EXE Design Myanmar Co: Ltd သည် Sakura Residence အမည်ဖြင့်လူနေ အိမ်ခန်းငှားရမ်းခြင်းကို လုပ်ဆောင်လျက်ရှိရာ သံရုံးဝန်ထမ်းများစွာလည်း ပါရှိ သည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပေးပို့ထားသောစာအရ သံရုံးဝန်ထမ်း များမှာ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ခြင်း

Answer

နှစ်နိုင်ငံအပြန်အလှန်အခွင့်အရေးမူအရ အခွန်ကင်းလွတ်ခွင့်သည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ (၁၄) (ဃ) အမှတ်စဉ် ၂၆ တွင် "နှစ်နိုင်ငံအကြားအပြန်အလှန်အခွင့်အရေးမူနှင့် အကျုံးဝင်သည့် နိုင်ငံခြားသံရုံး များ သို့မဟုတ် သံရုံးငယ်များ၊ ယင်းတို့၏အဖွဲ့ဝင်များနှင့် သံတမန်မဟုတ်သော သံရုံးဝန်ထမ်းများက ရယူသည့် ဝန်ဆောင်မှုလုပ်ငန်း" ဟု ပါရှိသည့်အတွက် ၁-၄-၂၀၁၆ မှစတင်၍ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်များအတွင်းဖြစ်ပါက ပြည်ထောင်စုအစိုးရမှ ကင်းလွတ်ခွင့် ပေးနိုင် သည့်ကိစ္စသာ ဖြစ်ပါသည်။

Question

EXE Design Myanmar Co: Ltd သည် Sakura Residence အမည်ဖြင့်လူနေ အိမ်ခန်းငှားရမ်းခြင်းကို လုပ်ဆောင်လျက်ရှိရာ သံရုံးဝန်ထမ်းများစွာလည်း ပါရှိ သည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပေးပို့ထားသောစာအရ သံရုံးဝန်ထမ်း များမှာ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများဖြစ်သော ကြောင့် ၎င်းတို့၏ငှားရမ်းခတွင် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံထားခြင်းမရှိ ပါကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှပေးပို့သည့်စာတွင် Diplomatic Missions ဟူသောစကားရပ်တွင် သံတမန်နှင့် ကောင်ဆယ်လာကိုသာခွင့်ပြုခြင်း (သို့မဟုတ်) သံရုံးဝန်ထမ်းများပါ အကျုံးဝင်ခြင်းရှိ/ မရှိ မေးမြန်းခြင်း။