အိမ်ငှားရမ်းခြင်း စာချုပ်ချုပ်ဆိုထား၍ ကုမ္ပဏီက အိမ်ခန်းငှားရမ်းပေးလျှင် ငှား ရမ်းခကို ဝန်ထမ်း၏ခံစားခွင့်ဟု သတ်မှတ်ပြီး အခွန်ကျသင့်ခြင်းရှိမရှိနှင့် ငှားရမ်းခ အား လစာဝင်ငွေခွန်တွင် ထည့်သွင်းတွက်ချက်ရန် လိုအပ်ခြင်းရှိ/ မရှိ မေးမြန်း လာခြင်း

Answer

ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့်ဥပဒေအရ ဝင်ငွေခွန်ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) တွင် "လစာ နှင့် လုပ်ခအစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်းရရှိ သည့် အခကြေးငွေ၊ ကော်မရှင်" ဟု ပြဋ္ဌာန်းထားသော်လည်း ကုမ္ပဏီက နိုင်ငံခြားသား ဝန်ထမ်းအတွက် အိမ်ငှားရမ်းပေးခြင်းကို အခကြေးငွေဟုလက်ရှိ သတ်မှတ်ထား ခြင်းမရှိသဖြင့် လစာဝင်ငွေခွန်တွက်ချက်ရာတွင် ထည့်သွင်းတွက်ချက်ရန် မလိုအပ် ပါ။ ငှားရမ်းခအဖြစ် ထပ်ဆောင်းရရှိလျှင်မူ ထည့်သွင်းတွက်ချက်ရမည်ဖြစ် ပါသည်။

Question

Deloitte Consulting (Myanmar) Limited မှ နိုင်ငံခြားသားဝန်ထမ်း နေ ထိုင်ရန်အတွက် Deloitte Consulting (Myanmar) Limited နှင့် အိမ်ပိုင်ရှင် သော်လည်းကောင်း (သို့) နိုင်ငံခြားသားဝန်ထမ်းနှင့် အိမ်ပိုင်ရှင်သော်လည်းကောင်း အိမ်ငှားရမ်းခြင်း စာချုပ်ချုပ်ဆိုထား၍ ကုမ္ပဏီက အိမ်ခန်းငှားရမ်းပေးလျှင် ငှား ရမ်းခကို ဝန်ထမ်း၏ခံစားခွင့်ဟု သတ်မှတ်ပြီး အခွန်ကျသင့်ခြင်းရှိမရှိနှင့် ငှားရမ်းခ အား လစာဝင်ငွေခွန်တွင် ထည့်သွင်းတွက်ချက်ရန် လိုအပ်ခြင်းရှိ/ မရှိ မေးမြန်း လာခြင်း။

ရုံးကိစ္စများဆောင်ရွက်ရန် တယ်လီဖုန်း၊ Sim Card၊ Laptop များကိုကုမ္ပဏီမှ ဝယ်ယူ၍ ဝန်ထမ်းအား အပိုင်ပေးသည့်အပေါ် ဝန်ထမ်းလစာဝင်ငွေတွက်ချက်ရာ၌ ထည့်သွင်းတွက်ချက်ရခြင်း ရှိ/ မရှိမေးမြန်းခြင်း

Answer

ရုံးကိစ္စများဆောင်ရွက်ရန် တယ်လီဖုန်း၊ Sim Card၊ Laptop များကိုကုမ္ပဏီမှ ဝယ်ယူ၍ ဝန်ထမ်းအားအပိုင်ပေးသည့်အပေါ် ဝန်ထမ်းလစာဝင်ငွေတွက်ချက်ရာ၌ ထည့်သွင်းတွက်ချက်ရခြင်းမရှိပါ။

Question

ရုံးကိစ္စများဆောင်ရွက်ရန် တယ်လီဖုန်း၊ Sim Card၊ Laptop များကိုကုမ္ပဏီမှ ဝယ်ယူ၍ ဝန်ထမ်းအား အပိုင်ပေးသည့်အပေါ် ဝန်ထမ်းလစာဝင်ငွေတွက်ချက်ရာ၌ ထည့်သွင်းတွက်ချက်ရခြင်း ရှိ/ မရှိမေးမြန်းခြင်း။

