ကုမ္ပဏီတစ်ခုက ကုမ္ပဏီပိုင်မော်တော်ယာဉ်ကို ဝန်ထမ်းတစ်ဦးအား လုပ်ငန်း၌ အသုံးပြုရန်နှင့် ကိုယ်ရေးသက်သက်တွင်လည်းအသုံးပြုရန် ခွင့်ပြုပေးထားခြင်းအပေါ် ယင်းဝန်ထမ်း၏ လစာဝင်ငွေ တွက်ချက်ရာတွင် ထည့်ပေါင်းစည်းကြပ်ရခြင်း ရှိ/ မရှိ သိလိုသဖြင့် မေးမြန်းခြင်း။

Answer

ကုမ္ပဏီသည် ကုမ္ပဏီပိုင်မော်တော်ယာဉ်ကို ဝန်ထမ်းအားလုပ်ငန်း၌ အသုံးပြုရန်အတွက် မဟုတ်ဘဲ ကိုယ်ရေးသုံးသက်သက်ကိုသာ အသုံးပြုခွင့်ပေးမည်ဆိုပါက ယင်းမော်တော်ယာဉ် အား ဝင်ငွေနှစ်အတွင်း ထိုက်သင့်သည့် ငှားရမ်းတန်ဖိုးနှင့်ကျခံသုံးစွဲသည့် စရိတ်စက အားလုံး ပေါင်းမှာ ဆိုင်ရာဝန်ထမ်းအနေဖြင့် ၀င်ငွေခွန်ဥပဒေပုဒ်မ၉ (ခ) အရ ထပ်ဆောင်းရရှိသည့် အခ ကြေးငွေဖြစ်၍ ယင်းငွေရပ်ကို ဝန်ထမ်း၏လစာဝင်ငွေ တွက်ချက်ရာတွင် ထည့်ပေါင်းစည်းကြပ် ရမည်ဖြစ်ပါသည်။ အကယ်၍ မော်တော်ယာဉ်ကို လုပ်ငန်းသုံးနှင့်ကိုယ်ရေးသုံးနှစ်ရပ်လုံး အတွက်သုံးစွဲစေပါက ကိုယ်ရေးအတွက်သုံးသည့်အပေါ် ခန့်မှန်းတန်ဖိုးကိုတွက်ချက်၍ အကျိုး ခံစားခွင့်အဖြစ် လစာဝင်ငွေ တွက်ချက်ရာ၌ ထည့်ပေါင်း စည်းကြပ်ရန်ဖြစ်ပါသည်။

Question

ကုမ္ပဏီတစ်ခုက ကုမ္ပဏီပိုင်မော်တော်ယာဉ်ကို ဝန်ထမ်းတစ်ဦးအား လုပ်ငန်း၌ အသုံးပြုရန်နှင့် ကိုယ်ရေးသက်သက်တွင်လည်းအသုံးပြုရန် ခွင့်ပြုပေးထားခြင်းအပေါ် ယင်းဝန်ထမ်း၏ လစာဝင်ငွေ တွက်ချက်ရာတွင် ထည့်ပေါင်းစည်းကြပ်ရခြင်း ရှိ/ မရှိ သိလိုသဖြင့် မေးမြန်းခြင်း။

လူပုဂ္ဂိုလ်တစ်ဦးမှ ၄င်းပိုင် မြေကွက်ရောင်းချခြင်းအပေါ် ပေးဆောင်ရမည့် ဝင်ငွေခွန်အား သိရှိ လို၍ မေးမြန်းခြင်း။

