အွန်လိုင်းမှ ထိုးကြမည် အောင်ဘာလေသိန်းဆုထီ

Answer

ဖြေ။    ထီကံစမ်းလိုသူ ပြည်သူတွေအနေနဲ့ အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်ကနေ ထီလက်မှတ်တစ်စောင်ကို ငွေကျပ် ၁၀၀၀ နဲ့  ဇွန်လ ၈ ရက်ကစတင်ပြီး ဝယ်ယူကံစမ်းနိုင်ပြီ ဖြစ်ပါ တယ်။ Application ကို အသုံးပြုပြီး ထီထိုးဖို့အတွက် Application ကို Download ရယူခြင်း၊ Application ကိုဝင်ရောက်ပြီး Account ဖွင့်လှစ်ခြင်းတို့ကို ကနဦး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ Aung Bar Lay Application ကို  (aungbarlay.ird.gov.mm) ကနေ အလွယ်တကူ Download ရယူနိုင် သလို QR Code ကိုဖတ်ပြီး Download ရယူနိုင်မှာဖြစ်ပါတယ်။

          Application ကို Download ရယူပြီးရင် Application ကိုဝင်ရောက်ပြီး Account ဖွင့်လှစ်ရမှာ ဖြစ်ပါတယ်။ အကောင့်ဖွင့်ချိန်မှာ မိမိ၏ဖုန်းနံပါတ်ကိုသာ ဖော်ပြဖို့ လိုအပ်ပြီး  ထီပေါက်တဲ့အချိန်မှသာ ထီဆုငွေထုတ်ယူဖို့ မိမိရဲ့နိုင်ငံသားစိစစ်ရေးကဒ်အမှတ် ဖော်ပြပေးဖို့ လိုအပ်ပါတယ်။ အကောင့် ဖွင့်လှစ်ပြီးရင်တော့ စနစ်ထဲဝင်ရောက်ပြီး အွန်လိုင်းထီကို ကံစမ်းလို့ရပါပြီ။

          အွန်လိုင်းထီကံစမ်းရာမှာ ပထမအဆင့်အနေနဲ့ ထီလက်မှတ်ဝယ်ယူရန်ကဏ္ဍကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ အက္ခရာနှင့်နံပါတ်တို့ကို ရွေးချယ်အတည်ပြုရမှာဖြစ်ပါတယ်။ ထီလက်မှတ်ရွေးချယ်ရာမှာ မိမိကြိုက်နှစ်သက်ရာ အက္ခရာနဲ့ နံပါတ်တို့ကို ရွေးချယ်ကံစမ်းခြင်း၊ စနစ်မှ အလိုအလျောက်ရွေးချယ်ပေးတဲ့ ၃စောင်တွဲ၊ ၅စောင်တွဲ၊ ၁၀စောင်တွဲတို့ကို ဝယ်ယူကံစမ်းခြင်း တို့ကို တစ်ကြိမ်လျှင် အနည်းဆုံးတစ်စောင်မှ အများဆုံး (၁၀)စောင်အထိ အကြိမ်အရေအတွက် ကန့်သတ်ချက်မရှိ ထီလက်မှတ်တွေကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

          ဇွန်လမှာရောင်းချတဲ့ အွန်လိုင်းထီလက်မှတ်အတွက် ဆ မှ ဌ အထိ အက္ခရာ (၆) လုံး သတ်မှတ် ပေးထားတာဖြစ်တဲ့အတွက် အွန်လိုင်းထီကံစမ်းသူတွေအနေနဲ့ ဆ မှ ဌ အထိ အက္ခရာ (၆)လုံး ထဲကသာ ရွေးချယ်ခွင့်ရှိမှာဖြစ်ပါတယ်။ မိမိကံစမ်းလိုတဲ့ အက္ခရာနဲ့ နံပါတ်တို့ကို ရွေးချယ်အတည်ပြု ပြီးရင် တတိယအဆင့်အနေနဲ့ မိမိနှစ်သက်ရာ ငွေပေးချေမှုစနစ်တစ်ခုကို ရွေးချယ်ပြီး ငွေပေးချေရမှာ ဖြစ်ပါတယ်။ ငွေပေးချေမှု အောင်မြင်ပြီးရင် ဝယ်ယူမှု အောင်မြင်ကြောင်း SMS လက်ခံရရှိမှာဖြစ်ပြီး အွန်လိုင်းထီဝယ်ယူတဲ့ လုပ်ငန်းစဉ် ပြီးမြောက်ပြီဖြစ်ပါတယ်။

Question

မေး။ အောင်ဘာလေထီကို အွန်လိုင်းက ကံစမ်းနိုင်ဖို့ ဆောင်ရွက်ရပုံအဆင့်ဆင့်ကို ပြောကြားပေး စေလိုပါတယ်။

FAQ Category