မြန်မာဆိပ်ကမ်းအာဏာပိုင်နှင့် စင်္ကာပူကုမ္ပဏီတို့ ပြည်တွင်း၌ ဖက်စပ်ကုမ္ပဏီတည်ထောင်၍ မြန်မာဆိပ်ကမ်း အာဏာပိုင်မြေနေရာ၌ Container များအား ညသိပ်ငှားရမ်းခြင်း လုပ်ငန်း လုပ်ဆောင်ရာတွင် Container ထားရှိသည့် Shipping Lines ကုမ္ပဏီများကထားရှိ Container များအား အပျက

Answer

ဖက်စပ်ကုမ္ပဏီက Container ကားများ ညသိပ်၀န်ဆောင်မှုလုပ်ငန်းလုပ်ဆောင်ရာတွင် Shipping Lines Co များမှ ဖက်စပ်ကုမ္ပဏီသို့ ထားရှိ Container များအား အပျက်အစီး ရှိ/မရှိ စစ်ဆေး၍ သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ နေရာရွှေ့ပြောင်းပေးခြင်း Service Fees အတွက် ပေးချေငွေများအပေါ် ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာ အမှတ် ၄၁/၂၀၁၀၊ ၁၆၇/၂၀၁၁တို့ အရWHT ပင်ရင်းမှနုတ်ယူပေးသွင်းခွန် ၂ % ကိုဖြတ်ယူ ပြီး၊ Service ဆောင်ရွက်ပေးသည့် ဖက်စပ်ကုမ္ပဏီအမည်ဖြင့် ပေးဆောင်ရမည်ဖြစ်ပါသည်။ အဆိုပါ ပင်ရင်းမှနုတ်ယူပေး သွင်းခွန် WHT ၂ % ကို ဝင်ငွေခွန်စည်းမျဉ်း ၁၄(ခ) အရ ငွေပေးချေသည့်နေ့မှ ခုနစ်ရက်အတွင်း ပေးဆောင်ရမည်ဖြစ်ပါသည်။ ၎င်း WHT ၂% မှာ ဖက်စပ်ကုမ္ပဏီအတွက် အပြီးသတ်စည်းကြပ်မှုတွင် ခုနှိမ်ခွင့်ရရှိမည်ဖြစ်ပါသည်။

Question

မြန်မာဆိပ်ကမ်းအာဏာပိုင်နှင့် စင်္ကာပူကုမ္ပဏီတို့ ပြည်တွင်း၌ ဖက်စပ်ကုမ္ပဏီတည်ထောင်၍ မြန်မာဆိပ်ကမ်း အာဏာပိုင်မြေနေရာ၌ Container များအား ညသိပ်ငှားရမ်းခြင်း လုပ်ငန်း လုပ်ဆောင်ရာတွင် Container ထားရှိသည့် Shipping Lines ကုမ္ပဏီများကထားရှိ Container များအား အပျက်အစီး ရှိ/မရှိ စစ်ဆေး၍ သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်း၊ နေရာရွှေ့ပြောင်းပေးခြင်းတို့အတွက် Service Fees ပေးချေငွေအပေါ် WHT ပင်ရင်းမှနုတ်ယူ ပေးသွင်းခွန် မည်မျှပေးဆောင် ရမည်ကို သိရှိလို၍မေးမြန်းခြင်း။

လူပုဂ္ဂိုလ်တစ်ဦးက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့သစ်ရှိ ရန်ကုန်- မန္တလေးကားလမ်းပေါ်ရှိ မြေကွက်ဝယ်ယူထားခြင်းအပေါ် ဝင်ငွေခွန် မည်သည့်နှုန်းထားဖြင့် ပေးဆောင်ရပါကြောင်းနှင့် ၎င်းမြေကွက်ကို မည်သည့်စံနှုန်းထားဖြင့် တန်ဖိုးသတ်မှတ်ပါ ကြောင်

