ကုမ္ပဏီရှိဖခင်ဖြစ်သူ၏ အစုရှယ်ယာအား သားဖြစ်သူအား လွှဲပြောင်းပေးမည်ဖြစ်ရာ မေတ္တာဖြင့် ပေးကမ်းမည်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ဖြစ်ကြောင်း သိလိုသဖြင့် မေးမြန်းခြင်း။

Answer

ကုမ္ပဏီရှိဖခင်ဖြစ်သူ၏အစုရှယ်ယာအား သားဖြစ်သူထံ လွှဲပြောင်းပေးအပ်ရာတွင် မေတ္တာဖြင့်လွှဲ ပြောင်းပေးကမ်းခြင်းအပေါ် အထောက်အထားများတင်ပြရမည်ဖြစ်ပြီး၊ ပြည့်စုံပါက အစုရှယ်ယာလွှဲ ပြောင်းခြင်းအတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲ ဇယားအမှတ်စဉ် ( ၆၂ ) ( က ) အရ ၁-၁၀-၂၀၁၆ ရက်နေ့မှစတင်၍ တံဆိပ်ခေါင်းခွန် ၀.၁ % ထမ်းဆောင်ရမည် ဖြစ်ပါ သည်။

Question

ကုမ္ပဏီရှိဖခင်ဖြစ်သူ၏ အစုရှယ်ယာအား သားဖြစ်သူအား လွှဲပြောင်းပေးမည်ဖြစ်ရာ မေတ္တာဖြင့် ပေးကမ်းမည်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ဖြစ်ကြောင်း သိလိုသဖြင့် မေးမြန်းခြင်း။

ပြည်တွင်းရှိကုမ္ပဏီတစ်ခုမှဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက်အခြားကုမ္ပဏီတစ်ခုသို့လုပ်ငန်းအပ်နှံသည့်အခါသဘောတူစာချုပ်ချုပ်ဆိုရာတွင်တံဆိပ်ခေါင်းခွန်မည်မျှထမ်းဆောင်ရန်နှင့်မည်သည့်အချိန်တွင်ဆောင်ရွက်ရပါကြောင်း၊မထမ်းဆောင်ခဲ့ပါကမည်သည့်ပြစ်ဒဏ်ရှိပါကြောင်းသိရှိ

Answer

ကုမ္ပဏီတစ်ခုမှ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် အခြားကုမ္ပဏီတစ်ခုနှင့် လုပ်ငန်းအပ်နှံ သည့် စာချုပ်များချုပ်ဆိုရာတွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲဇယား (၁) အမှတ်စဉ်(၅) (ဂ) အရ လုပ်ငန်းအပ်နှံသည့် ငွေပမာဏ (သို့) တန်ဖိုးအပေါ် တံဆိပ်ခေါင်းခွန် ၁% နှင့် အများဆုံးထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်မှာ ၁၅၀၀၀၀ ကျပ် ဖြစ်ပါသည်။ တံဆိပ်ခေါင်းခွန်ထမ်း ဆောင်ရန်တာဝန်ရှိသူမှာ ကန်ထရိုက်ရသူ (သို့) ကန်ထရိုက်တာ(သို့) တင်ဒါရသူ (သို့) ပစ္စည်းတင် သွင်းသူများမှ ထမ်းဆောင်ရန်ဖြစ်ပါသည်။ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ (၁၇) အရ တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်း အားလုံးကို စာချုပ်မချုပ်ဆိုမီဖြစ်စေ၊ ချုပ်ဆိုသည့် အခါ၌ဖြစ်စေ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဟုဖော်ပြထားပါသည်။ တံဆိပ်ခေါင်းခွန်ကို ဖော်ပြပါ အချိန်အတွင်း မထမ်းဆောင်ခဲ့ပါက မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ ၃၃ အရ သိမ်းချုပ် အရေးယူ ဆောင်ရွက်ရမည်ဖြစ်၍ လျော့နည်းသည့် တံဆိပ်ခေါင်းခွန်နှင့် ယင်း၏ ၁၀ ဆနှင့် ညီမျှသော ဒဏ်ငွေ တံဆိပ်ခေါင်းခွန်ကိုထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိကုမ္ပဏီတစ်ခုမှဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက်အခြားကုမ္ပဏီတစ်ခုသို့လုပ်ငန်းအပ်နှံသည့်အခါသဘောတူစာချုပ်ချုပ်ဆိုရာတွင်တံဆိပ်ခေါင်းခွန်မည်မျှထမ်းဆောင်ရန်နှင့်မည်သည့်အချိန်တွင်ဆောင်ရွက်ရပါကြောင်း၊မထမ်းဆောင်ခဲ့ပါကမည်သည့်ပြစ်ဒဏ်ရှိပါကြောင်းသိရှိလို၍မေးမြန်းခြင်း။

