ကုန်သွယ် လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစားဖြစ်သည့် အမှတ်စဉ် (၈) ရှိ အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်းတွင် ပါဝင်ခြင်းရှိ/ မရှိ သိရှိလို၍ မေးမြန်းခြင်း

Answer

ပြည်ပအခြေစိုက် ကုမ္ပဏီပိုင်သင်္ဘောများသို့ တက်ရောက်အလုပ်လုပ်ကိုင်မည့် သင်္ဘောသားများအတွက် မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီမှ လိုအပ်သောစာရွက် စာတမ်းများ ပြင်ဆင်ပေးခြင်း၊ ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များပြင်ဆင်ပေးခြင်း၊ သင်္ဘောသားများ၏ လစာလွှဲပို့ငွေများအား သက်ဆိုင်ရာမိသားစုများသို့ ပြန်လည် လွှဲပို့ပေးခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းသည် ၂၀၁၆ ခုနှစ်ပြည် ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (ဃ) အမှတ်စဉ် (၈) ရှိ အလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းတွင်မပါဝင်သော အခြားဝန်ဆောင်မှုလုပ်ငန်းသက် သက်ဖြစ်၍ အဆိုပါဝန်ဆောင်မှုလုပ်ငန်းများအတွက် ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပြီး ပြည်ပသင်္ဘောလိုင်းအတွက် သင်္ဘောသားများအား ပြည်တွင်း၌ အလုပ်အကိုင်ရှာဖွေပေးသော ဝန်ဆောင်မှုလုပ်ငန်းသည် အဆိုပါဥပဒေပုဒ်မ အမှတ်စဉ် (၈) ရှိ အလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းတွင် ပါဝင်ပါသည်။

Question

ပြည်ပအခြေစိုက်ကုမ္ပဏီပိုင်သင်္ဘောများသို့ တက်ရောက်အလုပ်လုပ်ကိုင်မည့် သင်္ဘောသားများအတွက် မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီမှ လိုအပ်သောစာရွက်စာ တမ်းများ ပြင်ဆင်ပေးခြင်း၊ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များပြင်ဆင်ပေးခြင်း၊ သင်္ဘောသားများ၏ လစာလွှဲပို့ငွေများအား သက်ဆိုင်ရာမိသားစုများသို့ ပြန်လည် လွှဲပို့ပေးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအတွက် ပြည်ပသင်္ဘော ကုမ္ပဏီမှ ဝန်ဆောင်ခအဖြစ်ငွေလွှဲပို့ပြီး မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီမှ ဝင်ငွေ အဖြစ်လက်ခံရရှိသည့် ဝန်ဆောင်ခရငွေသည် အခွန်မကျသင့် သည့်ဝန်ဆောင်မှု အမျိုးအစားများတွင် ပါဝင်ခြင်း ရှိ/ မရှိ နှင့် ပြည်ပသင်္ဘောလိုင်းအတွက် လိုအပ် သည့်အရည်အချင်းနှင့် ကိုက်ညီသောသင်္ဘောသားများအား ပြည်တွင်း၌ ရှာဖွေပေး သောဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ပေးသဖြင့် ပြည်ပသင်္ဘောလိုင်း ပင်မ ကုမ္ပဏီမှ ကုန်ကျသည့်စရိတ်နှင့် ဝန်ဆောင်ခများ လက်ခံရရှိခြင်းသည် ကုန်သွယ် လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစားဖြစ်သည့် အမှတ်စဉ် (၈) ရှိ အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်းတွင် ပါဝင်ခြင်းရှိ/ မရှိ သိရှိလို၍ မေးမြန်းခြင်း။