10 % Service Charge ပေါ်တွင် 5% Commercial Tax ကျသင့်ခြင်း ရှိ/ မရှိ မေးမြန်းခြင်း။

Answer

စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းတို့တွင် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူထံမှ လုပ်ငန်းရှင်က ရယူကောက်ခံသော ဝန်ဆောင်ခ (Service Charge)၊ အခန်းငှားရမ်းခ (Room Charge) တို့အပါအဝင် စုစုပေါင်းရောင်းရငွေ/ ရငွေပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (ခ) အရ ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါတည်းကောက်ခံပေးဆောင်ရမည်ဖြစ်ပါသည်။

Question

10 % Service Charge ပေါ်တွင် 5% Commercial Tax ကျသင့်ခြင်း ရှိ/ မရှိ မေးမြန်းခြင်း။

မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မကြီးကျေးရွာမှ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရန်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပညာရေးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာလူထုလုပ်အားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ကုန်သွယ်လုပ်ငန်းခွန် ၅ % နှင့် ဝင်ငွေခွန် ၂ % ကင်းလွတ်ခွင့် ရ

Answer

မကြီးကျေးရွာမှ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ခြင်းသည် ပညာရေးဦးစီး ဌာနနှင့် အဆောက်အဦဦးစီးဌာန (မြို့ပြ) တို့ ဦးစီးဌာနအဖွဲ့အစည်းအချင်းချင်း ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုဖြစ်လျှင် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၁၄ (ဃ) အမှတ်စဉ် ၂၇ အရ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ပါ။ ထို့အပြင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ၅၁/၂၀၁၇ ၏ အပိုဒ် ၆(က)တွင် အစိုးရအဖွဲ့အစည်းအချင်းချင်း ပေးချေငွေများ၊ အစိုးရအဖွဲ့အသီးသီးနှင့် နိုင်ငံပိုင်လုပ်ငန်းဌာနများသို့ ပေးချေငွေများအပေါ် ပေးချေငွေထုတ်ပေးသည့် အချိန်၌ ပင်ရင်းမှဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းမပြုရပါ။

Question

မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မကြီးကျေးရွာမှ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရန်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပညာရေးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာလူထုလုပ်အားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ကုန်သွယ်လုပ်ငန်းခွန် ၅ % နှင့် ဝင်ငွေခွန် ၂ %  ကင်းလွတ်ခွင့် ရှိ / မရှိ မေးမြန်းခြင်း။

ပို့ဆောင်ရေးဝန်ကြီးဌာနပိုင် မြေနေရာဂိုဒေါင်အား ကာကွယ်ရေးဝန်ကြီးဌာနမှ ရိက္ခာများ သိုလှောင်ထားရှိရန် ငှားရမ်းမည်ဖြစ်ရာ ငှားရမ်းခတွင် ကုန်သွယ်လုပ်ငန်းခွန်အပါအ၀င် ပေးရခြင်း ရှိ/မရှိ သိရှိလို၍မေးမြန်းခြင်း။

Answer

ပို့ဆောင်ရေးဝန်ကြီးဌာနပိုင်မြေနေရာ ဂိုဒေါင်အား ကာကွယ်ရေးဝန်ကြီးဌာနမှ ရိက္ခာများ သိုလှောင် ထားရှိရန်မြေနေရာငှားရမ်းမှုအတွက် ယင်းဝန်ဆောင်မှုလုပ်ငန်းမှာ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ဃ) ရှိ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ဝန်ဆောင်မှု အမျိုးအစား ဖြစ်သည့်အမှတ်စဉ် ၂၉ ပါ ဦးစီးဌာန စသည့်အဖွဲ့အစည်း အချင်း ချင်းဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများ ( နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးစေခြင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ဝန်ဆောင်မှု ရယူခြင်းမပါ) အမျိုးအစားတွင် ပါဝင်ပါသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်းမရှိပါ။

