Internet လိုင်းချိတ်ဆက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းလုပ်သည့် ကုမ္ပဏီမှ အရောင်းပြေစာ အပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန် လို/မလို သိရှိလိုခြင်း။

Answer

ကုန်ရောင်းပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထမ်းဆောင်စေသည့်လုပ်ငန်းများမှာ စားသောက်ဆိုင်/ဟိုတယ်/တည်းခိုခန်းလုပ်ငန်း၊ ရုပ်သံလွှင့်မီဒီယာလုပ်ငန်းများနှင့် ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းလုပ်ငန်းတို့ဖြစ်ပါသည်။ အင်တာနက်လိုင်းချိတ်ဆက်ခြင်းလုပ်ငန်းမှာ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထမ်းဆောင်စေသည့် လုပ်ငန်းတွင်မပါဝင်သဖြင့် ကုန်သွယ်လုပ်ငန်းခွန် ၅% ထည့်သွင်းကောက်ခံရမည်ဖြစ်သော်လည်း ပြေစာပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ထမ်းဆောင်ပြီးကြောင်း ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရန် သတ်မှတ်ထားသော လုပ်ငန်းအမျိုးအစားမဟုတ်ပါသဖြင့် ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် မလိုအပ်ပါ။

Question

Internet လိုင်းချိတ်ဆက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းလုပ်သည့် ကုမ္ပဏီမှ အရောင်းပြေစာ အပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် လို/မလို သိရှိလိုခြင်း။