ပြည်တွင်းရှိကုမ္ပဏီတစ်ခုက ပြည်ပမှ အသားစိုများ၊ ငါးစို၊ ပုစွန်စိုများ စသည့်ရေထွက် ပစ္စည်းများတင်သွင်းပြီး ပြည်တွင်း၌ ပြန်လည်ရောင်းချခြင်းအတွက် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်ကို သိရှိလိုသဖြင့်မေးမြန်းခြင်း။

Answer

ပြည်ပမှ အသားစိုများ၊ ငါးစို၊ ပုစွန်စိုများစသည့်ရေထွက်ပစ္စည်းများတင်သွင်းပြီး ပြန်လည် ရောင်းချပါက ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄ ( က ) အမှတ်စဉ် ၃၇ အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ပါ။

Question

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက ပြည်ပမှ အသားစိုများ၊ ငါးစို၊ ပုစွန်စိုများ စသည့်ရေထွက် ပစ္စည်းများတင်သွင်းပြီး ပြည်တွင်း၌ ပြန်လည်ရောင်းချခြင်းအတွက် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်ကို သိရှိလိုသဖြင့်မေးမြန်းခြင်း။

ဖိလစ်ပိုင်လူမျိုးတစ်ဦးက ၄င်းတို့ကုမ္ပဏီသည် အသေးစားငွေချေးခြင်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ခြင်းအတွက် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်ကို သိရှိလို၍ မေးမြန်းခြင်း။

Answer

အသေးစားငွေချေးခြင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေပုဒ်မ ၁၄ (ဃ) အမှတ်စဉ် (၄)အရ အခွန်မကျသင့်သည့် ဝန်ဆောင်မှု ၂၉ မျိုး တွင်  ပါဝင်ပါသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်းမရှိပါ။

Question

ဖိလစ်ပိုင်လူမျိုးတစ်ဦးက ၄င်းတို့ကုမ္ပဏီသည် အသေးစားငွေချေးခြင်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ခြင်းအတွက် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်ကို သိရှိလို၍ မေးမြန်းခြင်း။

အင်္ဂလန်နိုင်ငံသားတစ်ဦးက ပြည်တွင်း၌လာရောက်လုပ်ကိုင်သည့် INGO အဖွဲ့အစည်းများ အနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရခြင်း ရှိ/မရှိ မေးမြန်းခြင်း။

Answer

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၇ တွင် ''ဘာသာရေး သို့မဟုတ် ကုသိုလ်ရေးအဖွဲ့အစည်း တစ်ခုခုကရရှိ၍ ဘာသာရေး သို့မဟုတ် ကုသိုလ်ရေးကိစ္စသက်သက်အတွက် ထုတ်လုပ် ရောင်းချသည့်ကုန်စည် သို့မဟုတ် ဆောင်ရွက်သည့်ဝန်ဆောင်မှုအပေါ်တွင် အကျိုးမသက် ရောက်စေရ။ ကုသိုလ်ရေးဆိုသည်တွင် ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးသူများနှင့် သဘာဝဘေး အန္တရာယ်ကျရောက်ခံရသူများအား ကယ်ဆယ်စောင့်ရှောက်ရေးစသည့် အများ ပြည်သူအကျိုးအတွက် ထောက်ပံ့ပေးကမ်းခြင်းများပါဝင်သည်'' ဟုဖော်ပြပါရှိ၍ ယင်း INGO အဖွဲ့အစည်းများ၏ ဆောင်ရွက်သောလုပ်ငန်းများသည် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိပါသည်။ ဝန်ဆောင်မှုဆောင်ရွက်သော လုပ်ငန်းများဖြစ်ပါက အထက်ပါ အချက်များနှင့် ကိုက်ညီပါက ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သော်လည်း ဝန်ဆောင်မှု ရယူသည့် လုပ်ငန်းများဖြစ်သည့် လက်မှတ်ဝယ်ယူခြင်း၊ ခန်းမငှားခြင်း၊ အစားအသောက် ဝယ်ယူစား သောက်ခြင်းတို့တွင် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၅ (ခ) အရ ကုန်သွယ် လုပ်ငန်းခွန်ကိုပေးချေငွေနှင့်အတူ တစ်ပါတည်းပေးဆောင်ရန်လိုအပ်ပါသည်။

