ပြည်တွင်းအခွန်များဦးစီးဌာနမှ အီလက်ထရွန်နစ်စနစ်ဖြင့် အခွန်ငွေပေးဆောင်ခြင်းနည်းလမ်းများကို သီလဝါအထူးစီးပွားရေးဇုံရှိ ရင်းနှီးမြှုပ်နှံသူများအား ရှင်းလင်း ဆွေးနွေးခြင်း

ရန်ကုန်မြို့၊ သီလဝါအထူးစီးပွားရေးဇုံ၏ အစည်းအဝေးခန်းမတွင် ၁၄-၈-၂၀၁၈ ရက်နေ့ ညနေ ၃:၀၀ နာရီ၌ Thilawa SEZ Management Committee မှ ကြီးမှူးကျင်းပသော အစည်းအဝေးတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးမှ ဌာနမှူး ဦးတက်ထွဋ်အောင်မှ မိတ်ဆက်စကားပြောကြားခဲ့ပြီး  သတင်းအချက် အလက်နှင့် နည်းပညာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတင်မောင်သန့်၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဝင်း တို့မှ အီလက်ထရွန်နစ်စနစ် ဖြင့် အခွန်ပေးဆောင်ခြင်းနည်းလမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။

အဆိုပါ အစည်းအဝေးကို Thilawa SEZ Management Committee မှ ဖိတ်ကြားထားသော သီလဝါအထူးစီးပွားရေးဇုံရှိ ရင်းနှီးမြှုပ်နှံသူ (၁၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။