Service Agreements များအပေါ်တွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် လိုအပ် ခြင်းရှိ/ မရှိ မေးမြန်းခြင်း

Answer

မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေဇယား (၁) အမှတ် စဉ် ၅ (ဂ) အရ ဖက်စပ် သဘောတူစာချုပ်၊ ထုတ်လုပ်ခြင်း သို့မဟုတ် ခွဲဝေခြင်း၊ ပဋိညာဉ်စာချုပ်၊ ဆောက် လုပ်ရေး သဘောတူစာချုပ် သို့မဟုတ် အလားတူသလောတူစာချုပ် သို့မဟုတ် ပဋိညာဉ်စာချုပ် နှင့် သက်ဆိုင်လျှင် ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် ၁ % ထမ်းဆောင်ရမည်။ သို့ရာတွင် အများဆုံးထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်သည် ၁ သိန်းခွဲ ဖြစ်စေရမည် ဖြစ်ပါသည်။

Question

Service Agreements များအပေါ်တွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် လိုအပ် ခြင်းရှိ/ မရှိ မေးမြန်းခြင်း။

Myanmar Fiber Optic Communication Company Limited မှ ၉-၁၂-၂၀၁၅ တွင် မြန်မာနိုင်ငံပြင်ပ၌ချုပ်ဆိုသော စာချုပ် (၁၁) ခုနှင့်ပတ်သက်၍ တံဆိပ် ခေါင်းခွန်ထမ်းဆောင်ရန် မေးမြန်းခြင်း

Answer

စာချုပ်(၁၁)ခုသည် ၉.၁၂.၂၀၁၅ တွင်မြန်မာနိုင်ငံပြင်ပ၌ချုပ်ဆိုခဲ့သောကြောင့် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ ၁၈ ပုဒ်မခွဲ (၁) အရ မြန်မာနိုင်ငံပြင်ပ တွင်သာချုပ်ဆိုခဲ့သည့် ငွေလွှဲလက်မှတ် (သို့) ငွေပေးကတိစာချုပ်မဟုတ်သော တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်းတစ်ရပ်ရပ်အား မြန်မာနိုင်ငံ အတွင်း၌ ပထမဦးစွာလက်ခံရရှိပြီးနောက် (၃) လအတွင်း မြို့နယ်အခွန်ဦးစီးဌာန မှူးထံ ယူဆောင်လာ၍ တံဆိပ်ခေါင်းကပ်နှိပ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံတံဆိပ် ခေါင်းအက်ဥပဒေဇယား (၁) အရ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

Myanmar Fiber Optic Communication Company Limited မှ ၉-၁၂-၂၀၁၅ တွင် မြန်မာနိုင်ငံပြင်ပ၌ချုပ်ဆိုသော စာချုပ် (၁၁) ခုနှင့်ပတ်သက်၍ တံဆိပ် ခေါင်းခွန်ထမ်းဆောင်ရန် မေးမြန်းခြင်း။

B.O.T စနစ်ဖြင့် ကနဦးနှစ် (၅၀) ငှားရမ်းပြီးတစ်ကြိမ်လျှင် (၁၀) နှစ်ဖြင့် သက် တမ်း (၂) ကြိမ်အထိ တိုးမြင့်မည်ဖြစ်သော မြေငှားရမ်းခြင်းသဘောတူစာချုပ်များ အပေါ် တံဆိပ်ခေါင်းခွန် ကျသင့်ခြင်းနှင့်ပတ်သက်၍ မေးမြန်းခြင်း

Answer

B.O.T စနစ်ဖြင့် မြေငှားရမ်းခြင်းသဘောတူစာချုပ်များ၌ စာချုပ်သက်တမ်းတိုး ခြင်းကိစ္စတွင် မြေငှားရမ်းသည့်ကာလသည် ကနဦးနှစ် (၅၀) ငှားရမ်းပြီး တစ်ကြိမ် လျှင် (၁၀) နှစ်ဖြင့် သက်တမ်း (၂) ကြိမ်အထိ တိုးမြင့်မည်ဖြစ်သောကြောင့် ကနဦး နှစ် (၅၀) ငှားရမ်းခြင်းအပေါ်တွင်သာ တွက်ချက်ခြင်းမပြုဘဲ ကနဦးနှစ် (၅၀) ငှား ရမ်းပြီး တစ်ကြိမ် (၁၀) နှစ်ဖြင့် သက်တမ်း (၂) ကြိမ်အထိစာချုပ်သက်တမ်း တိုး မြင့်မည်ဖြစ်သည့်အတွက် အဆိုပါနှစ်များ အားလုံးအပေါ်တွင် တွက်ချက်ရမည် ဖြစ်သည်။