Question

ပို့ဆောင်ရေးဝန်ကြီးဌာနပိုင် မြေနေရာဂိုဒေါင်အား ကာကွယ်ရေးဝန်ကြီးဌာနမှ ရိက္ခာများ သိုလှောင်ထားရှိရန် ငှားရမ်းမည်ဖြစ်ရာ ငှားရမ်းခတွင် ကုန်သွယ်လုပ်ငန်းခွန်အပါအ၀င် ပေးရခြင်း ရှိ/မရှိ သိရှိလို၍မေးမြန်းခြင်း။

Myanmar Land & Development Limited သည် Myanmar Wanbao Mining Copper Ltd. ထံမှ ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် ကျောက်ကွင်းယာယီခြံစည်းရိုးဘေး မြေသားတမံဘောင် ဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စာချုပ်ချုပ်ဆိုပြီး ကန်ထရိုက်လုပ်ဆောင်ခဲ့ခြင်းအပေါ်

Answer

ကုမ္ပဏီမှ တင်ပြသော ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် ကျောက်ကွင်းယာယီခြံစည်းရိုး ဘေး မြေသားတမံဘောင် ဆောက်လုပ်ခြင်းလုပ်ငန်းသည် ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၁ (စ) အရ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်း (၂၆)မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မ ၁၁ (စ) အရ ကုန်သွယ် လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။

Question

Myanmar Land & Development Limited သည် Myanmar Wanbao Mining Copper Ltd. ထံမှ ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် ကျောက်ကွင်းယာယီခြံစည်းရိုးဘေး မြေသားတမံဘောင် ဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စာချုပ်ချုပ်ဆိုပြီး ကန်ထရိုက်လုပ်ဆောင်ခဲ့ခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ % ကင်းလွတ်ခွင့် ရှိ/ မရှိ မေးမြန်းခြင်း။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း၌ ဆောက်လုပ်ရေး လုပ်ဆောင်ခွင့်ရကုမ္ပဏီက အထူးဇုန် အတွင်း၌ လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများမှာ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရထားသူများဖြစ်သဖြင့် ဆောက်လုပ်ရေးအတွက်ပေးချေရရှိငွေတွင် ကုန်သွယ်လုပ်ငန်းခွန် မပါသော ပေးချေငွေကို ရ

Answer

သီလဝါအထူးစီးပွားရေးဇုန်အတွင်း၌ ဆောက်လုပ်ရေးလုပ်ကိုင်ခွင့်ရ ကုမ္ပဏီအနေဖြင့် အဆောက်အဦ ဆောက်လုပ်ပေးခြင်းအတွက် ပေးချေရရှိငွေတွင် ကုန်သွယ်လုပ်ငန်းခွန် မပါသော ပေးချေငွေကို ရရှိထားခြင်းနှင့်ပတ်သက်၍ ကုမ္ပဏီအနေဖြင့် အခွန်စည်းကြပ်မှုခံယူ ရာတွင် အထူးစီးပွားရေးဇုန်အတွင်းရှိ လုပ်ငန်းများအတွက် လုပ်ကိုင်ပေးခြင်းမှရရှိငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရရှိနိုင်ရေး အထောက်အထားပြည့်စုံစွာတင်ပြရမည်ဖြစ် ပါသည်။ အထောက်အထားများတင်ပြရာတွင်လည်း ရင်းနှီးမြုပ်နှံမှုနှင့် အထူးစီးပွားရေးဇုန် ဥပဒေအရ ကင်းလွတ်ခွင့်ရရှိထားသည့် ကင်းလွတ်ဇုန်အတွင်း တည်ရှိကြောင်း ကုမ္ပဏီ၏ အချက်အလက်များ၊ အထူးစီးပွားရေးဇုန်ကော်မတီမှ အမိန့်ကြော်ငြာစာထုတ်ပြန်၍ ကင်းလွတ် ခွင့်ပြုသည့် လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း အထောက် အထားများရယူတင်ပြ၍ စည်းကြပ်မှုခံယူရမည်ဖြစ်ပါသည်။

