ကုန်သွယ်လုပ်ငန်းခွန်

Answer

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ (ခ)အရ မြေငှားရမ်းပေးသည့် ဌာနအနေဖြင့် မြေငှားရမ်းသူထံမှ ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါတည်း ကောက်ခံပြီး ပေးသွင်းရပါ မည်။ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ကုန်သွယ်လုပ်ငန်းခွန် အခွန်နှုန်းထားများကို ၂၀၁၄ ခုနှစ်မှစ၍ နှစ်စဉ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် ပြဌာန်းသတ်မှတ် ပေးလျက်ရှိပြီး အခွန်နှုန်းထားမှာ ၅% ဖြစ်ပါ သည်။ ဌာနပိုင် မြေ/ အဆောက်အဦ ငှားရမ်းခများအပေါ် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါတည်းကောက်ခံပြီး သက် ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ ပေးသွင်းရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၏ ၁၅-၅-၂၀၁၅ ရက်နေ့ ရက်စွဲပါ စာအမှတ် ၁၂၆၃/ ၃၃၅ လုပ်ငန်းခွန် ၁-၁၈/ အဖရ (၂၀၁၅) ဖြင့် အစိုးရဌာနများအသီးသီးသို့ အကြောင်းကြားထားပါသည်။

Question

၅။ ဌာနပိုင် မြေငှားရမ်းခအပေါ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည့် ရာခိုင်နှုန်းနှင့် မည်သည့်ကာလမှ စတင်ကောက်ခံပေးသွင်းရမည်ဖြစ်ကြောင်းသိရှိလိုခြင်း၊ ထိုသို့ပေးဆောင် ရမည်ဖြစ်ကြောင်း ဌာနဆိုင်ရာများသို့ အကြောင်းကြားထားမှု ရှိ/မရှိ သိရှိလိုခြင်း။

Delta Electronics (Myanmar) Co., Ltd သည် Choke, Filter, SMD Inductor, Transformer စသည့်ပစ္စည်းများထုတ်လုပ်ရာတွင် မူရင်းထိုင်းနိုင်ငံရှိ Delta Electronics (Thailand) PCL တွင် တာဝန်ထမ်းဆောင်နေသော ကျွမ်းကျင်ဝန်ထမ်းမှ မြန်မာလုပ်သား များအား နည်းပညာပိုင်းဆိ

Answer

ဝင်ငွေခွန် ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဋ) အရ “ပြည်တွင်းနေနိုင်ငံခြားသားနှင့် စပ်လျဉ်း၍ ပုဒ်မခွဲငယ်(၁)တွင်တစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်ပါက ဝင်ငွေနှစ်အတွင်း မြန်မာနိုင်ငံ၌ရက်ပေါင်း (၁၈၃) ရက်ထက်မနည်း နေထိုင်သောနိုင်ငံခြားသား”ဟု ပြဋ္ဌာန်းပါရှိပါသည်။ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ တို့အကြား အခွန်နှစ်ထပ်ကျသင့်မှုရှောင်ရှားရေးသဘောတူစာချုပ်ပါ အပိုဒ် ၁၄ အရ Delta Electronics (Thailand) PCL မှ ဝန်ထမ်းများ၏ အခကြေးငွေသည် အမေရိကန် ဒေါ်လာ (၇၀၀၀)ထက်ကျော်လွန်ရရှိခဲ့ခြင်း၊ ယင်းအခကြေးငွေအား မြန်မာနိုင်ငံရှိ အမြဲတမ်းလုပ်ငန်း တည်ရှိရာဌာနက ကျခံပေးခြင်း၊ မြန်မာနိုင်ငံအတွင်း ရက်ပေါင်း(၁၈၃) ရက်ထက် ကျော်လွန်နေထိုင်ခြင်းတို့ဖြစ်ပါက မြန်မာနိုင်ငံအတွင်း ဝင်ငွေခွန်ထမ်းဆောင်ရန် လိုအပ်မည်ဖြစ်ပါသည်။

Question

Delta Electronics (Myanmar) Co., Ltd သည် Choke, Filter, SMD Inductor, Transformer စသည့်ပစ္စည်းများထုတ်လုပ်ရာတွင် မူရင်းထိုင်းနိုင်ငံရှိ Delta Electronics (Thailand) PCL တွင် တာဝန်ထမ်းဆောင်နေသော ကျွမ်းကျင်ဝန်ထမ်းမှ မြန်မာလုပ်သား များအား နည်းပညာပိုင်းဆိုင်ရာ လာရောက်သင်ကြားပေးလျက်ရှိရာအဆိုပါဝန်ထမ်းများ၏  လစာနှင့်အထွေထွေအသုံးစရိတ်များကို Delta Electronics (Thailand) PCL ကျခံ သုံးစွဲပြီး Delta Electronics (Myanmar) Co.,Ltd အနေဖြင့် မည်သည့်အသုံးစရိတ်ကို မျှကျခံသုံးစွဲပေးခြင်းမရှိဘဲ အဆိုပါဝန်ထမ်းများသည် လက်ရှိဝင်ငွေရရှိလျက်ရှိသော ထိုင်း နိုင်ငံတွင် ဝင်ငွေခွန်ပေးဆောင်လျက်ရှိသဖြင့် မြန်မာနိုင်ငံတွင် ရက်ပေါင်း (၁၈၃) နှင့် အထက် နေထိုင်ပါက ဝင်ငွေခွန်ပေးဆောင်ရခြင်း ရှိ/ မရှိ မေးမြန်းခြင်း။

