ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။

Nov 04, 2022 IRD Admin

အကျိုးအမြတ်မယူသော အဖွဲ့အစည်းများသို့ အခွန်ထမ်းမှတ်ပုံတင်အမှတ်(TIN) ထုတ်ပေးခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခြင်း

နေပြည်တော်၊ အောက်တိုဘာလ ၃၁ ရက်

     အကျိုးအမြတ်မယူသော အဖွဲ့အစည်းများသို့ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) ထုတ်ပေးခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းတို့နှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ၃၁-၁၀-၂၀၂၂ (တနင်္လာနေ့)၊ နေ့လယ် ၁၃:၀၀ နာရီတွင် ပြည်တွင်းအခွန်များဦးစီး ဌာန အစည်းအဝေးခန်းမ၊ ရုံးအမှတ်(၄၆)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။      

     လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အခွန်ဆိုင်ရာကြီးကြပ်ရေးဌာနခွဲ ညွှန်ကြားရေးမှူးက အကျိုးအမြတ်မယူသော အဖွဲ့အစည်းများသို့ အခွန်ထမ်းမှတ်ပုံတင်အမှတ်(TIN) ထုတ်ပေးခြင်း နှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေး ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာဝန်ကြီးဌာန (၁၄) ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။