Question

B.O.T စနစ်ဖြင့် ကနဦးနှစ် (၅၀) ငှားရမ်းပြီးတစ်ကြိမ်လျှင် (၁၀) နှစ်ဖြင့် သက် တမ်း (၂) ကြိမ်အထိ တိုးမြင့်မည်ဖြစ်သော မြေငှားရမ်းခြင်းသဘောတူစာချုပ်များ အပေါ် တံဆိပ်ခေါင်းခွန် ကျသင့်ခြင်းနှင့်ပတ်သက်၍ မေးမြန်းခြင်း။

တရုတ်လူမျိုးတစ်ဦးပါဝင်သော ဘဏ်လုပ်ငန်း ဆောင်ရွက်သည့်ကုမ္ပဏီမှတာဝန်ရှိသူ ( ၂ ) ဦး က မြေအပေါင်စာချုပ် ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ကို အထောက်အ ထားမပါရှိဘဲ သိရှိလို၍မေးမြန်းခြင်း။

Answer

ဘဏ်လုပ်ငန်းဆောင်ရွက်သည့်ကုမ္ပဏီထံ မြေပေါင်နှံခြင်းနှင့်ပတ်သက်၍ အဆိုပါမြေအား လက်ရောက် ပေးအပ်လျှင် တံဆိပ်ခေါင်းခွန်မှာ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေဇယား(၁) အမှတ်စဉ် (၄၀)(က) အရ ပေါင်နှံသည့်ချေးငွေပမာဏနှင့် ညီမျှသော အဖိုးစားနားအပေါ် ၁-၁၀-၂၀၁၆ ရက်နေ့မှစတင်၍  ၂ % တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည် ဖြစ်သည့်အပြင်စည်ပင်သာယာသို့ လွှဲပြောင်းပေးသွင်းရမည့် အပိုတံဆိပ်ခေါင်းခွန် ၂ % ကိုလည်းထပ်ဆောင်းထမ်းဆောင်ရမည် ဖြစ်ပါသည်။ ပေါင်နှံသည့် မြေအား လက်ရောက်ပေးအပ်ခြင်း မရှိဘဲ ပိုင်ဆိုင်သည့် စာရွက်စာတမ်းများသာ ပေးအပ် ပေါင်နှံခြင်းအတွက် တံဆိပ်ခေါင်းခွန်မှာ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေဇယား (၁) အမှတ်စဉ် (၄၀) (ခ) အရ ပေါင်နှံ သည့်ချေးငွေပမာဏတန်ဖိုးအပေါ် ၁-၁၀-၂၀၁၆ ရက်နေ့မှစတင်၍ ၀.၅ % တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ်၍ စာချုပ်ပါပေါင်နှံခြင်းအမျိုးအစားအလိုက် တံဆိပ်ခေါင်းခွန် ကျသင့်မည်ဖြစ်၍စာချုပ်စာတမ်းအားပြသ၍ သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ တင်ပြ၍ထမ်းဆောင်ရန် ဖြစ်ပါသည်။

Question

တရုတ်လူမျိုးတစ်ဦးပါဝင်သော ဘဏ်လုပ်ငန်း ဆောင်ရွက်သည့်ကုမ္ပဏီမှတာဝန်ရှိသူ( ၂ )ဦး က မြေအပေါင်စာချုပ် ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ကို အထောက်အ ထားမပါရှိဘဲ သိရှိလို၍မေးမြန်းခြင်း။

ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုက လုပ်ငန်းတွင်အသုံးပြုရန် ဆောက်လုပ်ရေးလုပ်ငန်း၌အသုံးပြုသည့် ကရိန်းကားများ၊ ဘတ်ဟိုးကားများ အားငှားရမ်းသည့် ကုမ္ပဏီထံမှ ငှားယူသည့် လုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန် မည်မျှထမ်

Answer

ဆောက်လုပ်ရေးလုပ်ငန်းသုံး မော်တော်ယာဉ်များ ငှားယူသည့်လုပ်ငန်းအပ်နှံ စာချုပ် ချုပ်ဆိုခြင်း အပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေနောက်ဆက်တွဲ ဇယား(၁) အမှတ်စဉ် ၅(ဂ)အရ လုပ်ငန်းအပ်နှံသည့် ငွေပမာဏတန်ဖိုးအပေါ် ၁% တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ် ပါသည်။ သို့ရာတွင် အများဆုံးထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်မှာ ကျပ် ၁၅၀၀၀၀ ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုက လုပ်ငန်းတွင်အသုံးပြုရန် ဆောက်လုပ်ရေးလုပ်ငန်း၌အသုံးပြုသည့် ကရိန်းကားများ၊ ဘတ်ဟိုးကားများ အားငှားရမ်းသည့် ကုမ္ပဏီထံမှ ငှားယူသည့် လုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန် မည်မျှထမ်း ဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း။