Answer

အခြေပစ္စည်းဖြစ်သော မြေကွက်ဝယ်ယူခြင်းအတွက် သက်ဆိုင်ရာအိမ်ခြံမြေကာလတန်ဖိုး စိစစ်ရေးအဖွဲ့ထံတွင် တန်ဖိုးဖြတ်ခံယူရမည်ဖြစ်ပြီး၊ အဆိုပါ တန်ဖိုးဖြတ်တန်ဖိုးအပေါ် ၂၀၁၆ ခုနှစ်ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၂၄ အရ အသုံးပြုသည့်ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြ နိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေအားနုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်း နေသော ဝင်ငွေအပေါ်တွင်လည်းကောင်း၊ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင် ၁ ကျပ်မှ ၃၀၀၀၀၀၀၀ ထိ ၁၅ % ၊ ၃၀၀၀၀၀၀၁ ကျပ် မှ ၁၀၀၀၀၀၀၀၀ ထိ ၂၀ %၊ ၁၀၀၀၀၀၀၀၁ ကျပ် နှင့်အထက်ဖြစ်ပါက ၃၀ % ဝင်ငွေခွန်စည်းကြပ်မည်ဖြစ်ပါသည်။ အသုံးပြုသည့် ဝင်ငွေအားလုံးအပေါ် ဝင်ငွေရလမ်းအတိအကျတင်ပြနိုင်ပါက ဝင်ငွေခွန် ထမ်းဆောင်ရန်မလိုအပ်ပါ။ မြေကွက် များအပေါ်အခွန်စည်းကြပ်သည့် နှုန်းထားသိရှိနိုင်ရန် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ရှိ မြို့နယ်ကာလတန်ဖိုးစိစစ် သတ်မှတ်ရေးအဖွဲ့ထံ တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။

Question

လူပုဂ္ဂိုလ်တစ်ဦးက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့သစ်ရှိ ရန်ကုန်- မန္တလေးကားလမ်းပေါ်ရှိ မြေကွက်ဝယ်ယူထားခြင်းအပေါ် ဝင်ငွေခွန် မည်သည့်နှုန်းထားဖြင့် ပေးဆောင်ရပါကြောင်းနှင့် ၎င်းမြေကွက်ကို မည်သည့်စံနှုန်းထားဖြင့် တန်ဖိုးသတ်မှတ်ပါ ကြောင်း သိရှိလို၍မေးမြန်းခြင်း။

တရုတ်လူမျိုးတစ်ဦးက ပြည်တွင်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ခြင်းလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီရှိ အစုရှယ်ယာများအားရောင်းချခြင်းအပေါ် ဝင်ငွေခွန် မည်မျှပေးဆောင်ရမည် ကို သိရှိလို၍ မေးမြန်းခြင်း။

Answer

ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ခြင်းလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအနေဖြင့် အခြေပစ္စည်း ဖြစ်သည့် အစုရှယ်ယာများလွှဲပြောင်းရောင်းချခြင်းမှ မြတ်စွန်းငွေရရှိလျှင် မြတ်စွန်းသည့် ကျပ်ငွေ ( သို့ ) နိုင်ငံခြားငွေအပေါ် ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-ကအရ သက်သာခွင့် များမနုတ်မီ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၂၇ (က)အရ မြတ်စွန်းငွေ ညီမျှ ကျပ်သန်းပေါင်း (၁၀၀,၀၀၀) အထိဝင်ငွေခွန် ၄၀% မြတ်စွန်းငွေညီမျှ ကျပ်သန်းပေါင်း   ( ၁၀၀,၀၀၁ ) မှ ( ၁၅၀,၀၀၀ ) အထိဝင်ငွေခွန် ၄၅ % ၊ မြတ်စွန်းငွေညီမျှကျပ် သန်းပေါင်း      ( ၁၅၀,၀၀၁ ) နှင့် အထက် ဖြစ်ပါကဝင်ငွေခွန် ၅၀ % တို့ ဖြင့် အလွှာလိုက်နှုန်းထားများအရ ကျသင့်မည်ဖြစ်ပါသည်။

