Myanmar Brodband Telecom Co.,Ltd သည် ဆက်သွယ်ရေးဝန်ကြီးဌာနမှ IGW (International Gateway License) ကို ရရှိထားပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံမှ Internet Bandwith များအား Package အလိုက် ဝယ်ယူပြီး ထိုင်း-မြန်မာနယ်စပ်မြဝတီမြိ

Answer

ကုန်သွယ်လုပ်ငန်းခွန်သည် မြန်မာနိုင်ငံအတွင်း၌သာ အကျိုးသက်ရောက်သဖြင့် ထိုင်း နိုင်ငံမှ Internet Bandwith များအား Package အလိုက် ဝယ်ယူခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်းမရှိကြောင်းနှင့် ပြည်ပမှ Internet Bandwith များအား Package အလိုက် ဝယ်ယူခြင်းသည် နိုင်ငံတော်အတွင်း ဝယ်ယူခြင်း မဟုတ် သဖြင့် Taxation Right မရှိ၍ ပင်ရင်းမှ နုတ်ယူပေးသွင်းခွန် နုတ်ယူပေးသွင်းရခြင်း မရှိပါ။

Question

Myanmar Brodband Telecom Co.,Ltd သည် ဆက်သွယ်ရေးဝန်ကြီးဌာနမှ IGW (International Gateway License) ကို ရရှိထားပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံမှ Internet Bandwith များအား Package အလိုက် ဝယ်ယူပြီး ထိုင်း-မြန်မာနယ်စပ်မြဝတီမြို့တွင် အသင့်သွယ်တန်းထားသည့် Internet Fiber Cable များဖြင့် ချိတ်ဆက်၍ ပြည်တွင်း၌ Internet အသုံးပြုမည့် Customer များသို့ Package ဖြင့် ပြန်လည်ဖြန့်ချိရောင်းချမည်ဖြစ်ပါကြောင်း၊ ၎င်းတို့ အနေဖြင့် ထိုင်းနိုင်ငံမှ ဝန်ဆောင်မှု မပါဝင်သည့် Internet Bandwith များအား Package အလိုက် ဝယ်ယူခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိ နှင့် ပေးချေငွေအပေါ် ပင်ရင်းမှနုတ်ယူပေးသွင်းခွန် နုတ်ယူပေးသွင်းရခြင်း ရှိ/ မရှိ မေးမြန်း ခြင်း။