တရုတ်နိုင်ငံသားနှစ်ဦးပါဝင်သော အိမ်တွင်းအလှဆင်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်မည့် ကုမ္ပဏီတစ်ခုအနေဖြင့် မည်သည့်အခွန်များ ပေးဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း။

Answer

အိမ်တွင်းအလှဆင်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ဃ)ပါ ကုန်သွယ်လုပ်ငန်းခွန် မကျသင့် သည့်ဝန်ဆောင်မှု (၂၉) မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မခွဲ ( င ) အရ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။ ၎င်းအိမ်တွင်းအလှဆင်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်းဝန်ဆောင်မှုလုပ် ငန်းသည် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်သဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၁ ( က ) အရ ပုံစံပတခ(ကသခ)-၁ဖြင့် မှတ်ပုံတင်ရမည်ဖြစ်ပြီး ပုဒ်မ ၁၁(ခ) အရ ပုံစံ ပတခ (ကသခ)-၃ ဖြင့် လုပ်ငန်းစတင်လုပ်ကိုင် ကြောင်းအကြောင်းကြားစာတို့ကို သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူးထံတင်ပြ၍ လုပ်ငန်းရှင်အားမှတ်ပုံတင် ခွင့်ပြုကြောင်းထုတ်ပေးသည့် ပုံစံ ပတခ (ကသခ) - ၂ ကို လျှောက်ထားရယူရမည်ဖြစ်ပါသည်။ ၎င်းအိမ်တွင်း အလှဆင် ဝန်ဆောင်မှုလုပ်ငန်းမှ ၀င်ငွေရရှိပါက ယင်းငွေအပေါ်ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်ကို ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၂ ( က ) အရ သက်ဆိုင်ရာ လကုန်ဆုံးပြီး တစ်ဆယ်ရက် အတွင်း ပေးဆောင်ရမည်ဖြစ်ပါသည်။ ထို့ပြင် သုံးလတစ်ကြိမ် ကြေညာလွှာကို သက်ဆိုင်ရာ သုံးလ ပတ်ကုန်ဆုံးပြီးနောက်တစ်လအတွင်း သက်ဆိုင်ရာအခွန်ဦးစီးဌာနမှူးရုံးသို့ ပေးပို့ရ မည်ဖြစ်ပါသည်။

Question

တရုတ်နိုင်ငံသားနှစ်ဦးပါဝင်သော အိမ်တွင်းအလှဆင်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်မည့် ကုမ္ပဏီတစ်ခုအနေဖြင့် မည်သည့်အခွန်များ ပေးဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း။

ဌာနပိုင် မြေငှားရမ်းခအပေါ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည့် ရာခိုင်နှုန်းနှင့် မည်သည့်ကာလမှ စတင်ကောက်ခံပေးသွင်းရမည်ဖြစ်ကြောင်းသိရှိလိုခြင်း၊ ထိုသို့ပေးဆောင် ရမည်ဖြစ်ကြောင်း ဌာနဆိုင်ရာများသို့ အကြောင်းကြားထားမှု ရှိ/မရှိ သိရှိလိုခြင်း။

Answer

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ (ခ)အရ မြေငှားရမ်းပေးသည့် ဌာနအနေဖြင့် မြေငှားရမ်းသူထံမှ ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါတည်း ကောက်ခံပြီး ပေးသွင်းရပါ မည်။   ဝန်ဆောင်မှုလုပ်ငန်းများအတွက် ကုန်သွယ်လုပ်ငန်းခွန် အခွန်နှုန်းထားများကို ၂၀၁၄ ခုနှစ်မှစ၍ နှစ်စဉ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် ပြဌာန်းသတ်မှတ် ပေးလျက်ရှိပြီး အခွန်နှုန်းထားမှာ ၅% ဖြစ်ပါ သည်။ ဌာနပိုင် မြေ/ အဆောက်အဦ ငှားရမ်းခများအပေါ် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါတည်းကောက်ခံပြီး သက် ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့  ပေးသွင်းရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၏ ၁၅-၅-၂၀၁၅ ရက်နေ့ ရက်စွဲပါ စာအမှတ် ၁၂၆၃/ ၃၃၅  လုပ်ငန်းခွန် ၁-၁၈/ အဖရ (၂၀၁၅) ဖြင့် အစိုးရဌာနများအသီးသီးသို့ အကြောင်းကြားထားပါသည်။