အလုပ်မှထုတ်ပယ်နစ်နာကြေးပေးအပ်ငွေတို့အပေါ် ၂၀၁၆ ခုနှစ် အခကြေး ငွေပေးချေရေးဥပဒေတွင် အဆိုပါနစ်နာကြေးကို အခကြေးငွေအဖြစ် သတ်မှတ် ထားခြင်းမရှိပါ၍ လစာဝင်ငွေ၌ ထည့်ပေါင်းတွက်ချက်ရခြင်း ရှိ/ မရှိ မေးမြန်း ခြင်း

Answer

အလုပ်ရှင်က လုပ်ငန်းရပ်ဆိုင်းမည်ဖြစ်သဖြင့် ခန့်အပ်ထားသောဝန်ထမ်းများအား နစ်နာကြေးပေးအပ်ငွေနှင့် လုပ်ငန်း၌ ဝန်ထမ်းအား ဆက်လက်ထားလိုခြင်းမရှိ သဖြင့် အလုပ်မှထုတ်ပယ်နစ်နာကြေး ပေးအပ်ငွေတို့အပေါ် ဝင်ငွေခွန်ဥပဒေပုဒ်မ ၉ အရ လစာခေါင်းစဉ်မှ ဝင်ငွေအဖြစ် ပြဋ္ဌာန်းထားခြင်းမရှိပါ၍ လစာဝင်ငွေ၌ ထည့် ပေါင်းတွက်ချက်ရခြင်း မရှိပါ။

Question

အလုပ်ရှင်က လုပ်ငန်းရပ်ဆိုင်းမည်ဖြစ်သဖြင့် ခန့်အပ်ထားသောဝန်ထမ်းများအား နစ်နာကြေးပေးအပ်ငွေနှင့် လုပ်ငန်း၌ဝန်ထမ်းအား ဆက်လက်ထားလိုခြင်း မရှိ သဖြင့် အလုပ်မှထုတ်ပယ်နစ်နာကြေးပေးအပ်ငွေတို့အပေါ် ၂၀၁၆ ခုနှစ် အခကြေး ငွေပေးချေရေးဥပဒေတွင် အဆိုပါနစ်နာကြေးကို အခကြေးငွေအဖြစ် သတ်မှတ် ထားခြင်းမရှိပါ၍ လစာဝင်ငွေ၌ ထည့်ပေါင်းတွက်ချက်ရခြင်း ရှိ/ မရှိ မေးမြန်း ခြင်း။

ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုက ရတနာတူးဖော်ရာတွင် အသုံး ပြုသည့် မြေတူးစက်အစီး(၂၀)မှာ ပုံသေပိုင်ပစ္စည်းစာရင်း၌ပါဝင်ပြီး ယခုအခါ အသုံးပြု၍ မရတော့ပါကြောင်း စက်ယန္တရားအသစ်များအား ဝယ်ယူထည့်သွင်း အသုံးပြုနေပါကြောင်း၊ အသုံးပြု၍မရတော့သော စက်ယန္

Answer

အသုံးပြု၍ရသောအပိုင်းကို ဖြုတ်ယူရောင်းချထားပြီး အသုံးပြု၍မရသောအပိုင်းမှာ ကျန်ရှိ နေသော စက်ယန္တရားများအတွက် ရောင်းချစဉ်၌ ယင်းစက်ယန္တရားများအား ရောင်းချထား ကြောင်းကို ဝင်ငွေခွန်နည်းဥပဒေ ၅(က) အရ ရောင်းချသည့်နေ့မှ ရက်ပေါင်း(၃၀) အတွင်း သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူးရုံးသို့ ဝင်ငွေကြေငြာလွှာ ပေးပို့တင်ပြရမည်ဖြစ်ပါသည်။ စက်ယန္တရားများ၏ ရောင်းချတန်ဖိုးကို မော်တော်ယာဉ်တန်ဖိုးဖြတ်အဖွဲ့သို့ တင်ပြရမည်ဖြစ်ပြီး ယင်းအဖွဲ့၏ သတ်မှတ်တန်ဖိုးမှ အခြေပစ္စည်းအတွက် အမှန်ကုန်ကျခဲ့သည့်မူလတန်ဖိုးနှင့် ယင်းပစ္စည်းအား ဖြည့်စွက်ခြင်းအတွက် ကုန်ကျသည့် မတည်စရိတ်များကိုပေါင်းပြီး ထိုတန်ဖိုး စုစုပေါင်းမှ ယင်းပစ္စည်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအခွန်ထမ်းအား ဥပဒေအရ ခွင့်ပြုထားပြီး ဖြစ်သော စုစုပေါင်း တန်ဖိုးလျော့ငွေကိုနုတ်ပယ်၍ ကျန်ရှိသော အသားတင်တန်ဖိုးအပေါ် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၂၇(ခ) အရ ဝင်ငွေခွန်တစ်ဆယ် ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ပါသည်။ နှစ်တစ်နှစ်အတွင်း အခြေပစ္စည်းရောင်းချတန်ဖိုး စုစုပေါင်း သည် ကျပ်သိန်း ၁၀၀ ထက် မပိုပါက ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၂၈ အရ ဝင်ငွေခွန် ကျသင့်ခြင်းမရှိပါ။

