ပြည်တွင်းကုမ္ပဏီတစ်ခုသည် ထုတ်လုပ်မှုလုပ်ငန်းလုပ်ကိုင်ရန် စက်ရုံမြေနေရာအား နှစ် (၅၀) နှစ်ရှည် ငှားရမ်းခြင်းအတွက် ငှားရမ်းခတွင် ကုန်သွယ်လုပ်ငန်းခွန် ၅ % ထည့် သွင်းပေးဆောင်ထားပါကြောင်း၊ ၎င်း နှစ်ရှည်ငှားရမ်းထားသော မြေနေရာအား ကုမ္ပဏီ ၏ မတည်ပိုင်ပစ္စည်းစာရင်းတ

Answer

ပြည်တွင်းကုမ္ပဏီတစ်ခုမှ ထုတ်လုပ်မှုလုပ်ငန်း လုပ်ကိုင်ရန် ငှားရမ်းခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ၅ %  ပေးသွင်းထားသော်လည်း ၎င်း နှစ်ရှည်ငှားရမ်းခြင်းအတွက် မြေနေရာအား ကုမ္ပဏီ၏ မတည်ပိုင်ပစ္စည်းစာရင်းတွင် ထည့်သွင်းဖော်ပြ၍ မရနိုင်ပါ ကြောင်းနှင့် တန်ဘိုးလျော့ ခံစားခွင့်လည်း မရှိပါ။

Question

ပြည်တွင်းကုမ္ပဏီတစ်ခုသည် ထုတ်လုပ်မှုလုပ်ငန်းလုပ်ကိုင်ရန် စက်ရုံမြေနေရာအား နှစ် (၅၀) နှစ်ရှည် ငှားရမ်းခြင်းအတွက် ငှားရမ်းခတွင် ကုန်သွယ်လုပ်ငန်းခွန် ၅ % ထည့် သွင်းပေးဆောင်ထားပါကြောင်း၊ ၎င်း နှစ်ရှည်ငှားရမ်းထားသော မြေနေရာအား ကုမ္ပဏီ ၏ မတည်ပိုင်ပစ္စည်းစာရင်းတွင် ထည့်သွင်းဖော်ပြ၍ ရ/ မရနှင့် တန်ဘိုးလျော့ ခံစားခွင့် ရရှိခြင်း ရှိ/ မရှိ မေးမြန်းခြင်း။