Question

တရုတ်လူမျိုးတစ်ဦးက ပြည်တွင်းရှိ  ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ခြင်းလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီရှိ အစုရှယ်ယာများအားရောင်းချခြင်းအပေါ် ဝင်ငွေခွန် မည်မျှပေးဆောင်ရမည် ကို သိရှိလို၍ မေးမြန်းခြင်း။

ပြည်ပမှ မော်တော်ကားများ တင်သွင်းသည့်ကုမ္ပဏီတစ်ခုက တင်သွင်းစဉ် ကုန်းပေါ်ရောက် တန်ဖိုးအပေါ် ဝင်ငွေခွန် ၂% ကြိုတင်ပေးဆောင်ခဲ့ပါကြောင်း၊ ယာဉ်မှတ်ပုံတင်ဆောင်ရွက်သည့် အချိန်တွင် ကြိုတင်ဝင်ငွေခွန်ကောက်ခံမည်ဟု သိရှိထားပါကြောင်း၊ မည်သည့်တန်ဖိုးအပေါ် တွက်ချက်ကောက်

Answer

ပြည်ပမှ မော်တော်ယာဉ်များအား ကနဦးမှတ်ပုံတင်ဆောင်ရွက်သည့်အချိန်တွင် တင်သွင်းလာသည့် ယာဉ်၏ကုန်းပေါ်ရောက်တန်ဖိုးအပေါ် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၂၄ အရ  ဝင်ငွေခွန်  ၁၅ % မှ  ၃၀ % ထိ  ပေးဆောင်ရခြင်းအား  ယာဉ်မှတ်ပုံတင်ဆောင် ရွက်ပေးလျက်ရှိသည့် ရန်ကုန်မြို့ရှိ၊ အမှတ် (၆၂)၊ ပထမထပ်၊ ပန်းဆိုးတန်းလမ်း (အောက်)၊ ကျောက်တံတားမြို့နယ်ရှိ  ပြည်တွင်းအခွန်များဦးစီးဌာန တွင်  ၁- ၆-၂၀၁၆ နေ့မှ စတင်၍ One Stop Services အစီအစဉ်ဖြင့်  စတင်ကောက်ခံဆောင်ရွက်ခဲ့ပါသည်။ မန္တလေးမြို့ရှိ၊ ၆၅ လမ်း၊ ၂၂ x ၂၃ ကြား တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံးတွင်လည်း One Stop Services အစီအစဉ် ကို ၁- ၆-၂၀၁၆ နေ့မှစတင်၍  ဆောင်ရွက်ပေးလျက်ရှိပါသည်။

Question

ပြည်ပမှ မော်တော်ကားများ တင်သွင်းသည့်ကုမ္ပဏီတစ်ခုက တင်သွင်းစဉ်  ကုန်းပေါ်ရောက် တန်ဖိုးအပေါ် ဝင်ငွေခွန် ၂% ကြိုတင်ပေးဆောင်ခဲ့ပါကြောင်း၊ ယာဉ်မှတ်ပုံတင်ဆောင်ရွက်သည့် အချိန်တွင် ကြိုတင်ဝင်ငွေခွန်ကောက်ခံမည်ဟု သိရှိထားပါကြောင်း၊ မည်သည့်တန်ဖိုးအပေါ် တွက်ချက်ကောက်ခံပါကြောင်း သိလိုသဖြင့်မေးမြန်းခြင်း။

ပြည်တွင်းရှိ အကြံပေးကုမ္ပဏီတစ်ခုမှ တာ၀န်ရှိသူတစ်ဦးက ပြည်တွင်း NGO အဖွဲ့အစည်း များ၌ ပြည်တွင်းနေနိုင်ငံသား၊ ပြည်တွင်းနေနိုင်ငံခြားသား၊ ပြည်ပနေနိုင်ငံခြား သားများသည် Volunteer များအဖြစ် လစာ၀င်ငွေရရှိခြင်းမရှိဘဲ ၄င်းတို့အတွက် အိမ်ငှားပေးခြင်း၊ အသုံး စရိတ်အဖြစ