Question

ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုက ရတနာတူးဖော်ရာတွင် အသုံး ပြုသည့် မြေတူးစက်အစီး(၂၀)မှာ ပုံသေပိုင်ပစ္စည်းစာရင်း၌ပါဝင်ပြီး ယခုအခါ အသုံးပြု၍ မရတော့ပါကြောင်း စက်ယန္တရားအသစ်များအား ဝယ်ယူထည့်သွင်း အသုံးပြုနေပါကြောင်း၊ အသုံးပြု၍မရတော့သော စက်ယန္တရားများအား စာရင်းမှပယ်ဖျက်ချင်ပါကြောင်း မည်သို့ ဆောင်ရွက်ရပါကြောင်း သိလိုသဖြင့်မေးမြန်းခြင်း။

စင်္ကာပူလေကြောင်းလိုင်းမှတာဝန်ရှိသူတစ်ဦးက ၄င်းတို့လေကြောင်းလိုင်းမှ လေယာဉ်များ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ရပ်နားစဉ်၌ လမ်းကြောင်းရှင်းလင်းရန် လိုအပ်သည့် အတွက် ပြည်တွင်းရှိ Branch ကုမ္ပဏီတစ်ခုသို့ရှင်းလင်းရေး၀န်ဆောင်မှု လုပ်ငန်းအပ်နှံပြီး ပေးချေငွေ အပေ

Answer

စင်္ကာပူလေကြောင်းကုမ္ပဏီကပြည်တွင်းရှိ Branch ကုမ္ပဏီထံသို့ ဝန်ဆောင်မှုဆောင်ရွက်ခြင်း အတွက် ပေးချေငွေအပေါ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာအမှတ် ၄၁/၂၀၁၀ အရ WHT ပင်ရင်းမှ နုတ်ယူပေးသွင်းခွန် ၃.၅ % နုတ်ယူပေးသွင်းပြီးမှ ငွေပေးချေ ရန်ဖြစ်ပါသည်။

Question

စင်္ကာပူလေကြောင်းလိုင်းမှတာဝန်ရှိသူတစ်ဦးက ၄င်းတို့လေကြောင်းလိုင်းမှ လေယာဉ်များ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ရပ်နားစဉ်၌ လမ်းကြောင်းရှင်းလင်းရန် လိုအပ်သည့် အတွက် ပြည်တွင်းရှိ Branch ကုမ္ပဏီတစ်ခုသို့ရှင်းလင်းရေး၀န်ဆောင်မှု လုပ်ငန်းအပ်နှံပြီး ပေးချေငွေ အပေါ်တွင် WHT မည်သည့် ရာခိုင်နှုန်းဖြင့် နုတ်ယူပေးသွင်း ရမည်ကိုသိရှိလို၍ မေးမြန်းခြင်း။

ကုမ္ပဏီရှိတာ၀န်ရှိသူတစ်ဦးကကုမ္ပဏီ၏စီးပွားရေး လုပ်ငန်းလုပ်ကိုင်၍ အခွန်ပေးဆောင်ပြီး အမြတ်၀င်ငွေအား အမြတ်ဝေစုခွဲဝေပေးခြင်းမပြုဘဲ ကုမ္ပဏီ၌ ပြန်လည်ရင်းနှီးမြုပ်နှံခြင်း အပေါ် အခွန်ပေးဆောင်ရန် လို/မလို သိရှိလို၍ မေးမြန်းခြင်း။

