မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၆၅) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

ရန်ကုန် နိုဝင်ဘာ ၂၃

   ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ၊ အစည်းအဝေးခန်းမ၊ ရန်ကုန်၌ ၂၃-၁၁-၂၀၁၈ ရက်နေ့ နေ့လည် ၁၃:၀၀ နာရီတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၆၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ အခမ်းအနားတွင် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် တက်ရောက်၍ သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ပါသည်။

   အဆိုပါအခမ်းအနားသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းသား/သင်တန်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၅)ပတ်ကြာမြင့်မည်ဖြစ်ကာ  တက်ရောက်မည့် သင်တန်းသားဦးရေ မှာ (၅၀)ဦးဖြစ်ပါသည်။