Answer

NGO တွင် လစာအဖြစ်ပေးအပ်ခြင်းမဟုတ်ဘဲ Volunteer အဖြစ် လုပ်ကိုင်ကြသည့် ၀န်ထမ်း များအား အိမ်ငှားပေးခြင်း၊ အသုံးစရိတ်အဖြစ် ပေးအပ်ခြင်းစသည့် ပေးငွေများမှာ မြန်မာနိုင်ငံ အတွင်း ဖြစ်ထွန်းပေါ်ပေါက်သော ၀င်ငွေများရရှိသည်ဖြစ်ရာ ယင်းထပ်ဆောင်းရရှိသည့် အခကြေး ငွေအပေါ် ၀င်ငွေခွန်ဥပဒေပုဒ်မ ၉ (ခ) အရ လစာခေါင်းစဉ်ဖြင့် ၀င်ငွေခွန်ထမ်းဆောင်ရမည်ဖြစ် ပါသည်။

Question

ပြည်တွင်းရှိ အကြံပေးကုမ္ပဏီတစ်ခုမှ တာ၀န်ရှိသူတစ်ဦးက ပြည်တွင်း NGO အဖွဲ့အစည်း များ၌ ပြည်တွင်းနေနိုင်ငံသား၊ ပြည်တွင်းနေနိုင်ငံခြားသား၊ ပြည်ပနေနိုင်ငံခြား သားများသည် Volunteer များအဖြစ် လစာ၀င်ငွေရရှိခြင်းမရှိဘဲ ၄င်းတို့အတွက် အိမ်ငှားပေးခြင်း၊ အသုံး စရိတ်အဖြစ် ပေးခြင်းကိုသာရရှိကြပါကြောင်း၊ ယင်းအကျိုးခံစားခွင့်များအပေါ် လစာ၀င်ငွေ ခွန် ပေးဆောင်ရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။

ဗီယက်နမ်လူမျိုးတစ်ဦးပါဝင်သော ကုမ္ပဏီတစ်ခုက ပြည်တွင်း၌ရုံးခွဲဖွင့်လှစ်၍ ဆောက်လုပ် ရေးလုပ်ငန်းလုပ်ကိုင်ခြင်းအပေါ် အခွန်စည်းကြပ်မှုခံယူပြီး၊ ရရှိသည့်အကျိုးအမြတ်အား ပြည်ပရှိရုံးချုပ်သို့ ပြန်လည်လွှဲပို့ပါက အခွန်ထပ်မံပေးဆောင်ရခြင်း ရှိ/မရှိ သိရှိလို၍မေးမြန်း ခ

Answer

ပြည်ပတွင် ရုံးချုပ်တည်ရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းကို ပြည်တွင်း၌ ရုံးခွဲဖွင့်လှစ်လုပ်ကိုင် သော နိုင်ငံခြားကုမ္ပဏီအနေဖြင့် ဘဏ္ဍာနှစ်ကုန်ဆုံးသည့်အခါ စာရင်းကိုင်စံများ အရနှစ်ချုပ် စာရင်း ရေးဆွဲတင်ပြ၍ စည်းကြပ်မှုခံယူရမည်ဖြစ်ပါသည်။ စည်းကြပ်မှုခံယူပြီး ကျသင့် အခွန်များ ပေးဆောင်ပြီးပါက ကျန်ရှိသည့် ဝင်ငွေအကျိုးအမြတ်အပေါ် အစုရှယ်ယာရှင်များမှ ထည့်ဝင်ရှယ်ယာအချိုးအလိုက် အမြတ်​ဝေစုခွဲ​ဝေနိုင်ပါသည်။ အခွန်ပေးဆောင်ပြီးသော အကျိုး အမြတ်ရရှိဝင်ငွေကို ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၅(က) (၇) အရ ပုဂ္ဂိုလ်စုတစ်ခုခုမှ ၀င်ငွေခွန်ပေး ဆောင်ပြီး ရရှိသည့်အမြတ်ဝေစုကို ကင်းလွတ်ခွင့်ပြုထားသဖြင့် ပြည်ပရှိရုံးချုပ်သို့ ပြန်လည် လွှဲပို့ပါက အခွန်ပေးဆောင်ရန်မလိုအပ်ပါ။