Question

ဌာနပိုင် မြေငှားရမ်းခအပေါ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည့် ရာခိုင်နှုန်းနှင့် မည်သည့်ကာလမှ စတင်ကောက်ခံပေးသွင်းရမည်ဖြစ်ကြောင်းသိရှိလိုခြင်း၊ ထိုသို့ပေးဆောင် ရမည်ဖြစ်ကြောင်း ဌာနဆိုင်ရာများသို့ အကြောင်းကြားထားမှု ရှိ/မရှိ သိရှိလိုခြင်း။

မိမိပိုင်မြေကွက်အား နှစ် ၃၀ စာ ငှားရမ်းမည်ဖြစ်ပြီး ငှားရမ်းခငွေကို စာချုပ်ချုပ်သည့်နေ့ တွင် တစ်လုံးတစ်ခဲတည်း ပေးချေမည့်ကိစ္စ၌ မည်သည့်အခွန်များ ကျသင့်မည်ကို သိရှိလို ခြင်း။

Answer

မြေကွက်ငှားရမ်းခြင်းသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (ဃ) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစား (၃၀) တွင် ပါဝင်ခြင်းမရှိသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပြီး အငှားရယူသူထံမှ ငှားရမ်းခအပြင် ကုန်သွယ်လုပ်ငန်းခွန် ၅ % ထည့်ပေါင်းတောင်းခံ၍ သက်ဆိုင်ရာ အခွန် ရုံးသို့ ပေးသွင်းပေးရပါမည်။ နှစ်(၃၀)ငှားရမ်းခရငွေကို တစ်ကြိမ်တည်းရရှိခြင်းဖြစ်သဖြင့် ဝင်ငွေနှစ်အတွင်းရရှိသည့် စုစုပေါင်းဝင်ငွေအဖြစ် သတ်မှတ်၍ ပုဒ်မ ၆ အရ သက်သာခွင့် များနုတ်ပယ်ပြီး ကျန်ငွေအပေါ် ၁၀ % ဖြင့် ဝင်ငွေခွန် ကျသင့်မည်ဖြစ်ပါသည်။ နှစ် (၃၀) ငှားရမ်းခြင်းအပေါ်  မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ နောက်ဆက်တွဲဇယားအမှတ် စဉ် (၃၅) (က) (၃) အရ သတ်မှတ်ထားသည့် ပျမ်းမျှရရန်ရှိသော ငှားရမ်းခသင့်ငွေပမာဏ သို့မဟုတ် တန်ဖိုးအတွက် တံဆိပ်ခေါင်းခွန် မှာ ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ်    ၂ %  ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

မိမိပိုင်မြေကွက်အား နှစ် ၃၀ စာ ငှားရမ်းမည်ဖြစ်ပြီး ငှားရမ်းခငွေကို စာချုပ်ချုပ်သည့်နေ့ တွင် တစ်လုံးတစ်ခဲတည်း ပေးချေမည့်ကိစ္စ၌ မည်သည့်အခွန်များ ကျသင့်မည်ကို သိရှိလို ခြင်း။

ပညာရေးအတွက်သင်ထောက်ကူပစ္စည်း (၁၅) မျိုးကျော် တင်ဒါခေါ်ယူရာတွင် ကုန်သွယ် လုပ်ငန်းခွန်ကင်းလွတ်ခွင့် ရ/မရ သိရှိလိုခြင်း။

Answer

သင်ထောက်ကူပစ္စည်း (၁၅) မျိုးသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၁၄ ၊ ပုဒ်မခွဲ (က) ပါဇယားတွင် ဖော်ပြထားသည့် ကုန်စည် ၈၆ မျိုးတွင် ပါဝင်သည့်ကုန်စည်များဖြစ်ပါက ကုန်သွယ်လုပ်ငန်း ခွန်မကျသင့်ပါ။

Question

ပညာရေးအတွက်သင်ထောက်ကူပစ္စည်း (၁၅) မျိုးကျော် တင်ဒါခေါ်ယူရာတွင် ကုန်သွယ် လုပ်ငန်းခွန်ကင်းလွတ်ခွင့် ရ/မရ သိရှိလိုခြင်း။

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက ၄င်းတို့သည်ဟိုတယ်လုပ်ငန်း လုပ်ကိုင်ပါကြောင်း ဟိုတယ် လုပ်ငန်းမှ Customer သို့ ပြေစာထုတ်ပေးရာတွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် လို/မလိုနှင့် လိုအပ်ပါက အခွန်အမှတ်တံဆိပ်ကို မည်သည့်နေရာတွင် ထုတ်ယူရပါကြောင်းနှင့် တောင်းခံရယူထားသည့်

