အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)
Answer
ကုမ္ပဏီမှ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပါက ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ဃ) ၏ စဉ် (၂၁) တွင် “ဘဏ်နှင့် ဗဟိုဘဏ်မှခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသော ငွေရေးကြေးရေးဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်း” ဟု ဖော်ပြထားပါသဖြင့် ယင်းလုပ်ငန်းနှင့် အကျုံးဝင်ပါက ကုန်သွယ် လုပ်ငန်းခွန်မကျသင့်ပါ။ အခြားလုပ်ငန်းများဖြစ်ပါက ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (င) အရ အခြားဝန်ဆောင်မှုလုပ်ငန်းများမှ ရငွေအပေါ်တွင် ငါးရာခိုင်နှုန်းဖြင့် ကုန်သွယ် လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။
Question
ကုမ္ပဏီမှ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပါက ကုန်သွယ်လုပ်ငန်းခွန် ကျသင့်/မကျသင့် သိရှိလို၍မေးမြန်းခြင်း
FAQ Category