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက ဖိနပ်စက်ရုံ တည်ဆောက်၍ လုပ်ငန်းလုပ်ကိုင်ရန် ဒဂုံမြို့သစ်တောင်ပိုင်း ရှိ လူပုဂ္ဂိုလ်ပိုင် မြေအား ( ၁၀ ) နှစ် ငှားရမ်းမည်ဖြစ်ရာ တံဆိပ်ခေါင်းခွန် မည်မျှ ထမ်းဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း။

Answer

လူပုဂ္ဂိုလ်တစ်ဦးပိုင်မြေအား ဖိနပ်စက်ရုံတည်ဆောက်၍ လုပ်ငန်းလုပ်ကိုင်ရန် ( ၁၀ ) နှစ် ငှားရမ်းသည့် စာချုပ်ချုပ်ဆိုခြင်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေနောက်ဆက် တွဲဇယား (၁) အမှတ်စဉ် (၃၅)(က)(၃)အရ ပျမ်းမျှရရန်ရှိသော ငှားရမ်းခသင့်ငွေပမာဏ(သို့မဟုတ်) တန်ဖိုးအပေါ် ၁-၁၀-၂၀၁၆ ရက်နေ့မှစတင်၍ ၂ % တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက ဖိနပ်စက်ရုံ တည်ဆောက်၍ လုပ်ငန်းလုပ်ကိုင်ရန် ဒဂုံမြို့သစ်တောင်ပိုင်း ရှိ လူပုဂ္ဂိုလ်ပိုင် မြေအား ( ၁၀ ) နှစ် ငှားရမ်းမည်ဖြစ်ရာ တံဆိပ်ခေါင်းခွန် မည်မျှ ထမ်းဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အားကစားနှင့် ကာယပညာဦးစီးဌာနပိုင်မြေနေရာအား ဆက်သွယ် ရေးတာဝါတိုင်ထောင်ရန်အတွက် ၅ နှစ် ငှားရမ်းချုပ်ဆိုမည်ဖြစ်ရာတံဆိပ်ခေါင်းခွန် ထမ်းဆောင်ရခြင်း ရှိ / မရှိ သိရှိလို၍ မေးမြန်းခြင်း။

Answer

အား/ကာဦးစီးဌာနပိုင်မြေနေရာအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေး တာဝါတိုင် ဆောက်ရန် ၅ နှစ် ငှားရမ်းချုပ်ဆိုခြင်းအတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက် ဥပဒေ ပုဒ်မ ၂၉(ဂ) အရ ငှားရမ်းမည့်သူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင် ရမည်ဖြစ်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေပုဒ်မ ၃ ( ဂ ) ခြွင်းချက် ( ၁ ) အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကဖြစ်စေ ၊ အစိုးရအတွက်ဖြစ်စေ၊ အစိုးရ၏အကျိုး အလို့ငှာဖြစ်စေ ချုပ်ဆိုသောစာချုပ် နှင့်စပ်လျဉ်း၍ အစိုးရက တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် တာဝန် ရှိသော စာချုပ်စာတမ်း တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ တံဆိပ်ခေါင်းခွန် ထိုက်သင့်ခြင်းမရှိစေရဟု ပြဋ္ဌာန်းထားပါသဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရခြင်း မရှိပါ။

Question

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အားကစားနှင့် ကာယပညာဦးစီးဌာနပိုင်မြေနေရာအား ဆက်သွယ် ရေးတာဝါတိုင်ထောင်ရန်အတွက် ၅ နှစ် ငှားရမ်းချုပ်ဆိုမည်ဖြစ်ရာတံဆိပ်ခေါင်းခွန် ထမ်းဆောင်ရခြင်း ရှိ / မရှိ သိရှိလို၍ မေးမြန်းခြင်း။

Huawei ကုမ္ပဏီက ဆက်သွယ်ရေးလိုင်းဆွဲအား ကောင်းစေရန် တာဝါတိုင်ထူထောင်သည့် လုပ်ငန်း ကို အခြားဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ကိုင်သည့် ကုမ္ပဏီသို့ Sub-con လုပ်ကိုင် ဆောင်ရွက်စေရာ လုပ်ငန်းအပ်နှံသည့် Contract စာချုပ်ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်

Answer

Huawei ကုမ္ပဏီနှင့် အခြားဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီတို့ လုပ်ငန်း အပ်နှံသည့် Contract စာချုပ်ချုပ်ဆိုခြင်းအတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက် တွဲဇယား(၁) အမှတ်စဉ် ၅(ဂ)အရ လုပ်ငန်းအပ်နှံသည့် ငွေပမာဏတန်ဖိုး အပေါ် ၁% တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။ အများဆုံးထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန်မှာ ကျပ် ၁၅၀၀၀၀  ဖြစ်ပါသည်။