Question

သီလဝါအထူးစီးပွားရေးဇုန်အတွင်း၌ ဆောက်လုပ်ရေး လုပ်ဆောင်ခွင့်ရကုမ္ပဏီက အထူးဇုန် အတွင်း၌ လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများမှာ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရထားသူများဖြစ်သဖြင့် ဆောက်လုပ်ရေးအတွက်ပေးချေရရှိငွေတွင် ကုန်သွယ်လုပ်ငန်းခွန် မပါသော ပေးချေငွေကို ရရှိထားပါကြောင်း၊ သို့ပါ၍ ဆောက်လုပ်ရေးကုမ္ပဏီအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရခြင်း ရှိ/မရှိ နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရရှိရန် မည်သို့ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း သိလိုသဖြင့်မေးမြန်းခြင်း။

Shwe Toe Nayar Co., Ltd သည် ပြည်ပမှ Dried Mushroom, Dried Black Fungus များ တင်သွင်းရာ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/ မရှိ မေးမြန်းခြင်း။

Answer

Dried Mushroom, Dried Black Fungus တို့သည် ဟင်းသီးဟင်းရွက်ကို ဖန်တီး ပြုပြင်သည့်နည်းဖြင့် အသွင်သဏ္ဍာန် ပြောင်းလဲထားသောကြောင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။

Question

Shwe Toe Nayar Co., Ltd သည် ပြည်ပမှ Dried Mushroom, Dried Black Fungus များ တင်သွင်းရာ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/ မရှိ မေးမြန်းခြင်း။

ကူဝိတ်သံရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၃) ဦးက သံရုံးပိုင်ကားများအား မော်တော် ကားပြင်ဆင်သည့် ဝန်ဆောင်မှုလုပ်ကိုင်သည့်ကုမ္ပဏီသို့ အပ်နှံရာတွင် ပေးချေငွေ၌ သံရုံးမှ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။

Answer

မော်တော်ကားပြင်ဆင်သည့် ဝန်ဆောင်မှုလုပ်ငန်းမှာ ၂၀၁၆ ခုနှစ်ပြည်ထောင်စု၏ အခွန် အကောက် ဥပဒေပုဒ်မ၁၄(ဃ)အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှု(၂၉) မျိုးတွင် မပါဝင်သည့်အတွက် ပုဒ်မခွဲ (င) အရ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည် ဖြစ်ပါသည်။ သံတမန် ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်းစာချုပ် အပိုဒ် (၂၈)အရ သံအဖွဲ့က ၎င်း၏ ရုံးလုပ်ငန်းများဆိုင်ရာ တာဝန်ဝတ္တရားဆောင်ရွက်ပေးသည့် အတွက် ကောက်ခံသည့်အခကြေးငွေနှင့် စရိတ်စကများသည် အခွန်အကောက်အရပ်ရပ်မှ ကင်းလွတ်သည်ဟုဖော်ပြပါရှိရာ သံရုံးမှ ကောက်ခံသောရငွေအပေါ်တွင် အခွန်ကင်းလွတ် မည်ဖြစ်ပြီး ၀န်ဆောင်မှုရယူသည့် မော်တော်ကား ပြင်ဆင်ခြင်းအတွက်ပေးချေရာ၌ ကုမ္ပဏီမှ တစ်ပါတည်းပါ၀င်ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်ကို သံရုံးမှပေးဆောင်ရမည်ဖြစ်ပါ သည်။

Question

ကူဝိတ်သံရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၃) ဦးက သံရုံးပိုင်ကားများအား မော်တော် ကားပြင်ဆင်သည့် ဝန်ဆောင်မှုလုပ်ကိုင်သည့်ကုမ္ပဏီသို့ အပ်နှံရာတွင် ပေးချေငွေ၌ သံရုံးမှ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။

Inspection & Logistics (QC) လုပ်ငန်းကို လုပ်ကိုင်သော Nisshin (Myanmar) Co., Ltd သည် မြန်မာနိုင်ငံတွင် CMP စနစ်ဖြင့် လုပ်ကိုင်နေသော အထည်ချုပ်စက်ရုံ များမှ ချုပ်လုပ်ပြီးသော အထည်များအား Third Party အနေဖြင့် အထည်များကို စစ်ဆေးပေးရာ အထည်အပ်သော ကုမ္ပဏီများထံမှ

