အမိန့်ကြော်ငြာစာအမှတ် ၃၈/ ၂၀၁၈ နှင့်စပ်လျဉ်း၍ အပိုဒ် (၂)၊(၃)၊(၄)၊(၆) များတွင်ပါရှိသော “တစ်ဆင့်ခံကန်ထရိုက်တာများအဖြစ်ပါဝင်ဆောင်ရွက်နေသောကုမ္ပဏီများ” ဆိုရာတွင်တစ်ဆင့်ခံကန်ထရိုက်တာများ အားလုံးကိုဆိုလိုခြင်း ဟုတ်/ မဟုတ်ရှင်းလင်းစွာ သိရှိလိုပါသည်။

Answer

အမိန့်ကြော်ငြာစာအမှတ် ၃၈/ ၂၀၁၈ ပါကင်းလွတ်ခွင့်သည် တစ်ဆင့်ခံကန်ထရိုက်တာ (Sub Contract) အားလုံးကို ဆိုလိုခြင်းဖြစ်ပါသည်။

Question

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ (၂၁-၅-၂၀၁၈) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၃၈/ ၂၀၁၈ နှင့်စပ်လျဉ်း၍ အပိုဒ် (၂)၊(၃)၊(၄)၊(၆) များတွင်ပါရှိသော “တစ်ဆင့်ခံကန်ထရိုက်တာ များအဖြစ် ပါဝင်ဆောင်ရွက်နေသော ကုမ္ပဏီများ” ဆိုရာတွင် တစ်ဆင့်ခံကန်ထရိုက်တာများ အားလုံးကိုဆိုလိုခြင်း သို့မဟုတ် မူလကန်ထရိုက်တာထံမှ တိုက်ရိုက်ရယူသော တစ်ဆင့်ခံကန် ထရိုက်တာကိုသာ ဆိုလိုခြင်းဟုတ်/ မဟုတ်ရှင်းလင်းစွာ သိရှိလိုပါသည်။

၁-၆-၂၀၁၈ ရက်နေ့မတိုင်မီကစာချုပ်ချုပ်ဆိုဆောင်ရွက်ခဲ့သောODA Loan ချေးငွေကိစ္စရပ်များနှင့်စပ်လျဉ်း၍ဝင်ငွေခွန်ကင်းလွတ်ခွင့်လျှောက်ထားခြင်းအတွက် မည်ကဲ့သို့ဆောင် ရွက်ရမည်ကိုသိရှိလိုပါသည်။

Answer

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၁၈ သည် ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစတင်၍ အကျိုးသက်ရောက်သဖြင့် ယင်းနေ့မတိုင်ခင်က စာချုပ် ချုပ်ဆို၍ဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များသည် နိုင်ငံတော်သမ္မတရုံး၏ ၅-၁၀-၂၀၁၆ ရက်စွဲပါ စာအမှတ်၊ ၁၀၀(၁)/၇/ သမ္မတရုံးပါ ညွှန်ကြားချက်နှင့်အညီ ချုပ်ဆိုထားသည့် ကိစ္စရပ်များ ဖြစ်ပါက အခွန်ကင်းလွတ်ခွင့်ရရှိရန် ယခင်အတိုင်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ လျှောက်ထားရမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့နောက်ပိုင်း ကိစ္စရပ်များဖြစ်ပါက အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၁၈ ပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်။

Question

၁-၆-၂၀၁၈ ရက်နေ့မတိုင်မီက စာချုပ်ချုပ်ဆိုဆောင်ရွက်ခဲ့သော ODA Loan ချေးငွေကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဝင်ငွေခွန်ကင်းလွတ်ခွင့် လျှောက်ထားခြင်းအတွက် မည်ကဲ့သို့ဆောင် ရွက်ရမည်ကိုသိရှိလိုပါသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်  ၃၈/၂၀၁၈ နှင့်အညီ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ ကိုလည်းသိရှိလိုပါသည်။  

လစာဝင်ငွေခွန်တွက်ချက်ရာတွင် စည်းကြပ်ခြင်းမပြုရသောဝင်ငွေ ၄၈ သိန်း ကန့်သတ်ချက် မှာ မည်သည့်နှစ်ကစတင်သည်ကိုလည်းကောင်း၊ ပမာဏ ၄၈ သိန်း မတိုင်ခင်က မည်မျှ ကန့်သတ်ထားသည်ကိုလည်းကောင်း သိရှိလိုပါသည်။