Answer

ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းလုပ်ကိုင်၍ ယင်းလုပ်ငန်းအပေါ် ကျသင့်သည့်အခွန် ပေးဆောင်ထားပြီး၊ ကျန်အသားတင်ဝင်ငွေအား ရှယ်ယာရှင်များက အမြတ်​ဝေစုခွဲ​ဝေကြခြင်း မရှိဘဲ ကုမ္ပဏီ၌ထပ်မံ၍ အရင်းအနှီးတိုးချဲ့လုပ်ကိုင်ခြင်းအပေါ် အခွန်ပေးဆောင်ရန်မလိုပါ။ အခွန်ပေးဆောင်ပြီး အမြတ်၀င်ငွေအားပြန်လည်ရင်းနှီးမြုပ်နှံမှုအပေါ်၌ အခွန်ထပ်မံပေးဆောင် ရခြင်းမရှိပါ။

Question

ကုမ္ပဏီရှိတာ၀န်ရှိသူတစ်ဦးကကုမ္ပဏီ၏စီးပွားရေး လုပ်ငန်းလုပ်ကိုင်၍ အခွန်ပေးဆောင်ပြီး အမြတ်၀င်ငွေအား အမြတ်​ဝေစုခွဲဝေပေးခြင်းမပြုဘဲ ကုမ္ပဏီ၌ ပြန်လည်ရင်းနှီးမြုပ်နှံခြင်း အပေါ် အခွန်ပေးဆောင်ရန် လို/မလို သိရှိလို၍ မေးမြန်းခြင်း။

တရုတ်နိုင်ငံ၏ ကုန်အမှတ်တံဆိပ်ဖြစ်သည့် မော်တော်ဆိုင်ကယ် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ကို အသုံးပြု၍ မြန်မာနိုင်ငံတွင် ပြန်လည်ရောင်းချသည့်အတွက် ပြည်တွင်းကုမ္ပဏီက တရုတ် နိုင်ငံသို့ ပေးချေငွေအပေါ်တွင် WHT မည်သည့် ရာခိုင်နှုန်းဖြင့် နုတ်ယူပေးသွင်းရမည်ကို သိရှိလိ

Answer

တရုတ်နိုင်ငံ၏ ကုန်အမှတ်တံဆိပ်ဖြစ်သည့် မော်တော်ဆိုင်ကယ် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ကို မြန်မာနိုင်ငံတွင် သုံးစွဲသည့်အတွက်ပေးချေငွေအပေါ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန အမိန့် ကြော်ငြာစာအမှတ်၊ ၄၁/၂၀၁၀ အမှတ်စဉ် (၂) တွင် လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင် အခွင့်အရေးစသည်တို့ကို အသုံးချခွင့်ပြုသည့်အတွက် ပြည်ပနေနိုင်ငံခြားသားသို့ ပေးသည့်ငွေမှ ပင်ရင်းမှနုတ်ယူ ပေးသွင်းခွန် WHT ၂၀% နုတ်ယူ ပေးသွင်းရမည်ဖြစ်ပါသည်။

Question

တရုတ်နိုင်ငံ၏ ကုန်အမှတ်တံဆိပ်ဖြစ်သည့် မော်တော်ဆိုင်ကယ် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ကို အသုံးပြု၍ မြန်မာနိုင်ငံတွင် ပြန်လည်ရောင်းချသည့်အတွက် ပြည်တွင်းကုမ္ပဏီက တရုတ် နိုင်ငံသို့ ပေးချေငွေအပေါ်တွင် WHT မည်သည့် ရာခိုင်နှုန်းဖြင့် နုတ်ယူပေးသွင်းရမည်ကို သိရှိလို၍မေး မြန်းခြင်း။

မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင်ပြုလုပ်ချိန်တွင် One Stop Service (OSS) အစီ အစဉ်ဖြင့် ကြိုတင်ဝင်ငွေခွန် ကောက်ခံမည်ဟုသိရှိရပါကြောင်း၊ မည်သည့်တန်ဖိုးအပေါ် မည်သည့်နှုန်းထားဖြင့် တွက်ချက်ကောက်ခံပါကြောင်း၊ မည်သည့်အချိန်၌ စတင်ဆောင်ရွက် မည်ဖြစ်ပါကြောင်း သိလိုသဖြင

