ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။
နေပြည်တော်၊ မတ်လ ၁၁
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊
အခွန်ဆိုင်ရာအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ
ပြည်တွင်း အခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) ၌ ကျင်းပရာ
အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊
အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား/
သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက
နိုင်ငံတော်ကိုခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတစ်နိုင်ငံ အဖြစ်တည်ဆောက်ရာတွင်
နိုင်ငံတော်အတွက် ဘဏ္ဍာငွေရရှိမှုသည် အဓိက အသက်သွေးကြော ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေ ရရှိမှုလမ်းကြောင်းများတွင်
“အခွန်မှရငွေ” သည် ပြည်သူများ ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများအတွက်
အရေးအကြီးဆုံးနှင့် အခိုင်မာဆုံးသော အရင်းအမြစ် တစ်ခုဖြစ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့်
ယခုသင်တန်းမှရရှိသည့်အခွန်ဆိုင်ရာ အသိပညာများကိုအခြေခံပြီး ဆက်လက်လေ့လာသွားကြရန်
လိုအပ်ပါကြောင်း၊ သင်တန်းသားများ သည် ပြည်သူ့ဝန်ထမ်းများဖြစ်ကြ၍ “ဝန်ထမ်းကောင်းမှ
နိုင်ငံကောင်းမည်” ဟူသည့်ဆောင်ပုဒ် အတိုင်း
နိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
စောင့်ထိန်းရမည့်ကျင့်ဝတ်သိက္ခာများကို လိုက်နာစောင့်ထိန်းပြီး
တတ်သိကျွမ်းကျင်ရမည့်ပညာရပ်များကို အမြဲလေ့လာဆည်းပူးကာ နိုင်ငံနှင့် ပြည်သူ့အကျိုးစီးပွားကို
စိတ်စေတနာအရင်းခံဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက် ကြရန်
လမ်းညွှန်မှာကြားသည်။