Answer

လစာဝင်ငွေခွန်တွက်ချက်ရာတွင် စည်းကြပ်ခြင်းမပြုရသော ဝင်ငွေ ကျပ် ၄၈ သိန်း ကန့်သတ် ချက်မှာ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ စတင်သည့် (၁-၄-၂၀၁၆) မှ စတင်ခဲ့ပါသည်။ ၂၀၁၄ နှင့် ၂၀၁၅ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေများတွင် လစာ နှင့်ပတ်သက်၍ စည်းကြပ်ခြင်းမပြုရသော ဝင်ငွေကန့်သတ်ချက်မပါရှိပါ။

Question

လစာဝင်ငွေခွန်တွက်ချက်ရာတွင် စည်းကြပ်ခြင်းမပြုရသောဝင်ငွေ ၄၈ သိန်း ကန့်သတ်ချက် မှာ မည်သည့်နှစ်ကစတင်သည်ကိုလည်းကောင်း၊ ပမာဏ ၄၈ သိန်း မတိုင်ခင်က မည်မျှ ကန့်သတ်ထားသည်ကိုလည်းကောင်း သိရှိလိုပါသည်။

ဝန်ထမ်းပိုင်ဆိုင်ကယ်ဖြင့် ကုမ္ပဏီကိစ္စအတွက် ခရီးသွားရာတွင် ဆိုင်ကယ်ဆီဖိုးငွေပေး ခြင်းနှင့် ဆိုင်ကယ်ပြင်ဆင်စရိတ် ငွေထုတ်ပေးခြင်းအပေါ် လစာဝင်ငွေခွန် တွက်ချက်ရာ တွင် ထည့်သွင်းတွက်ချက်ရခြင်း ရှိ/မရှိ သိရှိလိုပါသည်။

Answer

ကုမ္ပဏီကိစ္စအတွက် ခရီးသွားရာတွင် ဆိုင်ကယ်ဆီဖိုးငွေပေးခြင်းနှင့် ဆိုင်ကယ်ပြင်ဆင် စရိတ်ငွေထုတ်ပေးခြင်းသည် ကုမ္ပဏီကိစ္စများဆောင်ရွက်ရာတွင် ကုန်ကျသည့်အသုံး စရိတ် ဖြစ်သဖြင့် လစာဝင်ငွေခွန် တွက်ချက်ရာတွင် ထည့်သွင်းတွက်ချက်ရန်မလိုအပ်ပါ။

Question

ဝန်ထမ်းပိုင်ဆိုင်ကယ်ဖြင့် ကုမ္ပဏီကိစ္စအတွက် ခရီးသွားရာတွင် ဆိုင်ကယ်ဆီဖိုးငွေပေး ခြင်းနှင့် ဆိုင်ကယ်ပြင်ဆင်စရိတ် ငွေထုတ်ပေးခြင်းအပေါ် လစာဝင်ငွေခွန် တွက်ချက်ရာ တွင် ထည့်သွင်းတွက်ချက်ရခြင်း ရှိ/မရှိ သိရှိလိုပါသည်။

ဝန်ထမ်းများအား လစာအပြင်ထုတ်ပေးသော အချိန်ပိုလုပ်အားခကြေး၊ အိမ်ငှားခပေးခြင်း၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဖုန်းဘီလ်ဖြည့်ပေးခြင်းများကို ဝန်ထမ်း၏လစာ ဝင်ငွေခွန် တွက်ချက်ရာတွင် ထည့်သွင်းတွက်ချက်ရခြင်း ရှိ/မရှိ သိရှိလိုပါသည်။

Answer

ဝန်ထမ်းများ၏ လစာဝင်ငွေခွန်တွက်ချက်ရာတွင် အချိန်ပိုလုပ်အားခနှင့် အိမ်ငှားခများကို  ထည့်သွင်းတွက်ချက်ရပါမည်။ ဖုန်းဘီလ်ဖြည့်ပေးခြင်းသည် ရုံးလုပ်ငန်းများဆောင်ရွက်ရန် ကုန်ကျသည့် အသုံးစရိတ်ဖြစ်သဖြင့် လစာဝင်ငွေခွန် တွက်ချက်ရာတွင် ထည့်သွင်း တွက်ချက်ရန် မလိုအပ်ပါ။     