Answer

အခြေပစ္စည်းဖြစ်သော မြေကွက်ရောင်းချခြင်းအတွက် ကာလတန်ဖိုးစိစစ်ရေးအဖွဲ့ထံ တန်ဖိုး ဖြတ်ခံယူ ရမည်ဖြစ်ပြီး၊ ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့မှ သတ်မှတ်သည့်တန်ဖိုးအပေါ် အခြေပစ္စည်းမှ မြတ်စွန်းငွေကိုသတ်မှတ်ရာတွင် မြေကွက်ဝယ်ယူစဉ်က အမှန်ကုန်ကျခဲ့သည့် မူလတန်ဖိုးနှင့် ၎င်းမြေကွက်အား ဖြည့်စွက်ခြင်းအတွက် ကုန်ကျသည့်မတည်စရိတ်များကို ပေါင်းပြီး ထိုတန်ဖိုးစုစုပေါင်းမှ ဥပဒေအရခွင့်ပြုထားပြီးဖြစ်သော စုစုပေါင်းတန်ဖိုး လျော့ငွေကို နုတ်ပယ်၍ ကျန်တန်ဖိုးကို မြေကွက်ရောင်းချသည့် တန်ဖိုးအပြည့်မှနုတ်ပယ်၍ ကျန်ရှိသော အခြေပစ္စည်းမှမြတ်စွန်းငွေအပေါ် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၂၇(ခ)အရ မြတ်စွန်းသည့်ကျပ်ငွေ ( သို့ ) နိုင်ငံခြားငွေ အပေါ် တစ်ဆယ်ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်မည်ဖြစ်ပါသည်။ သို့ရာတွင် ပုဒ်မ ၂၈ အရ အခြေပစ္စည်းတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း (သို့မဟုတ်) အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်း ခြင်းပြုလုပ်သည့် နှစ်တစ်နှစ်အတွင်း အခြေပစ္စည်း၏ တန်ဖိုးစုစု ပေါင်းသည် ကျပ်သိန်း ၁၀၀ ထက်မပိုလျှင် အခြေပစ္စည်းမှမြတ်စွန်းငွေ ပေါ်ပေါက်စေကာမူ ဝင်ငွေခွန် စည်းကြပ်ခြင်းမပြုပါ။

Question

လူပုဂ္ဂိုလ်တစ်ဦးမှ ၄င်းပိုင် မြေကွက်ရောင်းချခြင်းအပေါ် ပေးဆောင်ရမည့် ဝင်ငွေခွန်အား သိရှိ လို၍ မေးမြန်းခြင်း။

ပြည်တွင်းရှိ နိုင်ငံသားတစ်ဦးက ပြည်ပနိုင်ငံ၌ လုပ်ငန်းလုပ်ကိုင်ထားသည့် ရှယ်ယာ ထည့်ဝင်ထား ခြင်းမှရရှိသည့် အမြတ်ဝေစု၀င်ငွေအပေါ် ပြည်တွင်း၌ အခွန်ပေးဆောင်ရခြင်း ရှိ/မရှိ မေးမြန်းခြင်း။

Answer

ပြည်တွင်းနေနိုင်ငံသားအနေဖြင့် ပြည်ပနိုင်ငံ၌ရှယ်ယာထည့်ဝင်၍ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်ထားခြင်းမှရရှိသည့် အမြတ်ဝေစုရရှိငွေမှာ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၄-က အရ အခြားရလမ်းများမှရရှိဝင်ငွေဖြစ်၍ ၄င်းပုဂ္ဂိုလ်အနေဖြင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇ အရ သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ ဝင်ငွေကြေညာလွှာ ပေးပို့ရမည်ဖြစ်ပြီး ယင်းအပေါ် ဝင်ငွေခွန်စည်းမျဉ်း ၈(က) အရ နိုင်ငံခြားငွေဖြင့်ရငွေကို သတ်မှတ်ထားသော ငွေလဲလှယ်နှုန်းဖြင့် ကျပ်ငွေသို့ဖလှယ်၍ တန်ဖိုးသင့်ပြီးကျပ်ငွေဖြင့် စုစုပေါင်းဝင်ငွေကို ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၂၀ အရ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် ၁၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ပါသည်။ပြည်တွင်းနေ နိုင်ငံသား၏ နိုင်ငံခြားငွေဖြင့်ရရှိ၀င်ငွေအပေါ် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ပုဒ်မ ၃၂ အရ ကျပ်ငွေဖြင့်  ပေးဆောင်ရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိနိုင်ငံသားတစ်ဦးက ပြည်ပနိုင်ငံ၌လုပ်ငန်းလုပ်ကိုင်ထားသည့် ရှယ်ယာထည့်ဝင်ထားခြင်းမှရရှိသည့် အမြတ်​ဝေစု၀င်ငွေအပေါ် ပြည်တွင်း၌အခွန်ပေး​​​ဆောင်ရခြင်း ရှိ/မရှိ မေးမြန်းခြင်း။