ပြည်တွင်းရှိအကြံပေးဝန်ဆောင်မှုဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုက ၄င်းတို့ကုမ္ပဏီနှင့်လုပ်ငန်းအပ်နှံသည့်ကုမ္ပဏီတို့လုပ်ငန်းအပ်နှံသဘောတူစာချုပ် ချုပ်ဆိုရာတွင် စာချုပ်ပါတန်ဖိုးအပေါ်တံဆိပ် ခေါင်းခွန်မည်သည့်နှုန်းထားဖြင့် မည်သူကထမ်းဆောင်ရမည်ကိုသိရှိလို၍မေးမြန်းခြင်း။

Answer

ပြည်တွင်းရှိအကြံပေးဝန်ဆောင်မှု ဆောင်ရွက်သည့်ကုမ္ပဏီနှင့် လုပ်ငန်းအပ်နှံသည့်ကုမ္ပဏီတို့  သဘော တူစာချုပ် ချုပ်ဆိုခြင်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေဇယား ( ၁ ) အမှတ်စဉ် ၅ ( ဂ ) အရ လုပ်ငန်းအပ်နှံသဘောတူစာချုပ်ငွေပမာဏတန်ဖိုးအပေါ် ၁ % တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရပါမည်။ သို့ရာတွင် အများဆုံးထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်သည် ၁၅၀၀၀၀/ကျပ် ဖြစ်ပါသည်။ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် တာဝန်ရှိသူမှာ လုပ်ငန်းရရှိသူမှ ထမ်းဆောင်ရန်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ အကြံပေးဝန်ဆောင်မှုဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုက ၄င်းတို့ကုမ္ပဏီနှင့် လုပ်ငန်းအပ်နှံ သည့် ကုမ္ပဏီတို့ လုပ်ငန်းအပ်နှံသဘောတူစာချုပ် ချုပ်ဆိုရာတွင် စာချုပ်ပါတန်ဖိုးအပေါ် တံဆိပ် ခေါင်းခွန် မည်သည့်နှုန်းထားဖြင့် မည်သူက ထမ်းဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း။

အိန္ဒိယနိုင်ငံသားနှစ်ဦးပါ၀င်သော ကုမ္ပဏီတစ်ခုက ရန်ကင်းမြို့နယ်ရှိလူပုဂ္ဂိုလ်တစ်ဦးပိုင်မြေနှင့် အဆောက်အဦအား ( ၁ ) နှစ် ငှားရမ်းမည်ဖြစ်ရာ တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း။

Answer

လူပုဂ္ဂိုလ်ပိုင်မြေနှင့် အဆောက်အဦအား ( ၁ ) နှစ် ငှားရမ်းသည့် စာချုပ်ချုပ်ဆိုခြင်းအပေါ် မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲဇယား(၁)အမှတ်စဉ် (၃၅)(က)(၂) အရ (၁) နှစ် ငှားရမ်းခ သင့်ငွေပမာဏ ( သို့ ) တန်ဖိုးအပေါ် ၁-၁၀-၂၀၁၆ ရက်နေ့မှစတင်၍ ၀.၅% တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

အိန္ဒိယနိုင်ငံသားနှစ်ဦးပါ၀င်သော ကုမ္ပဏီတစ်ခုက ရန်ကင်းမြို့နယ်ရှိလူပုဂ္ဂိုလ်တစ်ဦးပိုင်မြေနှင့် အဆောက်အဦအား ( ၁ ) နှစ် ငှားရမ်းမည်ဖြစ်ရာ တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း။