Question

ဗီယက်နမ်လူမျိုးတစ်ဦးပါဝင်သော ကုမ္ပဏီတစ်ခုက ပြည်တွင်း၌ရုံးခွဲဖွင့်လှစ်၍ ဆောက်လုပ် ရေးလုပ်ငန်းလုပ်ကိုင်ခြင်းအပေါ် အခွန်စည်းကြပ်မှုခံယူပြီး၊ ရရှိသည့်အကျိုးအမြတ်အား ပြည်ပရှိရုံးချုပ်သို့ ပြန်လည်လွှဲပို့ပါက အခွန်ထပ်မံပေးဆောင်ရခြင်း ရှိ/မရှိ သိရှိလို၍မေးမြန်း ခြင်း။

ဂျပန်လူမျိုးတစ်ဦးက ပြည်တွင်းရှိကုမ္ပဏီတစ်ခုတွင် ရက်ပေါင်း ၁၈၃ ရက်ထက် ကျော်လွန် နေထိုင်ပြီး အလုပ်လုပ်ကိုင်ရာ ၄င်းရရှိသည့် လစာ၀င်ငွေတွက်ချက်ရာတွင် အိမ်ထောင်ဖက် အတွက် သက်သာခွင့်များ ခွင့်ပြုနိုင်ရန် မည်သည့်အထောက်အထားများလိုအပ်ကြောင်း သိရှိ လို၍ မေးမြန်းခြင်း

Answer

ပြည်တွင်းနေနိုင်ငံခြားသား၏ လစာ၀င်ငွေတွက်ချက်ရာတွင် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေပုဒ်မ ၁၉(က)အရ သတ်မှတ်ထားသောသက်သာခွင့်များ ခုနှိမ်ပြီးနောက် ကျန်ဝင်ငွေ အပေါ် Progressive Rateအရ ၀ % မှ ၂၅ % ထိ ပေးဆောင်ရမည်ဖြစ်ပါသည်။ သက်သာခွင့်များ ခံစားရန် ပြည်တွင်းနေနိုင်ငံခြားသား၏ အတူနေမိဘ၊ အိမ်ထောင်ဖက်နှင့် သားသမီးများ သက်သာခွင့်များခွင့်ပြုပေးရာတွင်  မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေ နိုင်ငံ ခြားသားနှင့်အတူ လာရောက်နေထိုင်မှုအတွက် အတူလာရောက်နေထိုင်သူများ၏ နိုင်ငံကူး လက်မှတ်မိတ္တူ၊ အင်္ဂလိပ်ဘာသာ ပြန်ဆိုထားသည့် အိမ်ထောင်စုစာရင်းမှတ်တမ်း၊ ဇနီး ( သို့ ) ခင်ပွန်းအတွက် တရားဝင်လက်ထပ်စာချုပ်မူရင်းနှင့် တိုက်ဆိုင်စိစစ်ထားသည့်မိတ္တူ၊ အသက် (၁၈)နှစ်အောက် သားသမီးအတွက် သက်ဆိုင်ရာ အစိုးရကအသိအမှတ်ပြု အင်္ဂလိပ်ဘာသာ ပြန်ဆိုထားသည့် မွေးစာရင်းမိတ္တူမှန်တို့ကို တင်ပြစေ၍ စိစစ်ခွင့်ပြုပေးမည်ဖြစ်ပါသည်။

