အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

ကုမ္ပဏီမှ အစိုးရအဖွဲ့အစည်းနှင့် ဆောင်ရွက်သည့်လုပ်ငန်းအပေါ် တင်ဒါအောင်မြင်သူ များ အနေဖြင့် နှစ်စဉ်ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (က) ပါ ကုန်စည်များ၊ ပုဒ်မခွဲ (ဃ) ပါဝန်ဆောင်မှုများအတွက် တင်ဒါရရှိခြင်းဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန် မလိုအပ်ပါ။ အဆိုပါ ကုန်စည်နှင့် ဝန်ဆောင်မှုများမှအပ ကျန်ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် တင်ဒါရရှိခြင်း ဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန် ၅% ပေး ဆောင်ရမည်ဖြစ်ပါသည်။ စာချုပ်တန်ဖိုးအရ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို တင်ဒါ အောင်မြင်သူအမည်ဖြင့် သက်ဆိုင်ရာအခွန်စည်းကြပ်မှုခံယူသည့်ရုံးတွင် ပေးသွင်း ရမည် ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ အစိုးရဌာနအဖွဲ့အစည်းနှင့် ဆောင်ရွက်သည့်လုပ်ငန်းအပေါ် တင်ဒါအောင်မြင်သူ အနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်မည်မျှ ပေးဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း