ကျောက်မျက်ရတနာဆိုင် လိုင်စင်ရယူထားသဖြင့် သက်တမ်းတိုးနိုင်ရန်အလို့ငှာ သက်ဆိုင်ရာ အခွန်မှူးများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် မလွှဲမသွေ အရောင်းပြသရမည်ဆိုသည်မှာ မှန်ပါသလား။

Answer

ကျောက်မျက်ရတနာဆိုင် လိုင်စင်သက်တမ်းတိုးရန် သက်ဆိုင်ရာအခွန်မှူးများနှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် အမှန်အတိုင်း အရောင်းစာရင်းတင်ပြရမည်ဖြစ်သည်။

Question

ကျောက်မျက်ရတနာဆိုင် လိုင်စင်ရယူထားသဖြင့် သက်တမ်းတိုးနိုင်ရန်အလို့ငှာ သက်ဆိုင်ရာ အခွန်မှူးများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် မလွှဲမသွေ အရောင်းပြသရမည်ဆိုသည်မှာ မှန်ပါသလား။

ကျောက်မျက်ရတနာ ကိုင်ဆောင်ခွင့်လိုင်စင်သီးသန့်မရှိသဖြင့် ကျောက်မျက်ရတနာ ကိုင်ဆောင်လိုသူများသည် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေအရ ဥပဒေနှင့်အညီဖြစ်စေရန် အရောင်းဆိုင်လိုင်စင်ရယူထားသော်လည်း လိုင်စင်ရယူရုံသက်သက်သာ ရယူထားသည့် သူများအပေါ် မည်သို့အခွန်စည်းကြပ်ပါသနည

Answer

မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ အရောင်းဆိုင်လိုင်စင်ရယူထားသူသည် အထူး ကုန်စည်ခွန်ဥပဒေအရသော်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရသော်လည်းကောင်း၊ ဝင်ငွေခွန်ဥပဒေအရသော်လည်းကောင်း အခွန်ထမ်းမှတ်ပုံတင်ခြင်း၊ ကြိုတင်ဝင်ငွေခွန် ပေးဆောင်ခြင်းနှင့် အခွန်စည်းကြပ်မှုခံယူခြင်းတို့ကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်။ အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၂၂ ၊ ပုဒ်မခွဲ (ဂ) အရ အခွန်မပေးဆောင်ရ သေးသော အထူး ကုန်စည်ဖြစ်သည့် ကျောက်မျက်ရတနာများကို ရရှိပိုင်ဆိုင်ထားခြင်းအတွက် လက်ဝယ် ထားရှိသူက ယင်းကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းပေးဆောင်ရမည့်အပြင် ယင်းကုန်စည် များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်းခံရမည်ဖြစ်သည်။ သို့ပါ၍ အထူးကုန်စည်ခွန် ဥပဒေအရသော်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရသော်လည်းကောင်း၊ ဝင်ငွေခွန် ဥပဒေအရသော်လည်းကောင်း အရောင်းဆိုင်လိုင်စင်ရယူထားသူက လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

Question

ကျောက်မျက်ရတနာ ကိုင်ဆောင်ခွင့်လိုင်စင်သီးသန့်မရှိသဖြင့် ကျောက်မျက်ရတနာ ကိုင်ဆောင်လိုသူများသည် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေအရ ဥပဒေနှင့်အညီဖြစ်စေရန် အရောင်းဆိုင်လိုင်စင်ရယူထားသော်လည်း လိုင်စင်ရယူရုံသက်သက်သာ ရယူထားသည့် သူများအပေါ် မည်သို့အခွန်စည်းကြပ်ပါသနည်း။ (ဥပမာ-အိမ်တွင် ကျောက်မျက်ရတနာ ထားခြင်းအပေါ် ဥပဒေနှင့်အညီဖြစ်စေရန် လိုင်စင်ကိုင်ဆောင်သူ၊ ပွဲစား၊ ကျောက်မျက် ရတနာပြပွဲများတွင် တက်ရောက်ပြသလိုသူ၊ သာမာန်အသေးစားဝယ်ရောင်းများ)