Question

ဂျပန်လူမျိုးတစ်ဦးက ပြည်တွင်းရှိကုမ္ပဏီတစ်ခုတွင် ရက်ပေါင်း ၁၈၃ ရက်ထက် ကျော်လွန် နေထိုင်ပြီး အလုပ်လုပ်ကိုင်ရာ ၄င်းရရှိသည့် လစာ၀င်ငွေတွက်ချက်ရာတွင် အိမ်ထောင်ဖက် အတွက် သက်သာခွင့်များ ခွင့်ပြုနိုင်ရန် မည်သည့်အထောက်အထားများလိုအပ်ကြောင်း သိရှိ လို၍ မေးမြန်းခြင်း။

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ထိုင်းနိုင်ငံရှိ ကုမ္ပဏီတစ်ခုအား ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည့်အတွက် ငွေပေးချေမည်ဖြစ်ရာ WHT ပင်ရင်းမှနုတ်ယူ ပေးသွင်း ခွန်ကို မည်သည့်နှုန်းထားများဖြင့် ဖြတ်တောက်ပေးဆောင်ရမည် ဖြစ်ကြောင်းနှင့် မြန်မာ-ထိ

Answer

ပြည်တွင်းရှိကုမ္ပဏီကထိုင်းနိုင်ငံရှိကုမ္ပဏီတစ်ခုသို့ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည့်အတွက် ငွေပေးချေပါကဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ၄၁/ ၂၀၁၀အရ WHT ပင်ရင်းမှနုတ်ယူပေးသွင်းခွန် ၃.၅ % နုတ်ယူပေးသွင်းပြီးမှ ငွေပေးချေရန်ဖြစ်ပါသည်။ သို့သော် မြန်မာ-ထိုင်းနှစ်နိုင်ငံ အခွန်နှစ်ထပ်စည်းကြပ်မှုရှောင်ရှားရေး DTA စာချုပ်ချုပ်ဆို ထားရာ Withholding Tax အားမြန်မာနိုင်ငံ၌ ပေးဆောင်လိုခြင်းမရှိဘဲ Article 7 ပါ အကျိုးခံစားခွင့်ဖြစ်သော ထိုင်းနိုင်ငံ၌သာ ပေးဆောင်လိုခြင်းအတွက် ထိုင်းနိုင်ငံအခွန်ထမ်း ဖြစ်ကြောင်း Tax Resident Certificateအား တရား၀င်ထောက်ခံချက်၊ အခြားအထောက် အထားများနှင့်အတူ ပင်ရင်းမှဖြတ်တောက်သည့်ပုံစံ Withholding Tax Exemption Form 1 တွင် ပြည့်စုံစွာဖြည့်စွက်၍ သက်ဆိုင်ရာ အခွန်ရုံးဌာနမှူးမှတစ်ဆင့် ရုံးချုပ်ထံတင်ပြရန်ဖြစ် ပြီး၊ ခွင့်ပြုချက်ရရှိပါက မြန်မာနိုင်ငံ၌ ပေးသွင်းရန်မလိုအပ်ပါ။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ထိုင်းနိုင်ငံရှိ ကုမ္ပဏီတစ်ခုအား ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည့်အတွက် ငွေပေးချေမည်ဖြစ်ရာ WHT ပင်ရင်းမှနုတ်ယူ ပေးသွင်း ခွန်ကို မည်သည့်နှုန်းထားများဖြင့် ဖြတ်တောက်ပေးဆောင်ရမည် ဖြစ်ကြောင်းနှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ DTA စာချုပ်ချုပ်ဆိုထားသည့် နိုင်ငံဖြစ်သည့် အတွက် WHT ကို ထိုင်းနိုင်ငံ၌ ပေးဆောင်၍ ရရှိခြင်း ရှိ/မရှိ သိရှိလို၍မေးမြန်းခြင်း။

ပြည်တွင်းကုမ္ပဏီတစ်ခုက ပြည်တွင်း၌ ကုမ္ပဏီရုံးခွဲဖွင့်လှစ်ထားသည့် နိုင်ငံခြားကုမ္ပဏီ တစ်ခုသို့ လုံခြုံရေး၀န်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးမှုအတွက် ပေးချေရမည့်ငွေအပေါ် WHT မည်သည့် နှုန်းထားဖြင့် ပေးသွင်းရမည်ကို သိရှိလို၍မေးမြန်းခြင်း။

