ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ဝင်ငွေနှစ်အတွင်း လုပ်ငန်းလက်ခံထားငွေ၏ ပေးချေငွေ တစ်ဝက်ကိုသာရရှိထားပြီး ၄င်းလုပ်ငန်းအား Sub Contractor တစ်ခုသို့ ထပ်မံအပ်နှံရာ ဆောက်လုပ်ရေးအတွက် ငွေစိုက်ထုတ်ပြီးလုပ်ငန်းအပြည့်အပေါ် ပေးချေငွေများပေးအပ်ခဲ့ပါ ကြောင်း၊ သို့ဖြစ်ရာ ဆော
Answer
ဆောက်လုပ်ရေးဝန်ဆောင်ခရငွေတစ်ဝက်အစား ဆောက်လုပ်ရေးကုမ္ပဏီမှ ပေးငွေအပြည့် ဖြည့်၍ Sub Contractor သို့ လုပ်ငန်းအပ်နှံပေးချေရာတွင် လက်ခံရရှိငွေ ပိုမိုပေးဆောင် ထားသည့် ကုန်သွယ်လုပ်ငန်းခွန်အတွက် အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းအား ဆက်လက် လုပ်ကိုင်ပါက သယ်ဆောင် ခုနှိမ်ခွင့်ရရှိမည်ဖြစ်ပါသည်။
Question
ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ဝင်ငွေနှစ်အတွင်း လုပ်ငန်းလက်ခံထားငွေ၏ ပေးချေငွေ တစ်ဝက်ကိုသာရရှိထားပြီး ၄င်းလုပ်ငန်းအား Sub Contractor တစ်ခုသို့ ထပ်မံအပ်နှံရာ ဆောက်လုပ်ရေးအတွက် ငွေစိုက်ထုတ်ပြီးလုပ်ငန်းအပြည့်အပေါ် ပေးချေငွေများပေးအပ်ခဲ့ပါ ကြောင်း၊ သို့ဖြစ်ရာ ဆောက်လုပ်ရေးကုမ္ပဏီအနေဖြင့် ရရှိငွေတစ်ဝက်၌ ကောက်ခံထားရှိ သည့် ကုန်သွယ်လုပ်ငန်းခွန်ထက် လုပ်ငန်းအပြည့်အတွက် ငွေဖြည့်ပေးချေပြီး ပိုမိုပေးချေငွေ ၌ ပါဝင်သွားသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ရှေ့နှစ်၌ ယင်းဆောက်လုပ်ရေးလုပ်ငန်းအား ဆက်လက်လုပ်ကိုင်ရာမှရရှိငွေတွင် ပေးသွင်းရမည့် ကုန်သွယ်လုပ်ငန်းခွန်၌ သယ်ဆောင် ခုနှိမ်၍ ပေးသွင်းခွင့်ရရှိခြင်း ရှိ/မရှိ မေးမြန်းခြင်း။