မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေဖြည့်ဆည်းခြင်း၊ အခွန်ဘဏ္ဍာဆိုင်ရာ ကာလလတ် မဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

နေပြည်တော် နိုဝင်ဘာလ  ၅

   နေပြည်တော်၊ Hilton Hotel တွင် ၅-၁၁-၂၀၁၈ ရက်နေ့ နံနက် ၉:၀၀ နာရီ၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)တို့ ဦးဆောင်၍ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေဖြည့်ဆည်းခြင်း၊ အခွန်ဘဏ္ဍာဆိုင်ရာ ကာလလတ် မဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

   အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး) ဒေါ်မြမြဦး၊ အခွန်မူဝါဒနှင့်သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတင်ထွေး၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးခိုင်လျှံကျင့်ထန်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။