အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

ကုမ္ပဏီပိုင်မြေအား ရောင်းချပါက ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန်မလိုပါ။ ဝင်ငွေခွန် ဖြစ်သော အခြေပစ္စည်းမှ မြတ်စွန်းငွေခေါင်းစဉ်ဖြင့် မြတ်စွန်းငွေရရှိလျှင် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၇ အရ မြတ်စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေအပေါ်တွင် ဝင်ငွေခွန်ဥပ‌ဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု ၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ) အရ ပုဂိ္ဂုလ်စုများ သို့မဟုတ် တစ်ဦးချင်းပုဂိ္ဂုလ်ဖြစ်ပါက မြတ်စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေအပေါ် ၁၀% ဖြင့် ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ပါသည်။ ဝင်ငွေခွန်နည်းဥပဒေ ၅(က) အရ အခြေပစ္စည်းကို ရောင်းချ၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုလုပ်သည့် နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဝင်ငွေကြေညာလွှာကို သက်ဆိုင်ရာအခွန်ရုံးသို့ ပေးပို့ရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီပိုင်မြေအား ရောင်းချခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန် လို/မလို သိရှိလို၍ မေးမြန်းခြင်း