အခွန်မူဝါဒဆိုင်ရာကိစ္စရပ်များအားဆွေးနွေးခြင်း

နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room တွင် ၁၃-၈-၂၀၁၈ ရက်နေ့ နံနက် ၁၀:၃၀ နာရီ၌ Renaissance Institute အဖွဲ့မှ Professor Robert Conrad ၊ Matthew Hamilfon ၊ ဦးအာကာဟိန်းတို့နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်မြမြဦး၊ အခွန်မူဝါဒနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးတင်ထွေး၊ ဥပဒေရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်းဝင်းတို့နှင့် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရတနာတို့ တွေ့ဆုံ၍ အခွန်မူဝါဒဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြောင်း သိရှိရပါသည်။