Telecom ကုမ္ပဏီတစ်ခုအတွက် Fiber အခင်းများခင်းခြင်း ဝန်ဆောင်မှုဆောင်ရွက်သည့် ကုမ္ပဏီက ကုန်သွယ်လုပ်ငန်းခွန် ထည့်သွင်းတောင်းခံရခြင်း ရှိ/မရှိ နှင့် Telecom ကုမ္ပဏီသို့ မည်သည့်အထောက်အထားများ ပေးရကြောင်း သိလိုသဖြင့်မေးမြန်းခြင်း။
Answer
Fiber အခင်းများခင်းခြင်း ဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက် ဥပဒေပုဒ်မ ၁၄ ( ဃ ) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှု (၂၉) မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မခွဲ (င) အရ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်၍ Telecom ကုမ္ပဏီထံမှ ငွေတောင်းခံရာတွင် ကုမ္ပဏီသည် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၅ (ခ) အရ ကုန်သွယ်လုပ်ငန်းခွန် ၅ % အပါအဝင် ထည့်သွင်းတောင်းခံရမည်ဖြစ်ပါသည်။ Telecom ကုမ္ပဏီသို့ ဝန်ဆောင်မှုဆောင်ရွက်သူအား မှတ်ပုံတင်ခွင့်ပြုကြောင်း ထုတ်ပေး သည့် လက်မှတ်ပုံစံ ပတခ(ကသခ)-၂နှင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂ အရ ခုနှိမ်ခွင့်ရရန် ပြည်တွင်း၌ဝန်ဆောင်မှုဆောင်ရွက်ခြင်း သက်သေခံလက်မှတ် ပုံစံ ပတခ (ကသခ) - ၃၁ နှင့် ဝန်ဆောင်မှုဆောင်ရွက်စဉ် ဝန်ဆောင်မှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခဲ့မှုနှင့် ခုနှိမ်မှု စာရင်းပုံစံ ပတခ ( ကသခ ) - ၃၃ တို့ကို သုံးစောင်ပြုစုရေးသား၍ မူရင်းကို Telecom ကုမ္ပဏီ၊ မူရင်းခွဲကို အဆိုပါ ကုမ္ပဏီနှင့် သက်ဆိုင်သည့် မြို့နယ်အခွန်ဦးစီးဌာနမှူးထံသို့ ပေးပို့ ရန်ဖြစ်ပြီး လက်ခံအား ကုမ္ပဏီက သိမ်းဆည်းထားရန်ဖြစ်ပါ သည်။
Question