စင်္ကာပူလူမျိုးတစ်ဦးက ပြည်တွင်း၌ မြန်မာနိုင်ငံသား အစုရှယ်ယာ ၁၅ % နှင့် နိုင်ငံခြားသား အစုရှယ်ယာ ၈၅ % တို့ဖြင့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်မည်ဖြစ်ရာ မြန်မာနိုင်ငံသား၏ ရှယ်ယာ ထည့်ဝင်ခြင်းကို ပြည်ပ၌အလုပ်လုပ်ကိုင်ပြီး ရရှိလစာအပေါ် အခွန်ပေးဆောင်ပြီး သည့် ဝင်ငွေဖြင

Answer

ပြည်တွင်း၌ဖက်စပ်ကုမ္ပဏီတည်ထောင်ရာတွင် မြန်မာနိုင်ငံသားအစုရှယ်ယာ ၁၅ % ထည့်ဝင်ခြင်းအတွက် ပြည်ပ၌အလုပ်လုပ်ကိုင်ပြီး ရရှိလစာဝင်ငွေအပေါ် အခွန်ပေးဆောင်ပြီးသည့်ဝင်ငွေဖြင့်တင်ပြခြင်းအပေါ် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ စိစစ်ခွင့်ပြုပေးမည်ဖြစ်ပြီး ဝင်ငွေရလမ်းတင်ပြနိုင်သောဝင်ငွေအပေါ် ဝင်ငွေခွန်ကျသင့်ခြင်းမရှိပါ။ တင်ပြနိုင်ခြင်းမရှိပါက ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၄ အရ ၁၅ % မှ ၃၀ % အထိ ဝင်ငွေအလွှာနှုန်းထားများအတိုင်း ဝင်ငွေခွန်ကျသင့်မည်ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ခွင့်ပြုထားသည့် နိုင်ငံခြားသားအစုရှယ်ယာ ၈၅ % ထည့်ဝင်ရင်းနှီးခြင်းဖြစ်ပါက အခွန်ပေးဆောင်ရခြင်းမရှိပါ။ ကုမ္ပဏီတွင် ထည့်ဝင်ရင်းနှီးငွေ မလုံလောက်သဖြင့် ပြည်ပကုမ္ပဏီမှချေးယူငွေဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်း ပြုလုပ်နိုင်ပါသည်။ ပြည်ပကုမ္ပဏီသို့ချေးယူငွေအပေါ် အတိုးငွေပေးချေသည့်အခါ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၄၁/၂၀၁၀ အရ ပင်ရင်းမှနုတ်ယူပေးသွင်းခွန် ၁၅ % ကို နုတ်ယူပေးသွင်း၍ ငွေပေးချေရန်ဖြစ်ပါသည်။

Question

စင်္ကာပူလူမျိုးတစ်ဦးက ပြည်တွင်း၌ မြန်မာနိုင်ငံသားအစုရှယ်ယာ ၁၅ % နှင့် နိုင်ငံခြားသားအစုရှယ်ယာ ၈၅ % တို့ဖြင့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်မည်ဖြစ်ရာ မြန်မာနိုင်ငံသား၏ရှယ်ယာထည့်ဝင်ခြင်းကို ပြည်ပ၌အလုပ်လုပ်ကိုင်ပြီးရရှိလစာအပေါ် အခွန်ပေးဆောင်ပြီးသည့် ဝင်ငွေဖြင့်တင်ပြ၍ ရ/မရ နှင့် နိုင်ငံခြားသားအစုရှယ်ယာထည့်ဝင်ခြင်းအပေါ် အခွန် ပေးဆောင်ရခြင်း ရှိ/ မရှိ နှင့် ကုမ္ပဏီ၌ထည့်ဝင်ရင်းနှီးငွေမလုံ လောက်သဖြင့် ရင်းနှီးငွေထပ်မတိုးဘဲ ပြည်ပကုမ္ပဏီထံမှချေးယူငွေဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်၍ ရ/မရ သိလိုသဖြင့် မေးမြန်းခြင်း။

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုမှ သက်ဆိုင်ရာဝင်ငွေနှစ်အတွင်း အဆိုပါ လုပ်ငန်းမှရရှိခဲ့သော ဝင်ငွေနှင့်အသုံးစရိတ်တချို့ကို ဝင်ငွေကြေညာလွှာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းတို့တွင် ထည့်သွင်းမရေးဆွဲခဲ့မိ၍ မည်သို့ဆောင်ရွက်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း။

