အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)
Answer
အကျိုးအမြတ်မယူသောအဖွဲ့အစည်းများအနေဖြင့် အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) ရရှိပြီး (၁) လအတွင်း အဖွဲ့အစည်း၏ Letter Head ဖြင့် အခွန်ထမ်းဝန်ဆောင်မှုဗဟို အဖွဲ့ရုံး၊ အဖွဲ့ခေါင်းဆောင်ထံလိပ်မူ၍ အကျိုးအမြတ်မယူသောအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလက်မှတ်လျှောက်ထားရာတွင် “အကျိုးအမြတ်မယူသောအဖွဲ့အစည်း အဖြစ် အသိအမှတ်ပြုလက်မှတ်လျှောက်ထားခြင်း” ဟု အကြောင်းအရာဖော်ပြပြီး ထိုက်သင့် ရုံးခွန်တံဆိပ်ခေါင်း ၂၀၀ ကျပ် ကပ်နှိပ်၍ လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာနှင့်အတူ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ စာအမှတ် (၇၉/၂၀၂၀) အရ အောက်ပါအထောက်အထားများကိုပြည့်စုံစွာ ပူးတွဲ လျှောက်ထားရမည် ဖြစ်ပါသည်-
(က) အခွန်ထမ်းမှတ်ပုံတင်အမှတ် TIN ကို အသုံးပြု၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လိုင်စင်ထုတ်ပေးသည့် ဘဏ်တစ်ခုခုတွင် ဖွင့်လှစ်ထားသည့် ဘဏ်စာရင်းအမှတ်၊
(ခ) တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့်အညီ သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရ အဖွဲ့အစည်း (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စသည်) နှင့်အခြားအဖွဲ့အစည်းများက အသိအမှတ်ပြုထုတ်ပေးထား သည့် မှတ်ပုံတင်လက်မှတ်၊
(ဂ) အဖွဲ့အစည်း၏ ဖွဲ့စည်းပုံအခြေအနေ ဖော်ပြချက်၊ သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့ စည်းမျဉ်း မိတ္တူနှင့် ပြင်ဆင်/ဖြည့်စွက်ခြင်းများရှိပါက ယင်းတို့၏မိတ္တူ၊
(ဃ) လျှောက်ထားသည့်နှစ်မတိုင်မီ ဘဏ္ဍာရေးနှစ်၏ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း၊
(င) အကျိုးအမြတ်မယူသောအဖွဲ့အစည်းအဖြစ် မိမိတို့ဆောင်ရွက်ခဲ့သည့် အချက် အလက်မှတ်တမ်းများနှင့်အတူ လျှောက်ထားရမည်ဖြစ်ပါသည်။
Question
အကျိုးအမြတ်မယူသောအဖွဲ့အစည်းများမှ အခွန်ထမ်းမှတ်ပုံတင် TIN ရရှိပြီးသော အကျိုးအမြတ်မယူသောအဖွဲ့အစည်းများအနေဖြင့် အသိအမှတ်ပြုလက်မှတ်လျှောက်ထားရာတွင် လိုအပ်သောအချက်အလက်များအားမေးမြန်းခြင်း