ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု အခြေအနေ

နေပြည်တော် နိုဝင်ဘာလ ၂၃

    ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၃၁၈.၄၅၇ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၄.၄၄ % ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိ မှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၃၁.၈၄၁ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၀၁၅ ဘီလီယံ နှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၂၈၆.၆၀၁ ဘီလီယံပါဝင်ကြောင်း သိရှိရပါသည်။

    ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာကုန်အထိ အခွန်တစ်မျိုးချင်းကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၁၆၈.၅၇၂ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၈၃.၆၇၇ ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် ၄၅.၀၀၈ ဘီလီယံ၊ ရတနာခွန် ကျပ် ၀.၀၀၁ ဘီလီယံ၊ တံဆိပ် ခေါင်းခွန် ကျပ် ၈.၀၇၄ ဘီလီယံ နှင့် အောင်ဘာလေသိန်းဆုခွန် ကျပ် ၁၃.၁၂၅ ဘီလီယံ တို့ဖြစ်ကြောင်း သိရှိရပါသည်။