Answer

ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၇ (ဂ) အရ မည်သူမဆို ဝင်ငွေကြေညာလွှာ ပေးပို့ပြီးသည့်နောက် အခွန်စည်းကြပ်ခြင်းမပြုမီ ယင်းကြေညာလွှာ၌ မှားယွင်းချက်ရှိ၍ ပြင်ဆင်လိုလျှင် ပြင်ဆင်ထားသည့် ဝင်ငွေကြေညာလွှာကို ထပ်မံပေးပို့နိုင်ပါသည်။ သို့ဖြစ်၍ ကုမ္ပဏီသည် သက်ဆိုင်ရာဝင်ငွေနှစ်အတွင်း စာရင်းရေးဆွဲရာတွင် ကျန်ခဲ့သော လုပ်ငန်းအပါအဝင် ဝင်ငွေနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းအားလုံးအတွက် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းအသစ် ထပ်မံရေးဆွဲ၍ ယင်းဘဏ္ဍာရေးရှင်းတမ်းအရ ဝင်ငွေကြေညာလွှာ အသစ်ကို အခွန်စည်းကြပ်ခြင်းမပြုမီ သက်ဆိုင်ရာအခွန်ဦးစီးဌာနမှူးရုံးသို့ ထပ်မံ တင်သွင်းပြီး အခွန်စည်းကြပ်မှုခံယူနိုင်ပါသည်။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုမှ သက်ဆိုင်ရာဝင်ငွေနှစ်အတွင်း အဆိုပါ လုပ်ငန်းမှရရှိခဲ့သော ဝင်ငွေနှင့်အသုံးစရိတ်တချို့ကို ဝင်ငွေကြေညာလွှာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းတို့တွင် ထည့်သွင်းမရေးဆွဲခဲ့မိ၍ မည်သို့ဆောင်ရွက်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း။

ပြည်တွင်းရှိ အကြံပေး ဝန်ဆောင်မှု ဆောင်ရွက်သည့်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြည်ပတွင်ရှိသော ကုမ္ပဏီတစ်ခု၌ အစုရှယ်ယာများ ထည့်ဝင်ထားသဖြင့် ပြည်ပကုမ္ပဏီ မှ အမြတ်ဝေစုလွှဲပေးမှုအပေါ် အခွန်ထမ်းဆောင်ရခြင်း ရှိ/ မရှိ သိလိုသဖြင့် မေးမြန်း ခြင်း။

Answer

ပြည်တွင်းနေနိုင်ငံသားတစ်ဦးက ပြည်ပရှိကုမ္ပဏီ၌ အစုရှယ်ယာ ထည့်ဝင်ထားခြင်းဖြင့် ရရှိသော အမြတ်ဝေစုအပေါ် ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့် များမနုတ်မီ ပြည်ပနေနိုင်ငံသား၏ ကင်းလွတ်ခွင့်ရရှိသည့် ဝင်ငွေခေါင်းစဉ်မှတစ်ပါး နိုင်ငံခြားငွေဖြင့် ပြည်ပမှရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် တစ်ဆယ်ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ အကြံပေး ဝန်ဆောင်မှု ဆောင်ရွက်သည့်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြည်ပတွင်ရှိသော ကုမ္ပဏီတစ်ခု၌ အစုရှယ်ယာများ ထည့်ဝင်ထားသဖြင့် ပြည်ပကုမ္ပဏီ မှ အမြတ်ဝေစုလွှဲပေးမှုအပေါ် အခွန်ထမ်းဆောင်ရခြင်း ရှိ/ မရှိ သိလိုသဖြင့် မေးမြန်း ခြင်း။

ပြည်တွင်းရှိကုမ္ပဏီတစ်ခုသည် ကုမ္ပဏီပိုင် ဂိုဒေါင်အဆောက်အဦအား ရောင်းချမည်ဖြစ် သဖြင့် ရောင်းချသည့်ဝင်ငွေနှစ်အတွက် တန်ဖိုးလျော့ငွေ အပြည့် သို့မဟုတ် အစိတ် အပိုင်းအား စရိတ်အဖြစ် ခံစားခွင့် ရှိ / မရှိ မေးမြန်းခြင်း။

