တရုတ်လူမျိုးတစ်ဦးပါ၀င်သည့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ဆောက်လုပ်ရေး၀န်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ရာ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်း ရှိ/မရှိ မေးမြန်းခြင်း။

Answer

ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၆ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄ ( ဃ ) ပါ အခွန်မကျသင့်သည့် ဝန်ဆောင်မှုရငွေတွင် မပါဝင် ပါသဖြင့် ပုဒ်မခွဲ(င) အရ ဝန်ဆောင်မှုရရှိငွေအပေါ်၌ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့် မည်ဖြစ်၍ ပေးချေငွေရရှိသည့် သက်ဆိုင်ရာလကုန်ဆုံးပြီး ၁၀ ရက် အတွင်း ပေးသွင်းထားရ ပါသည်။

Question

တရုတ်လူမျိုးတစ်ဦးပါ၀င်သည့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ဆောက်လုပ်ရေး၀န်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ရာ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်း ရှိ/မရှိ မေးမြန်းခြင်း။

ပြည်တွင်းရှိပုဂ္ဂလိကဘဏ်တစ်ခုမှ Mobile Banking စနစ်လုပ်ကိုင်ရာ၄င်းဘဏ်မှ ငွေလွှဲ ပေးပြီး ငွေပြန်လည်ထုတ်ပေးရန် ကိုယ်စားလှယ်ရယူထားသည့် ဝန်ဆောင်မှု လုပ်ကိုင်သူများ အနေဖြင့် ၄င်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်း ခြင်း။

Answer

Mobile Bankingစနစ်ဖြင့် ငွေလွှဲပို့၊ ငွေထုတ်ပေးသောကိုယ်စားလှယ်လုပ်ကိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ (ဃ) အမှတ်စဉ် (၁၀) ပါ ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွင် အကျုံးဝင်သဖြင့် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ပါ။

Question

ပြည်တွင်းရှိပုဂ္ဂလိကဘဏ်တစ်ခုမှ Mobile Bankingစနစ်လုပ်ကိုင်ရာ၄င်းဘဏ်မှ ငွေလွှဲပေးပြီး ငွေပြန်လည်ထုတ်ပေးရန် ကိုယ်စားလှယ်ရယူထားသည့် ဝန်ဆောင်မှုလုပ်ကိုင်သူများအနေဖြင့် ၄င်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရခြင်းရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က အခြားဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင် သည့်ကုမ္ပဏီများနှင့်လုပ်ငန်းဆောင်ရွက်ရာ၌ ကုန်သွယ်လုပ်ငန်းခွန် ၅ % အပါအဝင် တောင်းခံထားရာ ၄င်း၀န်ဆောင်မှုကုမ္ပဏီများက (MPT) ထံမှ လုပ်ငန်းရှင်မှတ်ပုံတင်အမှတ် တောင်းခံလာ ခြင်းအတွက

Answer

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းဖြစ်သဖြင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၄ (ဂ) (၁)အရ ကုန်သွယ်လုပ်ငန်းခွန် မှတ်ပုံတင်ရန် မလိုအပ် ပါသဖြင့် ( MPT ) အနေဖြင့် ၀န်ဆောင်မှုကုမ္ပဏီမှ တောင်းခံလာသည့် လုပ်ငန်းရှင် မှတ်ပုံတင် အမှတ် ပတခ(ကသခ)-၂ ကို ပေးအပ်ရန်မလိုအပ်ပါ။

Question

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က အခြားဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင် သည့်ကုမ္ပဏီများနှင့်လုပ်ငန်းဆောင်ရွက်ရာ၌ ကုန်သွယ်လုပ်ငန်းခွန် ၅ % အပါအဝင် တောင်းခံထားရာ ၄င်း၀န်ဆောင်မှုကုမ္ပဏီများက (MPT) ထံမှ လုပ်ငန်းရှင်မှတ်ပုံတင်အမှတ် တောင်းခံလာ ခြင်းအတွက် (MPT) အနေဖြင့် ပေးအပ်ရန် လို/မလို သိရှိ လို၍မေးမြန်းခြင်း။

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတွင် စာအုပ်စာပေ၊ မဂ္ဂဇင်း၊ စာစောင်၊ သတင်းစာထုတ်ဝေရေးဝန်ဆောင်မှုလုပ်ငန်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ် ခွင့်ပြုခဲ့သဖြင့် ကြော်ငြာထည့်သွင်းသူများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန် လိုအပ်ခြင်းရှိ/ မရှိ သ

Answer

မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်၊ သတင်းစာများတွင် အခကြေးငွေယူ၍ ကြော်ငြာထည့်သွင်း သည့် ဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ(ဃ) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သော ဝန်ဆောင်မှုလုပ်ငန်းများ တွင် ပါဝင်ခြင်းမရှိပါသဖြင့် ကြော်ငြာထည့်သွင်းသူများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန်လိုအပ်ပါသည်။