Question

Huawei ကုမ္ပဏီက ဆက်သွယ်ရေးလိုင်းဆွဲအား ကောင်းစေရန် တာဝါတိုင်ထူထောင်သည့် လုပ်ငန်း ကို အခြားဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ကိုင်သည့် ကုမ္ပဏီသို့ Sub-con လုပ်ကိုင် ဆောင်ရွက်စေရာ လုပ်ငန်းအပ်နှံသည့် Contract စာချုပ်ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည် ကို သိရှိလို၍မေးမြန်းခြင်း။

ပြည်တွင်းရှိနိုင်ငံခြားကုမ္ပဏီတစ်ခုက ဌာနပိုင်မြေအား B.O.T စနစ်ဖြင့် နှစ်ရှည်ငှားရမ်း၍ အဆောက် အဦ ဆောက်လုပ်ပြီး လုပ်ငန်းဆောင်ရွက်မည်ဖြစ်ရာ မြေငှားရမ်းခြင်း စာချုပ် အပေါ် တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း။

Answer

ပြည်တွင်းရှိနိုင်ငံခြားကုမ္ပဏီနှင့် ဌာနဆိုင်ရာတို့ သုံးနှစ်ထက်ကျော်လွန်သော ကာလအပိုင်းအခြား ဖြစ်သည့် မြေနှစ်ရှည်ငှားရမ်းခြင်းစာချုပ် ချုပ်ဆိုခြင်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲဇယား(၁)၊ အမှတ်စဉ်၃၅(က)(၃) အရ သတ်မှတ်ထားသည့် ပျမ်းမျှရရန်ရှိသော ငှားရမ်းခသင့်ငွေပမာဏ (သို့မဟုတ်) တန်ဖိုးအပေါ် ၁-၁၀-၂၀၁၆ ရက်နေ့မှစတင်၍ ၂ % တံဆိပ် ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိနိုင်ငံခြားကုမ္ပဏီတစ်ခုက ဌာနပိုင်မြေအား B.O.T စနစ်ဖြင့် နှစ်ရှည်ငှားရမ်း၍ အဆောက် အဦ ဆောက်လုပ်ပြီး လုပ်ငန်းဆောင်ရွက်မည်ဖြစ်ရာ မြေငှားရမ်းခြင်း စာချုပ် အပေါ် တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း။

ကုမ္ပဏီတစ်ခုက လူပုဂ္ဂိုလ်တစ်ဦးထံမှ တိုက်ခန်းအား စပေါ်ငွေ အပါအ၀င် ( ၁ )နှစ် ငှား၍ အသုံးပြု မည်ဖြစ်ရာ တိုက်ခန်းအငှားစာချုပ်ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်နှင့် မည်သူကထမ်းဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း။

Answer

တိုက်ခန်းအငှား (၁) နှစ် စာချုပ်ချုပ်ဆိုခြင်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက် တွဲဇယား (၁) အမှတ်စဉ် ( ၃၅ ) (က) ( ၂ ) အရ (၁)နှစ် အငှားစာချုပ်အရ ငှားရမ်းခ သင့်ငွေပမာဏ   ( သို့ ) တန်ဖိုးအတွက် ၁-၁၀-၂၀၁၆ ရက်နေ့မှစတင်၍ ၀.၅ % တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည် ဖြစ်ပါသည်။ ငှားရမ်းခအပြင် ဒဏ်ငွေ၊ စပေါ်အပ်ငွေများပါရှိပါက မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲ ဇယား (၁) အမှတ်စဉ် ၃၅ (ခ) အရ ထိုတန်ဖိုး၏ ၂ % ကို တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည် ဖြစ်ပါသည်။ အငှားစာချုပ်ချုပ်ဆိုခြင်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ ပုဒ်မ ၂၉ ( ဂ ) အရ ငှားရမ်းရန် သဘောတူညီချက် ဖြစ်သည့် အချက်တွင် ငှားရမ်းရသူ (သို့) ငှားရမ်း မည့်သူက ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည် ဖြစ်ပါသည်။

Question

ကုမ္ပဏီတစ်ခုက လူပုဂ္ဂိုလ်တစ်ဦးထံမှ တိုက်ခန်းအား စပေါ်ငွေ အပါအ၀င် ( ၁ )နှစ် ငှား၍ အသုံးပြု မည်ဖြစ်ရာ တိုက်ခန်းအငှားစာချုပ်ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်နှင့် မည်သူကထမ်းဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း။