Question

အင်္ဂလန်နိုင်ငံသားတစ်ဦးက ပြည်တွင်း၌လာရောက်လုပ်ကိုင်သည့် INGO အဖွဲ့အစည်းများ အနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရခြင်း ရှိ/မရှိ မေးမြန်းခြင်း။

ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ဝင်ငွေနှစ်အတွင်း လုပ်ငန်းလက်ခံထားငွေ၏ ပေးချေငွေ တစ်ဝက်ကိုသာရရှိထားပြီး ၄င်းလုပ်ငန်းအား Sub Contractor တစ်ခုသို့ ထပ်မံအပ်နှံရာ ဆောက်လုပ်ရေးအတွက် ငွေစိုက်ထုတ်ပြီးလုပ်ငန်းအပြည့်အပေါ် ပေးချေငွေများပေးအပ်ခဲ့ပါ ကြောင်း၊ သို့ဖြစ်ရာ ဆော

Answer

ဆောက်လုပ်ရေးဝန်ဆောင်ခရငွေတစ်ဝက်အစား ဆောက်လုပ်ရေးကုမ္ပဏီမှ ပေးငွေအပြည့် ဖြည့်၍ Sub Contractor သို့ လုပ်ငန်းအပ်နှံပေးချေရာတွင် လက်ခံရရှိငွေ ပိုမိုပေးဆောင် ထားသည့် ကုန်သွယ်လုပ်ငန်းခွန်အတွက် အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းအား ဆက်လက် လုပ်ကိုင်ပါက သယ်ဆောင် ခုနှိမ်ခွင့်ရရှိမည်ဖြစ်ပါသည်။    

Question

ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ဝင်ငွေနှစ်အတွင်း လုပ်ငန်းလက်ခံထားငွေ၏ ပေးချေငွေ တစ်ဝက်ကိုသာရရှိထားပြီး ၄င်းလုပ်ငန်းအား Sub Contractor  တစ်ခုသို့ ထပ်မံအပ်နှံရာ ဆောက်လုပ်ရေးအတွက် ငွေစိုက်ထုတ်ပြီးလုပ်ငန်းအပြည့်အပေါ် ပေးချေငွေများပေးအပ်ခဲ့ပါ ကြောင်း၊ သို့ဖြစ်ရာ ဆောက်လုပ်ရေးကုမ္ပဏီအနေဖြင့် ရရှိငွေတစ်ဝက်၌ ကောက်ခံထားရှိ သည့် ကုန်သွယ်လုပ်ငန်းခွန်ထက် လုပ်ငန်းအပြည့်အတွက် ငွေဖြည့်ပေးချေပြီး ပိုမိုပေးချေငွေ ၌ ပါဝင်သွားသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ရှေ့နှစ်၌ ယင်းဆောက်လုပ်ရေးလုပ်ငန်းအား ဆက်လက်လုပ်ကိုင်ရာမှရရှိငွေတွင် ပေးသွင်းရမည့် ကုန်သွယ်လုပ်ငန်းခွန်၌ သယ်ဆောင် ခုနှိမ်၍ ပေးသွင်းခွင့်ရရှိခြင်း ရှိ/မရှိ မေးမြန်းခြင်း။

ကုမ္ပဏီတစ်ခုမှ ပြည်ပလေကြောင်းခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းနှင့် ပြည်တွင်း ခရီးသည်ပို့ဆောင်ရေး၀န်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခြင်းတို့အတွက် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။