Answer

ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရာတွင် Room Charges ၊ ဒိုဘီခ ၊  Transportation Charges အပေါ် တွင်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန်အပါ တောင်းခံရယူထား၍ ကုန်သွယ် လုပ်ငန်းခွန်  ၅ % ကိုဟိုတယ်လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီက၄င်းအမည်ဖြင့် ပေးသွင်းပေး ရမည်ဖြစ်ပါသည်။ ဟိုတယ်လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီသည် အခန်းငှားရမ်းခြင်းအတွက် customer သို့ ပြေစာ ထုတ်ပေးရာတွင် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၀၊ စည်းမျဉ်းခွဲ (က) အရ သတ်မှတ်ထားသော ကျသင့်အခွန်တန်ဖိုးအတိုင်း အခွန်အမှတ်တံဆိပ် ကပ်နှိပ် ပေးရမည်ဖြစ်ပြီး၊ အခွန်အမှတ်တံဆိပ်ရရှိရန် ဟိုတယ်ဖွင့်လှစ်ထားရှိရာ မြို့နယ်အခွန် ဦးစီးမှူးရုံး၌  တွက်ချက်၍  လျှောက်ထားရယူရမည် ဖြစ်ပါသည်။ တည်းခိုခန်းလုပ်ကိုင် သည့် လုပ်ငန်းရှင်အနေဖြင့် ပြေစာများ၌ အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်ပြီး တောင်းခံရယူ ထားသည့် ကုန်သွယ်လုပ်ငန်းခွန်များအား ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၂ အရ လစဉ် ကျသင့်သောအခွန်ကို သက်ဆိုင်ရာလကုန်ဆုံးပြီး တစ်ဆယ်ရက်အတွင်းပေး​ဆောင်ရမည် ဖြစ်ပါသည်။ ပေးသွင်းရန် ပျက်ကွက်ပါက ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ (ခ) အရ စည်းကြပ်မှုအရ ကျသင့်အခွန်၏ တစ်ဆယ်ရာခိုင်နှုန်းဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက ၄င်းတို့သည်ဟိုတယ်လုပ်ငန်း လုပ်ကိုင်ပါကြောင်း ဟိုတယ် လုပ်ငန်းမှ Customer သို့ ပြေစာထုတ်ပေးရာတွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် လို/မလိုနှင့် လိုအပ်ပါက အခွန်အမှတ်တံဆိပ်ကို မည်သည့်နေရာတွင် ထုတ်ယူရပါကြောင်းနှင့် တောင်းခံရယူထားသည့် ကုန်သွယ်လုပ်ငန်းခွန်များကို မည်သည့်ကာလအတွင်း ပေးသွင်း ရမည်ဖြစ်ကြောင်း မပေးသွင်းဖြစ်ခဲ့ပါက ဒဏ်တပ်ရိုက်ခြင်း ရှိ/မရှိနှင့် ဒဏ်တပ်ရိုက်ပါက မည်သည့် ဥပဒေပုဒ်မများဖြစ်သည်ကို သိရှိ လို၍ မေးမြန်းခြင်း။

ပညာသုတေသနနှင့်စီမံကိန်းဦးစီးဌာနမှ Myanmar Education Quality Improvement Programm အရ ODA Loan ဖြင့် ဆောင်ရွက်နေသော လုပ်ငန်းအတွက် အခွန် ကင်းလွတ်ခွင့်ရရန် မည်သို့ဆောင်ရွက်ရမည်နည်း Hotel များတွင် အခန်းငှား၍ အစည်း အဝေးများလုပ်ပါက ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခ

Answer

ODA Loan ဖြင့် ဆောင်ရွက်နေသော လုပ်ငန်းအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၏အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၁၈ အရ ကင်းလွတ်ခွင့်ရရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှတစ်ဆင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့တင်ပြ၍ အတည်ပြုချက် တောင်းခံဆောင်ရွက်ရမည်ဖြစ်ပါသည်။ စီမံကိန်းလုပ်ငန်းအတွက် သဘောတူစာချုပ် တစ်ရပ်ရပ်ချုပ်ဆို၍ ပြည်တွင်း၌ ကုန်စည်ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်းအတွက် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်ကို ကင်းလွတ်ခွင့်ပြုသည်။ သို့ရာတွင် ကုန်စည်များ၊ ကုန်ကြမ်းများကို ဈေးဝယ်သည့် (Shopping) သဘောကဲ့သို့ ဝယ်ယူခြင်း၊ ဝန်ထမ်း များက ဟိုတယ်များ၊ စားသောက်ဆိုင်များတွင် နေထိုင် စားသောက်ခြင်း၊ လျှပ်စစ်ခ၊ မီတာခနှင့် ကုန်တိုက်များတွင် အသုံးအဆောင်များ၊ စားသောက်ကုန်များ၊ ဝယ်ယူခြင်း ဖုန်းပြောဆိုမှုများစသည့် ဝန်ဆောင်မှုများ ရယူခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည် ဖြစ်ပါသည်။