Answer

ဝင်ငွေခွန်စည်းမျဉ်း ၁၃(ဂ)(၃)အရ မတည်အပိုင်ပစ္စည်းကို ဝင်ငွေနှစ်တစ်နှစ်လုံး အခွန် ထမ်း အသုံးမပြုဘဲ ဝင်ငွေနှစ်၏ အစိတ်အပိုင်းတစ်ရပ်၌သာ အသုံးပြုစေကာမူ ထိုနှစ် အတွက် ပစ္စည်းတန်ဖိုး လျော့ငွေအပြည့် နုတ်ပယ်ခွင့် ရှိသည်ဟုလည်းကောင်း၊ စည်းမျဉ်း ၁၃(ဂ) (၄)တွင် ဝင်ငွေနှစ်အတွင်း မတည်ပိုင်ပစ္စည်း အလွှဲအပြောင်းရှိလျှင် ထိုပစ္စည်းကို နောက်ဆုံးဆက်ခံအသုံးပြုသည့် အခွန်ထမ်းအတွက်သာ အဆိုပါတန်ဖိုး လျော့ငွေကို နုတ်ပယ်ခွင့်ရှိသည်ဟုလည်းကောင်း ဖော်ပြထားသဖြင့် အဆောက်အဦ ရောင်းချသော ကုမ္ပဏီသည် ရောင်းချသည့်ဝင်ငွေနှစ်အတွက် တန်ဖိုးလျော့ငွေကို စရိတ်အဖြစ် နုတ်ပယ်ခွင့်မရှိဘဲ နောက်ဆုံးဆက်ခံ အသုံးပြုသူအခွန်ထမ်း၏ လုပ်ငန်း တွင်သာ တန်ဖိုးလျော့ငွေအဖြစ် နုတ်ပယ်ခွင့်ရှိမည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိကုမ္ပဏီတစ်ခုသည် ကုမ္ပဏီပိုင် ဂိုဒေါင်အဆောက်အဦအား ရောင်းချမည်ဖြစ် သဖြင့် ရောင်းချသည့်ဝင်ငွေနှစ်အတွက် တန်ဖိုးလျော့ငွေ အပြည့် သို့မဟုတ် အစိတ် အပိုင်းအား စရိတ်အဖြစ် ခံစားခွင့် ရှိ / မရှိ မေးမြန်းခြင်း။

လစာဝင်ငွေခွန် ထမ်းဆောင်လျက်ရှိသည့် အခွန်ထမ်းများမှ မော်တော်ယာဉ် ရောင်းချ သော ကုမ္ပဏီများထံမှ မော်တော်ယာဉ်များကို ဝယ်ယူရာတွင် ဘဏ်များနှင့်ချိတ်ဆက်၍ မော်တော်ယာဉ်ချေးငွေ (Auto Loan)စနစ်ဖြင့် ဝယ်ယူပါကြောင်း၊ ထိုသို့ဝယ်ယူရာတွင် ဘဏ်မှ ရယူထားသော မော်တော်ယာဉ်ချေး

Answer

လစာဝင်ငွေခွန် ထမ်းဆောင်လျက်ရှိသည့် အခွန်ထမ်းများမှ မော်တော်ယာဉ် ရောင်းချ သော ကုမ္ပဏီများထံမှ မော်တော်ယာဉ်များကို ဘဏ်များနှင့်ချိတ်ဆက်၍ မော်တော် ယာဉ်ချေးငွေ (Auto Loan) စနစ်ဖြင့် ဝယ်ယူရာတွင် တစ်ဦးချင်းပုဂ္ဂိုလ်များ၏ အခြေ ပစ္စည်းဝယ်ယူခြင်းကိစ္စရပ်အတွက် ဘဏ်ချေးငွေများကို ဝင်ငွေရလမ်းအဖြစ် တင်ပြ ခြင်းအား ခွင့်မပြုပါ။

Question

လစာဝင်ငွေခွန် ထမ်းဆောင်လျက်ရှိသည့် အခွန်ထမ်းများမှ မော်တော်ယာဉ် ရောင်းချ သော ကုမ္ပဏီများထံမှ မော်တော်ယာဉ်များကို ဝယ်ယူရာတွင် ဘဏ်များနှင့်ချိတ်ဆက်၍ မော်တော်ယာဉ်ချေးငွေ (Auto Loan)စနစ်ဖြင့် ဝယ်ယူပါကြောင်း၊ ထိုသို့ဝယ်ယူရာတွင် ဘဏ်မှ ရယူထားသော မော်တော်ယာဉ်ချေးငွေများအား ဝင်ငွေရလမ်းအဖြစ် သတ်မှတ် ပေးနိုင်ခြင်း ရှိ/ မရှိ သိရှိလို၍ မေးမြန်းခြင်း။

