - ၆-၁၁-၂၀၂၅ ရက် (၁၆:၃၀) နာရီ
နောက်ဆုံးနေ့ရက်/အချိန်
၄။ တင်ဒါပုံစံရောင်းချမည့်နေရာနှင့် - တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့
တင်သွင်းရမည့်နေရာ - ပြည်တွင်းအခွန်များဦးစီးဌာန
-
ရုံးအမှတ်(၄၆)၊ နေပြည်တော်
၅။ တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန် - ၉-၁၁-၂၀၂၅ ရက် (နံနက် ၉:၃၀)
၆။ အသေးစိတ်အချက်အလက်များ
သိရှိလိုပါက ဖုန်းနံပါတ် ၀၆၇-၄၃၀၀၁၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
Attachments