Question

ပညာသုတေသနနှင့်စီမံကိန်းဦးစီးဌာနမှ Myanmar Education Quality Improvement Programm အရ ODA Loan ဖြင့် ဆောင်ရွက်နေသော လုပ်ငန်းအတွက် အခွန် ကင်းလွတ်ခွင့်ရရန် မည်သို့ဆောင်ရွက်ရမည်နည်း Hotel များတွင် အခန်းငှား၍ အစည်း အဝေးများလုပ်ပါက ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရ/မရ မေးမြန်းခြင်း။

ပြည်တွင်းရှိ IT Software ဝန်ဆောင်မှုလုပ်ကိုင်သော ကုမ္ပဏီတစ်ခုက ၄င်းကုမ္ပဏီအနေဖြင့် ရရှိ သောဝန်ဆောင်မှုရငွေအပေါ် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်အား သိရှိလို၍ မေးမြန်ခြင်း။

Answer

IT Software သတင်းအချက်အလက်နှင့် နည်းပညာဝန်ဆောင်မှုလုပ်ကိုင်သော ကုမ္ပဏီ အနေဖြင့် ၄င်းလုပ်ငန်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ (ဃ) ဇယား ပါကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှု (၂၉) မျိုးတွင် မပါဝင်ပါသဖြင့် ဝန်ဆောင်မှုရငွေအပေါ် ပုဒ်မခွဲ ( င ) အရ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ IT Software ဝန်ဆောင်မှုလုပ်ကိုင်သော ကုမ္ပဏီတစ်ခုက ၄င်းကုမ္ပဏီအနေဖြင့် ရရှိ သောဝန်ဆောင်မှုရငွေအပေါ် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်အား သိရှိလို၍ မေးမြန်ခြင်း။

ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုက ၄င်းတို့ကုမ္ပဏီမှ အဆောက်အဦများ ဆောက်လုပ်၍မပြီးသေးသည့် အချိန်တွင် ကြိုတင်ရောင်းစနစ်ဖြင့် ရောင်းချ ထားသော ရောင်းရငွေအတွက် ကုန်သွယ်လုပ်ငန်းခွန်ကို မည်သည့်အချိန်တွင် ပေးဆောင်ရ မည်ကို သိရှိလို၍ မေးမြ

Answer

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၃(င) အရ ရောင်းရငွေဆိုသည်မှာ ကုန်စည်ကို လက်ငင်း ဖြစ်စေ၊ ကြွေးဖြင့်ဖြစ်စေ၊ အခြားဆိုင်းငံ့စနစ်ဖြင့်ဖြစ်စေ၊ ကြိုတင်အရောင်းစနစ် ဖြင့်ဖြစ်စေ၊ ရောင်းချ၍ ရငွေ(သို့မဟုတ်) ရရန်ငွေကိုဆိုလိုသည်၊ ကုန်စည်ချင်းလဲလှယ်ခြင်းဖြစ်လျှင် ယင်းသို့ပြုလုပ်ရာတွင် သတ်မှတ်သည့်တန်ဖိုးကို ဆိုသည်ဟုပြဋ္ဌာန်းထားရာ ကုန်သွယ် လုပ်ငန်းခွန်ကို ကြိုတင်အရောင်း စနစ်ဖြင့်ဖြစ်စေ၊ လက်ငင်းရောင်းချခြင်းဖြစ်စေ၊ ရောင်းချမှု ပေါ်ပေါက်၍ Invoice (ကုန်အမျိုးအစားများအလိုက် ကျသင့်ငွေဖော်ပြထားသည့် ကုန်ရောင်း ပြေစာ) ထုတ်ပေးသည့် အချိန်၌ ရောင်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည် ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုက ၄င်းတို့ကုမ္ပဏီမှ အဆောက်အဦများ ဆောက်လုပ်၍မပြီးသေးသည့် အချိန်တွင် ကြိုတင်ရောင်းစနစ်ဖြင့် ရောင်းချ ထားသော ရောင်းရငွေအတွက် ကုန်သွယ်လုပ်ငန်းခွန်ကို မည်သည့်အချိန်တွင် ပေးဆောင်ရ မည်ကို သိရှိလို၍ မေးမြန်းခြင်း။