Question

ဝန်ထမ်းများအား လစာအပြင်ထုတ်ပေးသော အချိန်ပိုလုပ်အားခကြေး၊ အိမ်ငှားခပေးခြင်း၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဖုန်းဘီလ်ဖြည့်ပေးခြင်းများကို ဝန်ထမ်း၏လစာ ဝင်ငွေခွန် တွက်ချက်ရာတွင် ထည့်သွင်းတွက်ချက်ရခြင်း ရှိ/မရှိ သိရှိလိုပါသည်။

မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းဗဟိုကော်မတီနှင့် မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းတို့သည် ငွေကြေးသုံး စွဲရာတွင် တချို့ကိစ္စများ၌ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ခွင့်ပြုငွေဖြင့်သုံးစွဲပြီး တချို့ ကိစ္စများ၌ လှူဒါန်းငွေဖြင့်သုံးစွဲပါသဖြင့် Withholding Tax နှုတ်ယူပေ

Answer

မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းဗဟိုကော်မတီနှင့် မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းများသည် ဦးစီးလမ်း ညွှန်မှုနှင့် အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၁၇ အရ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးဌာန၏အတွင်းဝန်များဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ထားခြင်းဖြစ်၍ နိုင်ငံတော်အဖွဲ့အစည်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမိန့်ကြော်ငြာစာ အမှတ် ၄၇/၂၀၁၈ အတိုင်း လိုက်နာ၍ Withholding Tax နှုတ်ယူပေးသွင်းရန် လိုအပ် ပါသည်။

Question

မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းဗဟိုကော်မတီနှင့် မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းတို့သည် ငွေကြေးသုံး စွဲရာတွင် တချို့ကိစ္စများ၌ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ခွင့်ပြုငွေဖြင့်သုံးစွဲပြီး တချို့ ကိစ္စများ၌ လှူဒါန်းငွေဖြင့်သုံးစွဲပါသဖြင့် Withholding Tax နှုတ်ယူပေးသွင်းရန် လိုအပ် ခြင်း ရှိ/မရှိ သိရှိလိုပါသည်။         

ဖားကန့်ဒေသ၊ လုံးခင်းမြို့နယ်မှ ဒေသစရိတ်ရရှိသော ဝန်ထမ်းများအနေဖြင့် လစာဝင် ငွေခွန်တွက်ချက်ရာတွင် ရရှိသောဒေသများစရိတ်များ တွက်ချက်ရခြင်း ရှိ/မရှိသိ ရှိလိုပါသည်။

Answer

ဒေသစရိတ်ခံစားခွင့်ပြုခြင်းသည် တာဝန်ထမ်းဆောင်ဆဲကာလအတွင်း လူမှုရေးအခက်အခဲ များအတွက် နိုင်ငံတော်က ကျခံပေးသည့်စရိတ်ဖြစ်သဖြင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၉(ခ) နှင့် အကျုံးဝင်ခြင်းမရှိ၍ လစာဝင်ငွေခွန် တွက်ချက်ရာတွင် ထည့်သွင်းတွက်ချက်ခြင်းပြုရန် မလိုအပ်ပါ။

Question

ဖားကန့်ဒေသ၊ လုံးခင်းမြို့နယ်မှ ဒေသစရိတ်ရရှိသော ဝန်ထမ်းများအနေဖြင့် လစာဝင် ငွေခွန်တွက်ချက်ရာတွင် ရရှိသောဒေသများစရိတ်များ တွက်ချက်ရခြင်း ရှိ/မရှိသိ ရှိလိုပါသည်။

ဘဏ်လုပ်ငန်းများအနေဖြင့် ပြည်ပနေနိုင်ငံခြားသား ကုမ္ပဏီများထံ အတိုးပေးငွေ လွှဲပြောင်း ရာတွင် Withholding Tax ၁၅% နှုတ်ယူပေးသွင်းရန်လိုအပ်ခြင်း ရှိ/မရှိ သိရှိလိုပါသည်။

