ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။

Oct 04, 2023 IRD Admin

နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ၏ (၁၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ စက်တင်ဘာလ ၂၉

          ပြည်တွင်းအခွန်များဦးစီးဌာန၊ နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ (Technical Review Committee TRC) ၏ (၁၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် (၄၆) ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၉-၉-၂၀၂၃ ရက်နေ့၊ နံနက် ၉:၃၀ ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ပြုပြင်)က ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးသို့ နည်းပညာလေ့လာသုံးသပ်ရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက် ခဲ့ကြပြီး အခွန်ဆိုင်ရာနည်းပညာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။