တံဆိပ်ခေါင်းခွန်

Answer

မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ(၁၀)တွင် အဓိပ္ပါယ် ဖွင့်ဆိုထားချက် အရ ယင်းဥပဒေဇယား(၁) အမှတ်စဉ် ၂၃ ၊ ပစ္စည်းလွှဲပြောင်းခြင်း စာချုပ်စာတမ်းနှင့် သက်ဆိုင်ပါသည်။

Question

၁။ လုပ်ငန်းရပ်စဲမည့်ကုမ္ပဏီအနေဖြင့် ရရန်ရှိသည့် ကုန်ကြွေးငွေများကို ၎င်းကုမ္ပဏီက ငွေပေးချေရန် ကျန်ရှိသည့် အခြားကုမ္ပဏီတစ်ခုသို့ လွှဲပြောင်းပေးသည့် ကိစ္စရပ်တွင် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန်နှုန်းထားအား သိရှိလိုခြင်း၊

တံဆိပ်ခေါင်းခွန်

Answer

မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၃ ဇယား(၁) အမှတ်စဉ် (၄၀)(က) အရ အဆိုပါ စာချုပ်တွင် ပါဝင်သော ပစ္စည်းအားလုံးကိုဖြစ်စေ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပေါင်နှံ သူက လက်ရှိပေးအပ်လျှင် သို့မဟုတ် ပေးအပ်ရန်သဘောတူလျှင် အဆိုပါစာချုပ်ဖြင့် အာမခံထားသည့်ငွေနှင့် ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်မှာ ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် ၂ % ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၃-က အရ ဇယား(၁) အမှတ်စဉ် (၄၀)(က) နှင့် သက်ဆိုင်ပါက အမှတ်စဉ် (၄၀) (က) အရထမ်းဆောင်ရမည့် တံဆိပ်ခေါင်းတန်ဖိုးအပြင် အပိုတံဆိပ်ခေါင်းခွန် ၂ % အား အဆိုပါ ပစ္စည်းတည်ရှိရာနေရာရှိ ဈေးကွက်ပေါက်ဈေးနှင့်အညီ ထမ်းဆောင်ရမည် ဖြစ်ပါသည်။ အမှတ်စဉ် (၄၀) (ခ) အရ အထက်တွင် ဆိုခဲ့သည့်အတိုင်း လက်ရှိမပေးအပ်လျှင် သို့မဟုတ် ပေးအပ်ရန်သဘောမတူလျှင် အဆိုပါ အပေါင်စာချုပ်ဖြင့် အာမခံသည့်ငွေအတွက် တံဆိပ် ခေါင်းခွန်မှာ ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် ၀.၅ % ဖြစ်ပါသည်။

Question

၂။ အမရပူရမြို့နယ်တွင်နေထိုင်သူတစ်ဦးမှ နေအိမ်ပေါင်နှံ၍ ဘဏ်ချေးငွေဆောင်ရွက်ရာတွင် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းတန်ဖိုးအား သိရှိလို၍ မေးမြန်းခြင်း။

တံဆိပ်ခေါင်းခွန်

Answer

ရုံးခန်းငှားရမ်းခြင်းအတွက် စာချုပ်ချုပ်ဆိုခြင်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ ပုဒ်မ ၂၉ (ဂ) အရ ငှားရမ်းမည့်သူက (Lessee) ငှားရမ်းသည့် ကာလအပေါ်မူတည်၍ မြန်မာနိုင်ငံတံဆိပ် ခေါင်းအက်ဥပဒေ နောက်ဆက်တွဲဇယား (၁) အမှတ်စဉ် (၃၅) ပါ နှုန်းထားများအတိုင်း ထမ်းဆောင်ရမည်ဖြစ်ပါသည်။ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည့် အချိန်မှာ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်အက်ဥပဒေပုဒ်မ ၁၇ အရ တံဆိပ်ခေါင်းခွန်ထိုက်သင့် သော စာချုပ်စာတမ်း များအားလုံးကို စာချုပ်မချုပ်ဆိုမီဖြစ်စေ ချုပ်ဆိုသည့်အခါ၌ဖြစ်စေ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