Answer

CMP စနစ်ဖြင့် လုပ်ကိုင်သော လုပ်ငန်းသာ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ခြင်းဖြစ် ပါသည်၊ Inspection & Logistics (QC) စစ်ဆေးသော လုပ်ငန်းသည် ကုန်သွယ် လုပ်ငန်းခွန် မကျသင့်သော ဝန်ဆောင်မှုတွင် မပါဝင်ပါသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ် ပါသည်။

Question

Inspection & Logistics (QC) လုပ်ငန်းကို လုပ်ကိုင်သော Nisshin (Myanmar) Co., Ltd သည် မြန်မာနိုင်ငံတွင် CMP စနစ်ဖြင့် လုပ်ကိုင်နေသော အထည်ချုပ်စက်ရုံ များမှ ချုပ်လုပ်ပြီးသော အထည်များအား Third Party အနေဖြင့် အထည်များကို စစ်ဆေးပေးရာ အထည်အပ်သော ကုမ္ပဏီများထံမှ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံ နိုင်ရန်အတွက် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရှိ/ မရှိ မေးမြန်းခြင်း။

သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက သီလဝါအထူးစီးပွားရေးဇုန် အတွင်းရှိ ရင်းနှီးမြှုပ်နှံသူများအား ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေပုဒ်မ ၄၉ အရ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ပြု / မပြု မေးမြန်းခြင်း။

Answer

သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက်သာ ရင်းနှီးမြှုပ်နှံသူအပေါ် ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ၊ မြန်မာအထူးစီးပွားရေးဇုန်နည်းဥပဒေပါ ကင်းလွတ်ခွင့်ပြဋ္ဌာန်းချက်များနှင့် အညီ ကင်းလွတ်ခွင့်ပြုခြင်းဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၂၀၁၄ ခုနှစ် မြန်မာ့အထူး စီးပွားရေးဇုန်ဥပဒေပုဒ်မ ၄၉ အရ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် သည် သီလဝါအထူးစီးပွားရေးဇုန်အတွင်း၌သာ ရရှိမည်ဖြစ်ပြီး ဇုန်ပြင်ပတွင် လုပ်ငန်း ဆောင်ရွက်ခြင်းများအတွက် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်မည်ဖြစ်ပါသည်။

Question

သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက သီလဝါအထူးစီးပွားရေးဇုန် အတွင်းရှိ ရင်းနှီးမြှုပ်နှံသူများအား ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေပုဒ်မ ၄၉ အရ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ပြု / မပြု မေးမြန်းခြင်း။

စာရင်းစစ်ချုပ်ရုံးအနေဖြင့် PFM အစီအစဉ်ဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း MDC ဝယ်ယူခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ၅% ကို World Bank မှ တိုက်ရိုက် ငွေပေးသွင်းမည် ဖြစ်သဖြင့် မည်ကဲ့ သို့ပေးသွင်းရမည်ကို သိရှိလိုခြင်း။

Answer

World Bank မှ ပြည်တွင်းအခွန်များဦးစီးဌာနသို့ အခွန်ငွေ တိုက်ရိုက်လွှဲပြောင်း ပေးသွင်းမည်ဆိုပါက မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) သို့ TT (Telegraph Transferred) ဖြင့် လွှဲပြောင်းပေးသွင်းရမည်ဖြစ်ပြီး MFTB မှ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ P.O ဖြင့် ပြန်လည်လွှဲပြောင်း ပေးမည်ဖြစ်ပါသည်။

Question

စာရင်းစစ်ချုပ်ရုံးအနေဖြင့် PFM အစီအစဉ်ဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း MDC ဝယ်ယူခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ၅% ကို World Bank မှ တိုက်ရိုက် ငွေပေးသွင်းမည် ဖြစ်သဖြင့် မည်ကဲ့ သို့ပေးသွင်းရမည်ကို သိရှိလိုခြင်း။