ကုမ္ပဏီရှိ တာဝန်ရှိသူတစ်ဦးက ၄င်းတို့ကုမ္ပဏီမှ ပညာရေး၀န်ကြီးဌာနကျောင်းများ၏Computer နှင့် သက်ဆိုင်သည့် ပစ္စည်းများအား လှူဒါန်းမည်ဖြစ်ရာ ယင်းလှူဒါန်းငွေများအပေါ် အခွန် ကင်းလွတ်ခွင့် ရှိ/ မရှိ သိရှိလို၍ မေးမြန်းခြင်း။

Answer

      ဝင်ငွေခွန်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲငယ်(ခ) (၂) အရ   ပြည်တွင်းပြည်ပအလှူရှင်များ၊  နိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံတော်အတွင်း လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များအတွက် လှူဒါန်းခြင်းမှရရှိသည့်ဝင်ငွေအား ၀င်ငွေခွန်ကင်းလွတ်ခွင့်ပေးခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုပေးနိုင်ပါသဖြင့် ကင်းလွတ်ခွင့်ရရှိနိုင်ရန် လျှောက်ထားတင်ပြနိုင်ပါသည်။ ခွင့်ပြုပေးပါက ယင်းကိစ္စများနှင့်သက်ဆိုင်၍ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆-ကတွင် ဖော်ပြထားသည့်အတိုင်း “ပုဒ်မ ၆ ၊ ပုဒ်မခွဲ(ဂ) အရ တွက်ချက်ပြီးစည်းကြပ်ရာတွင် နိုင်ငံတော်အဖွဲ့အစည်းအဆင့်ဆင့်ကကမကထပြုသော (သို့) ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ အသိအမှတ်ပြုသောဘာသာရေး (သို့) ကုသိုလ်ရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုခုသို့ဖြစ်စေ၊ ယင်းကိစ္စများနှင့်သက်ဆိုင်သည့် ရန်ပုံငွေတစ်ရပ်ရပ်သို့ဖြစ်စေလှူဒါန်းထည့်ဝင်ငွေကိုလည်းနုတ်ပယ်ပေးမည်ဖြစ်ပြီး ယင်းလှူဒါန်းထည့်ဝင်ငွေသည် အခွန်ထမ်း၏ စုစုပေါင်းဝင်ငွေ၏ နှစ်ဆယ့်ငါးရာခိုင်နှုန်းနှင့်ညီမျှသောငွေထက်မပိုစေရ ”ဟု ပြဋ္ဌာန်းထားရှိပါသည်။

Question

ကုမ္ပဏီရှိတာဝန်ရှိသူတစ်ဦးက ၄င်းတို့ကုမ္ပဏီမှ ပညာရေး၀န်ကြီးဌာနကျောင်းများ၏Computerနှင့်သက်ဆိုင်သည့် ပစ္စည်းများအား လှူဒါန်းမည်ဖြစ်ရာ ယင်းလှူဒါန်းငွေများအပေါ် အခွန်ကင်းလွတ်ခွင့် ရှိ/ မရှိ သိရှိလို၍မေးမြန်းခြင်း။

SAS စနစ်ကျင့်သုံးနေသော အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၁) တို့ရှိ အခွန်ထမ်းများ၏ ပို့ကုန်တင်ပို့ သည့် အပေါ် ဝင်ငွေခွန် ၂% ကင်းလွတ်ခွင့်ပြုထားသည့် အမိန့်နှင့် စတင်အကျိုးသက်ရောက်သည့်နေ့ အား သိရှိလိုခြင်း။

Answer

မေးမြန်းသည့်အမိန့်ကြော်ငြာစာမှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၂-၁-၂၀၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ်၊ ၇/၂၀၁၈ ဖြစ်ပြီး ၂-၁-၂၀၁၈ ရက်နေ့တွင် စတင်အကျိုးသက်ရောက်ပါသည်။

Question

SAS စနစ်ကျင့်သုံးနေသော အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၁) တို့ရှိ အခွန်ထမ်းများ၏ ပို့ကုန်တင်ပို့ သည့် အပေါ် ဝင်ငွေခွန် ၂% ကင်းလွတ်ခွင့်ပြုထားသည့် အမိန့်နှင့် စတင်အကျိုးသက်ရောက်သည့်နေ့ အား သိရှိလိုခြင်း။