ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုသည် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုသို့ တယ်လီဖုန်းတာဝါတိုင် စိုက်ထူပေးသည့် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရာ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိ သိရှိလို၍မေးမြန်းခြင်းဖြစ်ပါသည်။

Answer

ပြည်တွင်းရှိကုမ္ပဏီတစ်ခုသည် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုသို့ တယ်လီဖုန်းတာဝါတိုင်စိုက်ထူ ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခြင်းသည် ၂၀၁၈ ခုနှစ်ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ ပုဒ်မ ၁၄(ဃ) ပါ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစား (၃၀) မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မ ၁၄(င) အရ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ် ပါသည်။ တယ်လီဖုန်းတာဝါတိုင်စိုက်ထူခြင်း ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီသည် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၅(ခ) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်မီ ဝန်ဆောင်မှု ရငွေနှင့်အတူ ဝန်ဆောင်မှုရယူသူ ဆက်သွယ်ရေးကုမ္ပဏီထံမှ ကုန်သွယ်လုပ်ငန်းခွန် ၅% ကို တစ်ပါတည်းကောက်ခံ၍ ပေးဆောင်ရမည်ဖြစ်ပါသည်။ ဝန်ဆောင်မှုဆောင်ရွက်သူ ကုမ္ပဏီ သည် လစဉ်ကျသင့်သော ကုန်သွယ်လုပ်ငန်းခွန်ကို ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၁၂ (က) အရ သက်ဆိုင်ရာလကုန်ဆုံးပြီး တစ်ဆယ်ရက်အတွင်း ဆိုင်ရာအခွန်ဦးစီးရုံးတွင် ပေးသွင်းရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုသည် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုသို့ တယ်လီဖုန်းတာဝါတိုင် စိုက်ထူပေးသည့် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရာ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိ သိရှိလို၍မေးမြန်းခြင်းဖြစ်ပါသည်။