Answer

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၄၇/ ၂၀၁၈ အရ  မြန်မာ နိုင်ငံအတွင်း၌ ပြည်ပနေနိုင်ငံခြားသား၏ ရုံးခွဲအဖြစ်မှတ်ပုံတင်ဖွဲ့စည်းထားခြင်း၊ အဆိုပါ ရုံးခွဲမှ ပြည်တွင်းဝင်ငွေနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ စည်းကြပ်မှုခံယူနေခြင်းဟူသည့် အချက် (၂) ချက်နှင့်ညီညွတ်ပါက အတိုးပေးငွေအပေါ် Withholding Tax နှုတ်ယူပေးသွင်းခြင်း မပြုရသော်လည်း အဆိုပါအချက်များနှင့် မကိုက်ညီသည့် ပြည်ပနေနိုင်ငံခြားသားနှင့်ပတ် သက်၍ အတိုးပေးငွေအပေါ်တွင် ၁၅ % နုတ်ယူပေးသွင်းရမည်ဖြစ်ပါသည်။

Question

ဘဏ်လုပ်ငန်းများအနေဖြင့် ပြည်ပနေနိုင်ငံခြားသား ကုမ္ပဏီများထံ အတိုးပေးငွေ လွှဲပြောင်း ရာတွင် Withholding Tax ၁၅% နှုတ်ယူပေးသွင်းရန်လိုအပ်ခြင်း ရှိ/မရှိ သိရှိလိုပါသည်။

တစ်လလျှင် ၇၀၀၀၀၀/- ကျပ်နှုန်းဖြင့် (၁-၈-၂၀၁၈ မှ ၃၁-၁-၂၀၁၉) ထိ (၆)လ ငှားရမ်း ထားသည့် ငှားရမ်းခရငွေအပေါ် ဝင်ငွေခွန် မည်မျှဆောင်ရမည်ကို သိရှိလိုပါသည်။

Answer

ဝင်ငွေခွန်စည်းကြပ်ခြင်းသည် ဝင်ငွေနှစ်တစ်နှစ်၏ စုစုပေါင်းဝင်ငွေအပေါ် တွက်ချက် စည်းကြပ်ရခြင်းဖြစ်ပါသည်။ (ဝင်ငွေနှစ်အတွင်း ၆ လသာ ငှားရမ်းမည်ဆိုပါက ကျန် ၆ လ ငှားရမ်းခြင်းမပြုကြောင်း အထောက်အထားများ တင်ပြရန်လိုအပ်ပါသည်။) တစ်ဦးချင်း ပုဂ္ဂိုလ်ဖြစ်ပါက တစ်နှစ်ငှားရမ်းခရငွေမှ ဝင်ငွေခွန်ဥပဒေ ပုဒ်မ-၆ အရ ၂၀% သက်သာခွင့်၊ အတူနေမိဘ၊ အိမ်ထောင်ဖက်နှင့်သားသမီးသက်သာခွင့်များ နုတ်ပယ်၍ ကျန်ငွေအပေါ် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ-၁၉၊ ပုဒ်မခွဲ (ဃ) အရ ၁၀% ဖြင့် ဝင်ငွေခွန် တွက်ချက်ပေးဆောင်ရမည် ဖြစ်ပါသည်။

Question

တစ်လလျှင် ၇၀၀၀၀၀/- ကျပ်နှုန်းဖြင့် (၁-၈-၂၀၁၈ မှ ၃၁-၁-၂၀၁၉) ထိ (၆)လ ငှားရမ်း ထားသည့် ငှားရမ်းခရငွေအပေါ် ဝင်ငွေခွန် မည်မျှဆောင်ရမည်ကို သိရှိလိုပါသည်။  

မိမိတို့ကုမ္ပဏီသည် ပြည်ပရှိအဖွဲ့အစည်းတစ်ခုထံမှ ချေးငွေရယူမည့်စာချုပ် ချုပ်ဆိုခဲ့ သော်လည်း ငွေချေးယူခြင်းမပြုသဖြင့် စာချုပ်ပါအတိုင်း လျော်ကြေးပေးငွေအပေါ် အမိန့် ကြော်ငြာစာအမှတ် ၄၇/၂၀၁၈ အရ Withholding Tax ဖြတ်ရန် လို/မလို သိရှိလို၍ မေးမြန်းခြင်းဖြစ်ပါသည်။

Answer

အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၈ အရ ပေးချေငွေအမျိုးအစားများတွင် လျော်ကြေးပေးငွေ ပါဝင်ခြင်း မရှိသည့်အတွက် Withholding Tax ဖြတ်တောက်ပေးသွင်းရန် မလိုအပ်ပါ။