Answer

ပြည်ပလေကြောင်းခရီးသည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၆ ခုနှစ်ပြည်ထောင်စု ၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄ ( ဃ ) ၊ အမှတ်စဉ် ( ၂၁ ) အရ အခွန်မကျသင့်သည့် ဝန်ဆောင်မှု ၂၉ မျိုးတွင် ပါဝင်သဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်းမရှိပါ။ ပြည်တွင်း ခရီးသည်ပို့ဆောင်ရေး၀န်​ဆောင်မှုလုပ်ငန်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေပုဒ်မ ၁၄(စ)အရ ခရီးသည်ပို့ဆောင်ခရငွေအပေါ်တွင်ကုန်သွယ်လုပ်ငန်းခွန် ၃ % ကျသင့်မည်ဖြစ်ပါသည်။

Question

ကုမ္ပဏီတစ်ခုမှ  ပြည်ပလေကြောင်းခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းနှင့် ပြည်တွင်း ခရီးသည်ပို့ဆောင်ရေး၀န်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခြင်းတို့အတွက် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတွင် စာအုပ်စာပေ၊ မဂ္ဂဇင်း၊ စာစောင်၊ သတင်းစာထုတ်ဝေရေးဝန်ဆောင်မှုလုပ်ငန်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ် ခွင့်ပြုခဲ့သဖြင့် ကြော်ငြာထည့်သွင်းသူများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန် လိုအပ်ခြင်းရှိ/ မရှိ သ

Answer

မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်၊ သတင်းစာများတွင် အခကြေးငွေယူ၍ ကြော်ငြာထည့်သွင်း သည့် ဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ(ဃ) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သော ဝန်ဆောင်မှုလုပ်ငန်းများ တွင် ပါဝင်ခြင်းမရှိပါသဖြင့် ကြော်ငြာထည့်သွင်းသူများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန်လိုအပ်ပါသည်။

Question

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတွင် စာအုပ်စာပေ၊ မဂ္ဂဇင်း၊ စာစောင်၊ သတင်းစာထုတ်ဝေရေးဝန်ဆောင်မှုလုပ်ငန်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ် ခွင့်ပြုခဲ့သဖြင့် ကြော်ငြာထည့်သွင်းသူများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန် လိုအပ်ခြင်းရှိ/ မရှိ သိရှိလိုခြင်း။

ကုန်သွယ်လုပ်ငန်းခွန်

Answer

မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်၊ သတင်းစာများတွင် အခကြေးငွေယူ၍ ကြော်ငြာထည့်သွင်း သည့် ဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ(ဃ) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သော ဝန်ဆောင်မှုလုပ်ငန်းများ တွင် ပါဝင်ခြင်းမရှိပါသဖြင့် ကြော်ငြာထည့်သွင်းသူများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန်လိုအပ်ပါသည်။

Question

၁။ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတွင် စာအုပ်စာပေ၊ မဂ္ဂဇင်း၊ စာစောင်၊ သတင်းစာထုတ်ဝေရေးဝန်ဆောင်မှုလုပ်ငန်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ် ခွင့်ပြုခဲ့သဖြင့် ကြော်ငြာထည့်သွင်းသူများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန် လိုအပ်ခြင်းရှိ/ မရှိ သိရှိလိုခြင်း။

ကုန်သွယ်လုပ်ငန်းခွန်

Answer

ODA Loan ဖြင့် ဆောင်ရွက်နေသော လုပ်ငန်းအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၏အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၁၈ အရ ကင်းလွတ်ခွင့်ရရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှတစ်ဆင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့တင်ပြ၍ အတည်ပြုချက် တောင်းခံဆောင်ရွက်ရမည်ဖြစ်ပါသည်။ စီမံကိန်းလုပ်ငန်းအတွက် သဘောတူစာချုပ် တစ်ရပ်ရပ်ချုပ်ဆို၍ ပြည်တွင်း၌ ကုန်စည်ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်းအတွက် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်ကို ကင်းလွတ်ခွင့်ပြုသည်။ သို့ရာတွင် ကုန်စည်များ၊ ကုန်ကြမ်းများကို ဈေးဝယ်သည့် (Shopping) သဘောကဲ့သို့ ဝယ်ယူခြင်း၊ ဝန်ထမ်း များက ဟိုတယ်များ၊ စားသောက်ဆိုင်များတွင် နေထိုင် စားသောက်ခြင်း၊ လျှပ်စစ်ခ၊ မီတာခနှင့် ကုန်တိုက်များတွင် အသုံးအဆောင်များ၊ စားသောက်ကုန်များ၊ ဝယ်ယူခြင်း ဖုန်းပြောဆိုမှုများစသည့် ဝန်ဆောင်မှုများ ရယူခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည် ဖြစ်ပါသည်။

