ဘဏ္ဍာရေးနှစ်ပြောင်းလဲခြင်းအတွက် အကူးအပြောင်းကာလအတွင်းအခွန်ကောက်ခံမှုလုပ်ငန်းများအတွက် ဆောင်ရွက်သွားမည့် လုပ်ထုံးလုပ်နည်းများကိုကြိုတင်အသိပေးခြင်း
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
ဘဏ္ဍာရေးနှစ်ပြောင်းလဲခြင်းအတွက် အကူးအပြောင်းကာလအတွင်းအခွန်ကောက်ခံမှုလုပ်ငန်းများအတွက် ဆောင်ရွက်သွားမည့် လုပ်ထုံးလုပ်နည်းများကိုကြိုတင်အသိပေးခြင်း
၁။ ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၄၁ အရ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ နိုင်ငံတော်ကပြင်ဆင်သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်နှင့်အညီဝင်ငွေနှစ် သို့မဟုတ် ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေ ရရှိသောနှစ်များကို တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
၂။ ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၃၉၊ ပုဒ်မခွဲ(ခ) ပါပြဋ္ဌာန်းချက်အရ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှအပ ကျန်အခွန်ထမ်းအားလုံးအတွက် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိအကျိုးသက်ရောက်မည်ဖြစ်၍ အဆိုပါ ၆ လတာကာလနှင့်ပတ်သက်၍ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှအပဖြစ်သော ကျန်အခွန်ထမ်းအားလုံးအတွက် အောက်ဖော်ပြပါကိစ္စရပ်များနှင့် စပ်လျဉ်းသောသတ်မှတ်ချက် လုပ်ထုံးလုပ်နည်းများကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website (www.ird.gov.mm) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းအသိပေးအပ်ပါသည်-
(က) ကြေညာလွှာ တင်သွင်းခြင်း
(ခ) စည်းကြပ်နှစ် သတ်မှတ်ချက်
(ဂ) လိုက်နာကျင့်သုံးမည့် လုပ်ထုံးလုပ်နည်း။
ပြည်တွင်းအခွန်များဦးစီးဌာန