ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။
နေပြည်တော် ၊ ဩဂုတ်လ ၁၁
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊
မြို့နယ်အခွန်ဦးစီး ဌာနမှူးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၈၅)
သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊
ရုံးအမှတ် (၄၆) ၌ ကျင်းပရာ အခမ်းအနားသို့
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊
ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းတွင်
အခွန်ဆိုင်ရာမူဝါဒ၊ ဥပဒေ၊ နည်းဥပဒေနှင့်စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ခေတ်နှင့်အညီပြုပြင်ပြောင်းလဲ
နေသည့် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများ၊ စာရင်းကိုင်ပညာ၊
အခွန်ဆိုင်ရာစာရင်းစစ်ဆေးခြင်း၊ ICT နည်းပညာကိုအသုံးပြု၍ အခွန်စည်းကြပ်ကောက်ခံခြင်း၊
ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဆိုင် ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည်များ၊
လက်တွေ့လုပ်ငန်းတွင် တွေ့ ကြုံရမည့်အခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်သည့်နည်းလမ်းများကို
လက်တွေ့နှင့် စာတွေ့ပေါင်းစပ်ပြီး သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူးများ
အနေဖြင့် အရည်အသွေးနှင့်စွမ်းဆောင်ရည်ပြည့်ဝစေရန်၊ ရုံးလုပ်ငန်းစီမံခန့်ခွဲမှုအရည်အချင်း
များ တိုးတက်မြင့်မားလာစေရန်နှင့် အခွန်စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များတွင် ပိုမိုကျွမ်းကျင်
စွာဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်
ပို့ချပေးနေခြင်းဖြစ်ကြောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူးများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်
အခွန်ရုံးများတွင် အခွန်စည်းကြပ်ကောက်ခံမှုလုပ်ငန်းများကို အဓိကတာဝန်ယူဆောင်ရွက် နေကြသူများဖြစ်၍
အခွန်ငွေများအား လျာထားချက်ပြည့်မီကျော်လွန်စွာ ကောက်ခံနိုင်ရေး အတွက် အားထုတ်ကြိုးပမ်းကြစေလိုကြောင်း၊
တစ်ဖက်တွင်လည်း အခွန်ထမ်းပြည်သူများ အား အခွန်ဆိုင်ရာကိစ္စရပ်များ သိရှိနားလည်သဘောပေါက်လာအောင်
အသိပညာပေး စည်းရုံးဆောင်ရွက်သွားကြရန် မှာကြားသည်။
ယခုဖွင့်လှစ်သည့် သင်တန်းသို့
ပြည်တွင်းအခွန်များဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား/သင်တန်းသူ
စုစုပေါင်း (၄၆) ဦး တက်ရောက်ကြပြီး၊ သင်တန်းကာလမှာ
ရက် သတ္တရှစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။