၃။ တာမွေမြို့နယ်တွင် နေထိုင်သည့် လူပုဂ္ဂိုလ်တစ်ဦးက ၎င်းပိုင်တိုက်ခန်းအား ရုံးခန်းအဖြစ် ဖွင့်လှစ်ရန် ငှားရမ်းခြင်းအတွက် တံဆိပ်ခေါင်းခွန်ကို မည်သူကထမ်းဆောင်ရပါကြောင်းနှင့် မည်သည့်အချိန်တွင် ထမ်းဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း။

တံဆိပ်ခေါင်းခွန်

Answer

ကုမ္ပဏီရုံးခန်းအဖြစ်အသုံးပြုရန်အတွက် (၂) နှစ် ငှားရမ်းမည့် စာချုပ်ချုပ်ဆိုခြင်းသည် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ (၃) အရ လည်းကောင်း၊ နောက်ဆက်တွဲဇယား(၁) တွင် တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်း (၆၅) မျိုး၏ အမှတ်စဉ် (၃၅) အငှားစာချုပ်ဖြစ်သဖြင့် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ထိုအငှားစာချုပ် ချုပ်ဆိုခြင်းအပေါ် နောက်ဆက်တွဲ ဇယား(၁) အမှတ်စဉ် (၃၅) က(၂) အရ သတ်မှတ် ထားသည့် ပျမ်းမျှရရန်ရှိသော ငှားရမ်းခသင့်ငွေပမာဏ (သို့) တန်ဖိုးအပေါ် ၀.၅ % တံဆိပ် ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

၄။ ရန်ကင်းမြို့နယ်ရှိ ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရုံးခန်းအဖြစ်အသုံးပြုရန်အတွက် (၂) နှစ် ငှားရမ်းမည့်စာချုပ်ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရခြင်း ရှိ/မရှိ နှင့် ထမ်းဆောင်ရမည်ဆိုပါက တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ကို သိရှိလိုသဖြင့် မေးမြန်းခြင်း။

တံဆိပ်ခေါင်းခွန်

Answer

ကုမ္ပဏီရုံးခန်းဖွင့်လှစ်ရန် အဆောက်အဦးပါ မြေနေရာငှားရမ်းခြင်းအပေါ် အငှားစာချုပ် ချုပ်ဆိုရာ၌ ငှားရမ်းသည့်ကာလသည် (၃) နှစ်ထက်မပိုသောကာလအပိုင်းအခြားအတွက် တံဆိပ်ခေါင်းခွန်မှာ သတ်မှတ်ထားသည့် ပျမ်းမျှရရန်ရှိသော ငှားရမ်းခသင့်ငွေပမာဏ (သို့မဟုတ်) တန်ဖိုးအပေါ် ၀.၅ ငှားရမ်း% အား သူမှ ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

၅။ ချမ်းမြသာစည်မြို့နယ်ရှိ ကုမ္ပဏီတစ်ခုမှ ရုံးဖွင့်လှစ်ရန်အတွက် အဆောက်အဦပါ မြေနေရာငှားရမ်းခြင်းအပေါ် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန်နှုန်းထားအား သိရှိလိုသဖြင့် မေးမြန်းခြင်း။

ကုမ္ပဏီတစ်ခု၏ မတည်ပိုင်ပစ္စည်းများ (Non-current Assets) ကိုစစ်ဆေးရာတွင်မတည် ပိုင်ပစ္စည်းများစွာတိုးလာမှုကို စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေအဖြစ် စည်းကြပ် ဆောင်ရွက်နိုင်ရမည်ကို အတည်ပြုမေးမြန်းခြင်း။

Answer

ကုမ္ပဏီ၏ တိုးလာသော မတည်ပိုင်ပစ္စည်းများ တန်ဖိုးအပေါ် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၄၇ အရ ဖော်ထုတ်စေ၍ စည်းကြပ်ခြင်း၊ ဒဏ်တပ်ရိုက်ခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်သည်။

Question

ကုမ္ပဏီတစ်ခု၏ မတည်ပိုင်ပစ္စည်းများ (Non-current Assets) ကိုစစ်ဆေးရာတွင်မတည် ပိုင်ပစ္စည်းများစွာတိုးလာမှုကို စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေအဖြစ် စည်းကြပ် ဆောင်ရွက်နိုင်ရမည်ကို အတည်ပြုမေးမြန်းခြင်း။