ပြည်တွင်းရှိ Media (လူထုဆက်သွယ်ရေး) လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီက ၄င်းရရှိသည့် ဝန်ဆောင်မှုရရှိငွေအပေါ် ကျသင့် ကုန်သွယ်လုပ်ငန်းခွန်မှ Media လုပ်ငန်းလုပ်ကိုင်ရန် အတွက် ပြည်တွင်း၌ ကုန်ကြမ်းပစ္စည်းများ ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူ ခြင်းများအတွက် ပေးခဲ့ရသည့် က
Answer
ဝန်ဆောင်မှုဆောင်ရွက်သည့် Media ( လူထုဆက်သွယ်ရေး ) လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအနေဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၁၈/၂၀၁၆ အရ ပြည်တွင်း၌ ဝယ်ယူသော ကုန်စည်များအတွက် ကုန်စည်တန်ဖိုးနှင့်အတူ ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝန်ဆောင်မှုလုပ်ငန်း ရယူခဲ့ရာ၌ ဝန်ဆောင်မှု ရငွေနှင့်အတူ ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန်တို့ကို Media လုပ်ငန်းဆောင်ရွက် သည့် ဝန်ဆောင်မှုအပေါ် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်၌ ခုနှိမ်ပေးသွင်းနိုင်ပါသည်။ ခုနှိမ်ခွင့်ရရှိရန် ဝန်ဆောင်မှုဆောင်ရွက်သူအား မှတ်ပုံတင်ခွင့်ပြုကြောင်း ထုတ်ပေးသည့် လက်မှတ်ပုံစံ ပတခ (ကသခ)-၂ နှင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂ အရ ခုနှိမ်ခွင့်ရရန် ပြည်တွင်း၌ဝန်ဆောင်မှုဆောင်ရွက်ခြင်း သက်သေခံလက်မှတ် ပုံစံ ပတခ (ကသခ)- ၃၁ နှင့် ဝန်ဆောင်မှုဆောင်ရွက်စဉ် ဝန်ဆောင်မှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခဲ့မှုနှင့် ခုနှိမ်မှုစာရင်း ပုံစံ ပတခ ( ကသခ )-၃၃ တို့ကို သုံးစောင်ပြုစုရေးသား၍ မူရင်းကို ဝယ်သူသို့ ပေးအပ်ရန်ဖြစ်ပြီး၊ မူရင်းခွဲကို ဝယ်သူနှင့်သက်ဆိုင်သည့် မြို့နယ်အခွန်ဦးစီး ဌာနမှူးထံသို့ ပေးပို့ရန်ဖြစ်ပြီး လက်ခံအား ကုမ္ပဏီက သိမ်းဆည်းထားရန်ဖြစ်ပါသည်။
Question
ပြည်တွင်းရှိ Media (လူထုဆက်သွယ်ရေး) လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီက ၄င်းရရှိသည့် ဝန်ဆောင်မှုရရှိငွေအပေါ် ကျသင့် ကုန်သွယ်လုပ်ငန်းခွန်မှ Media လုပ်ငန်းလုပ်ကိုင်ရန် အတွက် ပြည်တွင်း၌ ကုန်ကြမ်းပစ္စည်းများ ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူ ခြင်းများအတွက် ပေးခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ခုနှိမ်ပေး သွင်း၍ ရ/မရ မေးမြန်းခြင်း။