ပြည်တွင်းရှိကုမ္ပဏီတစ်ခုက မီးအားမြှင့်စက်များကို ပြည်ပသို့တင်ပို့ ရောင်းချမည်ဖြစ်ရာ ကုန်သွယ်လုပ်ငန်းခွန်မည်သို့ပေးဆောင်ရမည်ကို သိလိုသဖြင့်မေးမြန်းခြင်း။
Answer
ပြည်တွင်းရှိကုမ္ပဏီတစ်ခုက မီးအားမြှင့်စက်များကို ပြည်ပသို့တင်ပို့ရောင်းချခြင်းလုပ်ငန်းသည် ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၇ ပုဒ်မခွဲ (ခ) အရ ပြည်ပသို့တင်ပို့ရောင်းချခြင်းအတွက် ရောင်းရငွေအပေါ်တွင် သုညရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။ ပြည်ပသို့တင်ပို့ရောင်းချခြင်းအတွက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်မှ ကုန်စည်ကိုဝယ်ယူစဉ် (သို့မဟုတ်) ထုတ်လုပ်စဉ်ကပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်ကို စည်းမျဉ်းများနှင့်အညီ ခုနှိမ်နိုင်ပါသည်။ ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများတွင် မည်သို့ပင်ဆိုစေကာမူ ပြည်ပပို့ကုန်များနှင့်စပ်လျဉ်း၍ ပြည်ပသို့တင်ပို့ရောင်းချခြင်းအတွက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်သည် ကုန်စည်ကိုဝယ်ယူစဉ် (သို့မဟုတ်) ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်အောက် လျော့နည်းနေပါက ပြန်အမ်းငွေတောင်းခံနိုင်ပါသည်။
Question
ပြည်တွင်းရှိကုမ္ပဏီတစ်ခုက မီးအားမြှင့်စက်များကို ပြည်ပသို့တင်ပို့ရောင်းချမည်ဖြစ်ရာ ကုန်သွယ်လုပ်ငန်းခွန်မည်သို့ပေးဆောင်ရမည်ကို သိလိုသဖြင့် မေးမြန်းခြင်း။