ပြည်တွင်းရှိဘီယာထုတ်လုပ်မှုလုပ်ကိုင်သည့်ကုမ္ပဏီက ဘီယာအမျိုးအစားများအပေါ် အထူးကုန်စည်ခွန်ကောက်ခံခြင်းအား မည်သည့်စျေးနှုန်းအပေါ် အထူးကုန်စည်နှုန်း ထား မည်သို့သတ်မှတ်ကောက်ခံပါကြောင်း သိလိုသဖြင့် မေးမြန်းခြင်း။

Answer

အထူးကုန်စည်များနှင့်ပတ်သက်၍ ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသော အထူးကုန်စည် ဖြစ်လျှင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနကဖော်ပြသော ရောင်းစျေးတန်ဖိုးရှိမည်ဖြစ်ပါသည်။ သို့သော် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီက ရောင်းစျေးတန်ဖိုးသတ်မှတ်မည်ဖြစ်ပါ သည်။ ယင်းသို့သတ်မှတ်ရန်မှာ စျေးကွက်ပေါက်စျေး အပေါ်၌ ၆၀ % ဖြင့် ခန့်မှန်း သတ်မှတ်မည့် ရောင်းစျေးတန်ဖိုးမှာလည်း ပေါ်ထွက်လာမည်ဖြစ်ပါသည်။ ယင်းရောင်းစျေးတန်ဖိုးနှစ်ရပ်အနက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၁(က) အရ  များရာတန်ဖိုးငွေအပေါ်တွင် အမှတ်စဉ် ( ၉ ) အရ အထူးကုန်စည်ခွန် ၆၀ %  ကျသင့်မည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိဘီယာထုတ်လုပ်မှုလုပ်ကိုင်သည့်ကုမ္ပဏီက ဘီယာအမျိုးအစားများအပေါ် အထူးကုန်စည်ခွန်ကောက်ခံခြင်းအား မည်သည့်စျေးနှုန်းအပေါ် အထူးကုန်စည်နှုန်းထား မည်သို့သတ်မှတ်ကောက်ခံပါကြောင်း သိလိုသဖြင့် မေးမြန်းခြင်း။

ပြည်တွင်းရှိကုမ္ပဏီတစ်ခုမှ ပြည်ပမှ တယ်လီဖုန်းများတင်သွင်း၍ Ooredoo ကုမ္ပဏီ သို့ ပြန်လည် ရောင်းချမည်ဖြစ်သဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိနှင့် ပြည်ပမှ တင်သွင်းစဉ် ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်အားခုနှိမ်ခွင့် ရှိ/မရှိ သိရှိလို၍ မေးမြန

Answer

ပြည်ပမှတယ်လီဖုန်းများတင်သွင်းပါက တင်သွင်းစဉ် ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ခ)အရ ကုန်သွယ်လုပ်ငန်းခွန် ၅% ကို ကြိုတင်ခွန် အဖြစ် ပေးသွင်းထားရမည်ဖြစ်ပြီး ပြန်လည်ရောင်းချပါက ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေပုဒ်မ ၁၄(ဂ) အရ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပါသည်။ ကျသင့်အခွန်၌ တင်သွင်းစဉ်ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန် အား ခုနှိမ်ခွင့်ရရှိနိုင်ရန် သက်ဆိုင်ရာအခွန်ရုံးတွင် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂ အရ ခုနှိမ်ရန်အတွက် ကုန်သွယ်မှုဆောင်ရွက်သူအား မှတ်ပုံတင်ခွင့်ပြုကြောင်းထုတ်ပေးသည့် သက်သေခံလက်မှတ် ပုံစံ ပတခ ( ကသခ ) - ၂၊ ပြည်ပမှ တင်သွင်းခြင်းသက်သေခံ လက်မှတ် ပုံစံ ပတခ(ကသခ)-၃၂ နှင့် ပြည်ပမှတင်သွင်းစဉ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခဲ့မှုနှင့် ခုနှိမ်မှုစာရင်း ပုံစံ ပတခ(ကသခ)-၃၃ တို့ကို နှစ်စောင်ပြုစုလျက်မူရင်းအား လက်ခံအဖြစ် ထားရှိကာ မူရင်းခွဲအား​ရောင်းချသည့် ကုမ္ပဏီနှင့် သက်ဆိုင်သည့်အခွန်ဦးစီးဌာနမှူးထံ တင်ပြ ရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိကုမ္ပဏီတစ်ခုမှ ပြည်ပမှ တယ်လီဖုန်းများတင်သွင်း၍ Ooredoo ကုမ္ပဏီ သို့ ပြန်လည် ရောင်းချမည်ဖြစ်သဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိနှင့် ပြည်ပမှ တင်သွင်းစဉ် ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်အားခုနှိမ်ခွင့် ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။