Answer

မော်တော်ကားများနှင့်ပတ်သက်၍ ကနဦးမှတ်ပုံတင်ပြုလုပ်ချိန်တွင် One Stop Service  (OSS) အစီအစဉ်ဖြင့် ကြိုတင်ဝင်ငွေခွန်ကောက်ခံနိုင်ရေးအတွက် လုပ်ငန်းစီမံချက်ဖြင့် ရန်ကုန်မြို့ရှိ၊ အမှတ် (၆၂)၊ ပထမထပ်၊ ပန်းဆိုးတန်းလမ်း(အောက်)၊ ကျောက်တံတားမြို့နယ်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနတွင်  ၁-၆-၂၀၁၆ နေ့မှစတင်၍ One Stop Services အစီ အစဉ်ဖြင့် စတင်ကောက်ခံဆောင်ရွက်ခဲ့ပါသည်။ မန္တလေးမြို့၊ ၆၅ လမ်း၊ ၂၂ x ၂၃ ကြားရှိ တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံးတွင်လည်း ၁-၆-၂၀၁၆ ရက်နေ့မှ စတင်၍ ဆောင်ရွက် လျက်ရှိပါသည်။ ၄င်းမှာ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-ခ အရ အခွန်စိစစ်တန်ဖိုးအပေါ် ကြိုတင် ဝင်ငွေခွန်ကောက်ခံခြင်းသာဖြစ်၍ အခွန်စိစစ်တန်ဖိုးမှာ အကောက်ခွန်စည်းကြပ်တန်ဖိုး၊ ယင်း အပေါ်ကျသင့် အကောက်ခွန်နှင့် ကျသင့်ကုန်သွယ်လုပ်ငန်းခွန် ယင်းအခွန်စိစစ်တန်ဖိုးအပေါ်  (၁၈၀၀ CC အထက် မော်တော်ကားများဖြစ်ပါက အထူးကုန်စည်ခွန်ကိုပါ ပေးဆောင်ရမည် ဖြစ်၍ ယင်းတန်ဖိုးအပါအ၀င် ) ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၂၄ အရ ၀င်ငွေခွန် ၁၅% မှ ၃၀% ထိ တွက်ချက်ကောက်ခံမည်ဖြစ်ပါသည်။ ကုမ္ပဏီများမှ တင်သွင်းယာဉ်မှတ်ပုံတင်ခြင်းဖြစ်ပါက ကနဦးမှတ်ပုံတင်ခြင်းအတွက် ကြိုတင်ဝင်ငွေခွန် ၂ % ပေးဆောင်ရမည်ဖြစ်ပါသည်။ ပြည်ပမှ လူပုဂ္ဂိုလ်အမည်ဖြင့် တင်သွင်းခြင်းအတွက် ကနဦး မှတ်ပုံတင်ဆောင်ရွက်ပါက လူပုဂ္ဂိုလ် နေထိုင်ရာမြို့နယ်အခွန် ဦးစီးဌာနမှူးရုံး၌ ယာဉ်အခွန် စိစစ်တန်ဖိုးအပေါ် ဝင်ငွေရလမ်းရှိပါက တင်ပြနိုင်၍ စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေ မရှိပါက ပေးသွင်းကြိုတင်ဝင်ငွေခွန်အား ပြန်အမ်းငွေအဖြစ် ထုတ်ပေးမည်ဖြစ်ပါသည်။ ကနဦး ယာဉ်မှတ်ပုံတင်ရာတွင် ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရန်မလိုအပ်သူများမှာ ယာဉ်အို ယာဉ်ဟောင်းအပ်နှံ ပြေစာ (စလစ်)ဖြင့် တင်သွင်းခွင့်ပြုယာဉ်များ၊ ပြည်ထောင်စု (သို့) တိုင်းဒေသကြီး/ ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ခွင့်ပြုရန်ပုံငွေဖြင့် တင်သွင်းမော်တော် ယာဉ်များ၊ နာရေးယာဉ်များ၊ မီးသတ်ယာဉ်များ၊ ဘာသာရေးကုသိုလ်ရေးသက်သက် ဆောင်ရွက်သည့် အဖွဲ့အစည်းပိုင်ယာဉ်များ၊ နိုင်ငံတော်၏လုပ်ငန်းဌာနအဖွဲ့အစည်းများ၊ စီမံကိန်းများတွင်အသုံးပြုရန် လှူဒါန်းသည့် (သို့) ထောက်ပံ့သည့်ယာဉ်များ၊ သံတမန်များ၊ သံရုံးများနှင့် ကုလသမဂ္ဂအဖွဲ့ အစည်းများက တင်သွင်းသည့် မော်တော်ယာဉ်များနှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်းတင်သွင်း ယာဉ်များ အပေါ် ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရန် မလို အပ်ပါ။

