ကူဝိတ်သံရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၃) ဦးက သံရုံးပိုင်ကားများအား မော်တော် ကားပြင်ဆင်သည့် ဝန်ဆောင်မှုလုပ်ကိုင်သည့်ကုမ္ပဏီသို့ အပ်နှံရာတွင် ပေးချေငွေ၌ သံရုံးမှ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။
Answer
မော်တော်ကားပြင်ဆင်သည့် ဝန်ဆောင်မှုလုပ်ငန်းမှာ ၂၀၁၆ ခုနှစ်ပြည်ထောင်စု၏ အခွန် အကောက် ဥပဒေပုဒ်မ၁၄(ဃ)အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှု(၂၉) မျိုးတွင် မပါဝင်သည့်အတွက် ပုဒ်မခွဲ (င) အရ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည် ဖြစ်ပါသည်။ သံတမန် ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်းစာချုပ် အပိုဒ် (၂၈)အရ သံအဖွဲ့က ၎င်း၏ ရုံးလုပ်ငန်းများဆိုင်ရာ တာဝန်ဝတ္တရားဆောင်ရွက်ပေးသည့် အတွက် ကောက်ခံသည့်အခကြေးငွေနှင့် စရိတ်စကများသည် အခွန်အကောက်အရပ်ရပ်မှ ကင်းလွတ်သည်ဟုဖော်ပြပါရှိရာ သံရုံးမှ ကောက်ခံသောရငွေအပေါ်တွင် အခွန်ကင်းလွတ် မည်ဖြစ်ပြီး ၀န်ဆောင်မှုရယူသည့် မော်တော်ကား ပြင်ဆင်ခြင်းအတွက်ပေးချေရာ၌ ကုမ္ပဏီမှ တစ်ပါတည်းပါ၀င်ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်ကို သံရုံးမှပေးဆောင်ရမည်ဖြစ်ပါ သည်။
Question