Answer

ပြည်တွင်းကုမ္ပဏီတစ်ခုက ပြည်တွင်း၌ ရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံခြားကုမ္ပဏီတစ်ခုသို့ လုံခြုံရေး ၀န်ဆောင်မှုလုပ်ငန်းဆောင်ရွက်ပေးမှုအတွက် ပြည်တွင်းကုမ္ပဏီသို့ ပေးချေရမည့်ငွေ အပေါ် ဘဏ္ဍာရေးနှင့်အခွန်၀န်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၄၁/၂၀၁၀ အရ ငွေပေးရန် တာ၀န်ရှိသည့် နိုင်ငံခြားကုမ္ပဏီက ပြည်တွင်းကုမ္ပဏီသို့ ငွေပေးချေမည်ဖြစ်၍ ပြည်တွင်း ကုမ္ပဏီသို့ပေးချေရမည့်ငွေမှ ပင်ရင်းမှနုတ်ယူပေးသွင်းခွန် WHT ၂ % ကိုနုတ်ယူ၍ ပြည်တွင်း ကုမ္ပဏီအမည်ဖြင့် ပေးသွင်းရမည် ဖြစ်ပါ သည်။

Question

ပြည်တွင်းကုမ္ပဏီတစ်ခုက ပြည်တွင်း၌ ကုမ္ပဏီရုံးခွဲဖွင့်လှစ်ထားသည့် နိုင်ငံခြားကုမ္ပဏီ တစ်ခုသို့ လုံခြုံရေး၀န်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးမှုအတွက် ပေးချေရမည့်ငွေအပေါ် WHT မည်သည့် နှုန်းထားဖြင့် ပေးသွင်းရမည်ကို သိရှိလို၍မေးမြန်းခြင်း။

ပြည်တွင်းကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့ကုမ္ပဏီ၌ လာရောက်တာ၀န် ထမ်းဆောင် သည့်ဂျပန်နိုင်ငံသားမှာ ရက်ပေါင်း ( ၆၀) နေထိုင်လုပ်ကိုင်ပြီး ဂျပန်နိုင်ငံသို့ ပြန်လည် ထွက်ခွာမည်ဖြစ်ရာ လစာ၀င်ငွေကို ပြည်တွင်းကုမ္ပဏီမှ ပေးအပ်မည်ဖြစ်သည့်အတွက် အဆိုပါ ဂျပန်နိုင်

Answer

          မြန်မာနိုင်ငံ၌ ရက်ပေါင်း(၆၀) တာဝန်ထမ်းဆောင်ပြီးဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် ပြည်ပနေနိုင်ငံခြားသား၏ လစာဝင်ငွေအပေါ် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၂၂(က) အရ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များမနုတ်မီ စုစုပေါင်းဝင်ငွေ အပေါ် ထိုဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (က) ပါ အခွန်နှုန်းအတိုင်း  ၀ % မှ ၂၅% အထိ ၀င်ငွေခွန် ပေးဆောင်ကြရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့ကုမ္ပဏီ၌ လာရောက်တာ၀န် ထမ်းဆောင် သည့်ဂျပန်နိုင်ငံသားမှာ ရက်ပေါင်း ( ၆၀) နေထိုင်လုပ်ကိုင်ပြီး ဂျပန်နိုင်ငံသို့ ပြန်လည် ထွက်ခွာမည်ဖြစ်ရာ လစာ၀င်ငွေကို ပြည်တွင်းကုမ္ပဏီမှ ပေးအပ်မည်ဖြစ်သည့်အတွက် အဆိုပါ ဂျပန်နိုင်ငံသားအား ပေးသောလစာဝင်ငွေအပေါ် အခွန်ပေးဆောင်ရခြင်း ရှိ/မရှိ သိရှိလို၍ မေး မြန်းခြင်း။