Question

၂။ ပညာသုတေသနနှင့်စီမံကိန်းဦးစီးဌာနမှ Myanmar Education Quality Improvement Programm အရ ODA Loan ဖြင့် ဆောင်ရွက်နေသော လုပ်ငန်းအတွက် အခွန် ကင်းလွတ်ခွင့်ရရန် မည်သို့ဆောင်ရွက်ရမည်နည်း Hotel များတွင် အခန်းငှား၍ အစည်း အဝေးများလုပ်ပါက ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရ/မရ မေးမြန်းခြင်း။

ကုန်သွယ်လုပ်ငန်းခွန်

Answer

သင်ထောက်ကူပစ္စည်း (၁၅) မျိုးသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၁၄ ၊ ပုဒ်မခွဲ (က) ပါဇယားတွင် ဖော်ပြထားသည့် ကုန်စည် ၈၆ မျိုးတွင် ပါဝင်သည့်ကုန်စည်များဖြစ်ပါက ကုန်သွယ်လုပ်ငန်း ခွန်မကျသင့်ပါ။

Question

၃။ ပညာရေးအတွက်သင်ထောက်ကူပစ္စည်း (၁၅) မျိုးကျော် တင်ဒါခေါ်ယူရာတွင် ကုန်သွယ် လုပ်ငန်းခွန်ကင်းလွတ်ခွင့် ရ/မရ သိရှိလိုခြင်း။

ကုန်သွယ်လုပ်ငန်းခွန်

Answer

မြေကွက်ငှားရမ်းခြင်းသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (ဃ) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစား (၃၀) တွင် ပါဝင်ခြင်းမရှိသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပြီး အငှားရယူသူထံမှ ငှားရမ်းခအပြင် ကုန်သွယ်လုပ်ငန်းခွန် ၅ % ထည့်ပေါင်းတောင်းခံ၍ သက်ဆိုင်ရာ အခွန် ရုံးသို့ ပေးသွင်းပေးရပါမည်။ နှစ်(၃၀)ငှားရမ်းခရငွေကို တစ်ကြိမ်တည်းရရှိခြင်းဖြစ်သဖြင့် ဝင်ငွေနှစ်အတွင်းရရှိသည့် စုစုပေါင်းဝင်ငွေအဖြစ် သတ်မှတ်၍ ပုဒ်မ ၆ အရ သက်သာခွင့် များနုတ်ပယ်ပြီး ကျန်ငွေအပေါ် ၁၀ % ဖြင့် ဝင်ငွေခွန် ကျသင့်မည်ဖြစ်ပါသည်။ နှစ် (၃၀) ငှားရမ်းခြင်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ နောက်ဆက်တွဲဇယားအမှတ် စဉ် (၃၅) (က) (၃) အရ သတ်မှတ်ထားသည့် ပျမ်းမျှရရန်ရှိသော ငှားရမ်းခသင့်ငွေပမာဏ သို့မဟုတ် တန်ဖိုးအတွက် တံဆိပ်ခေါင်းခွန် မှာ ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် ၂ % ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

၄။ မိမိပိုင်မြေကွက်အား နှစ် ၃၀ စာ ငှားရမ်းမည်ဖြစ်ပြီး ငှားရမ်းခငွေကို စာချုပ်ချုပ်သည့်နေ့ တွင် တစ်လုံးတစ်ခဲတည်း ပေးချေမည့်ကိစ္စ၌ မည်သည့်အခွန်များ ကျသင့်မည်ကို သိရှိလို ခြင်း။