Question

မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင်ပြုလုပ်ချိန်တွင် One Stop Service (OSS) အစီ အစဉ်ဖြင့် ကြိုတင်ဝင်ငွေခွန် ကောက်ခံမည်ဟုသိရှိရပါကြောင်း၊ မည်သည့်တန်ဖိုးအပေါ် မည်သည့်နှုန်းထားဖြင့် တွက်ချက်ကောက်ခံပါကြောင်း၊ မည်သည့်အချိန်၌ စတင်ဆောင်ရွက် မည်ဖြစ်ပါကြောင်း သိလိုသဖြင့်မေးမြန်းခြင်း။

ပြည်တွင်းရှိ အာမခံလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုက အသက်အာမခံထားရှိ၍ ပြန်လည် ထုတ်ပေးသည့်ငွေအပေါ် WHT နုတ်ယူရခြင်း ရှိ/မရှိ မေးမြန်းခြင်း။

Answer

အသက်အာမခံထားရှိ၍ ပြန်လည်ထုတ်ပေးငွေသည် ဝင်ငွေခွန်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ (က) (၅) အရ အာမခံပေါ်လစီအတွက် ထုတ်ပေး၍ ရရှိငွေဖြစ်သောကြောင့် ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိမည် ဖြစ်သဖြင့် ပင်ရင်းမှနုတ်ယူပေးသွင်းသည့်အခွန် WHT နုတ်ယူရန်မလိုပါ။

Question

ပြည်တွင်းရှိ အာမခံလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုက အသက်အာမခံထားရှိ၍ ပြန်လည် ထုတ်ပေးသည့်ငွေအပေါ် WHT နုတ်ယူရခြင်း ရှိ/မရှိ မေးမြန်းခြင်း။

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက ၂၀၁၅ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး ၎င်းကုမ္ပဏီအနေဖြင့် ဝင်ငွေ ရရှိခြင်းမရှိသေးဘဲ စရိတ်သာကုန်ကျထားသည့်အတွက် ဘဏ္ဍာနှစ်ကုန်တွင်ဝင်ငွေကြေညာလွှာ တင်သွင်းရန် လို/မလို သိရှိလို၍ မေးမြန်းခြင်း။

Answer

ကုမ္ပဏီဖွဲ့စည်းတည်ထောင်ထားပါက မြန်မာနိုင်ငံ ကုမ္ပဏီအက်ဥပဒေအရ ဘဏ္ဍာနှစ် ကုန်ဆုံး သည့်အခါ နှစ်ချုပ်စာရင်းအား  မြန်မာနိုင်ငံစာရင်းကိုင်စံနှုန်းများအတိုင်း ရေးသွင်းပြုစုပြီး ဝင်ငွေခွန် စည်းမျဉ်းပါထားရှိရမည့် စာရင်းဇယားများနှင့်အတူ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇ (က) အရ ဝင်ငွေကြေညာလွှာကို ဝင်ငွေနှစ် ကုန်ဆုံးပြီး (၃) လအတွင်း သက်ဆိုင်ရာ ကုမ္ပဏီ များဆိုင်ရာအခွန်ရုံးသို့ တင်သွင်းရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက ၂၀၁၅ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး ၎င်းကုမ္ပဏီအနေဖြင့် ဝင်ငွေ ရရှိခြင်းမရှိသေးဘဲ စရိတ်သာကုန်ကျထားသည့်အတွက် ဘဏ္ဍာနှစ်ကုန်တွင်ဝင်ငွေကြေညာလွှာ တင်သွင်းရန် လို/မလို သိရှိလို၍ မေးမြန်းခြင်း။