Question

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတွင် စာအုပ်စာပေ၊ မဂ္ဂဇင်း၊ စာစောင်၊ သတင်းစာထုတ်ဝေရေးဝန်ဆောင်မှုလုပ်ငန်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ် ခွင့်ပြုခဲ့သဖြင့် ကြော်ငြာထည့်သွင်းသူများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန် လိုအပ်ခြင်းရှိ/ မရှိ သိရှိလိုခြင်း။

ပြည်တွင်းရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ပြည်ပမှ ဆောက်လုပ်ရေးကုန်ကြမ်းများ တင်သွင်း၍ တင်သွင်းစဉ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခဲ့ရပါကြောင်း၊ ၄င်းကုန်ကြမ်း ပစ္စည်းများအား ဘဏ္ဍာနှစ်အတွင်း အကုန်သုံးစွဲခဲ့ခြင်းမရှိပါက လာမည့် ဘဏ္ဍာနှစ်၌ ကုန်ကြမ်းလက်ကျန်အတွက် ကုန

Answer

ပြည်ပမှတင်သွင်းစဉ် ဆောက်လုပ်ရေးကုန်ကြမ်းပစ္စည်းများအတွက် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ထားပြီး ၄င်းကုန်ကြမ်းပစ္စည်းများအား ဘဏ္ဍာနှစ် အတွင်းသုံးစွဲနိုင်ခြင်းမရှိဘဲ၊ ကုန်လက်ကျန်အဖြစ်ကျန်ရှိပါက ဘဏ္ဍာနှစ်ကုန်ဆုံး၍ နှစ်ချုပ်စာရင်းရေးဆွဲသည့်အခါ သုံးစွဲပြီးသည့် ကုန်ကြမ်းအပေါ် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်နှင့် ကျန်ရှိသည့် ကုန်ကြမ်းပစ္စည်းတန်ဖိုးအပေါ် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို အသေးစိတ်စာရင်း ခွဲခြားဖော်ပြ၍ တင်ပြရန်ဖြစ်ပြီး ကျန်ရှိသည့် ကုန်ကြမ်းလက်ကျန်တန်ဖိုးကို လာမည့်ဘဏ္ဍာနှစ် အသုံးပြုရာ၌ စာရင်းသယ်ဆောင်ကျခံသုံးစွဲနိုင်ရန် ဖော်ပြတောင်းခံနိုင်ပါသည်။ သို့သော် လက်ကျန်ပစ္စည်းသည် ပြန်လည်ရောင်းချခြင်းမဟုတ်ဘဲ ဆုံးရှုံးပျက်စီးခြင်းဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန်ကို သယ်ဆောင်ခုနှိမ်ခွင့် မရှိပါ။

Question

ပြည်တွင်းရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ပြည်ပမှ ဆောက်လုပ်ရေးကုန်ကြမ်းများ တင်သွင်း၍ တင်သွင်းစဉ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခဲ့ရပါကြောင်း၊ ၄င်းကုန်ကြမ်း ပစ္စည်းများအား ဘဏ္ဍာနှစ်အတွင်း အကုန်သုံးစွဲခဲ့ခြင်းမရှိပါက လာမည့် ဘဏ္ဍာနှစ်၌ ကုန်ကြမ်းလက်ကျန်အတွက် ကုန်သွယ်လုပ်ငန်းခွန်အား သယ်ဆောင်ကျခံ၍ ရရှိခြင်း ရှိ/မရှိ မေးမြန်းခြင်း။

မြောက်ဒဂုံမြို့နယ်ရှိစက်မှု (၂) ပိုင် ၀င်းသူဇာအရောင်းဆိုင် မြေနှင့်အဆောက်အဦအား City Mart Holding Company မှ (၁၀) နှစ် ငှားရမ်းထားရာ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိ နှင့် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို မည်သူကပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိလို၍ မေးမြ

Answer

စက်မှု(၂) ပိုင် ၀င်းသူဇာအရောင်းဆိုင်မြေနှင့်အဆောက်အဦအား City Mart Holding Company မှ ငှားရမ်းခြင်းသည် Business Rent ငှားရမ်းခြင်း၀န်ဆောင်မှုလုပ်ငန်းဖြစ်၍ ၂၀၁၆ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (ဃ) အရ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ၀န်ဆောင်မှု (၂၉ ) မျိုးတွင် မပါ၀င်ပါသဖြင့် ပုဒ်မခွဲ ( င ) အရ ကုန်သွယ် လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။ ငှားရမ်းသည့် City Mart Holding Company သည် ငှားရမ်းခပေးချေရာ၌ ငှားရမ်းခအပြင် ကုန်သွယ်လုပ်ငန်းခွန် ၅ %  ထည့်ပေါင်းပေးရ မည်ဖြစ်ပါသည်။ 

Question

မြောက်ဒဂုံမြို့နယ်ရှိစက်မှု (၂) ပိုင် ၀င်းသူဇာအရောင်းဆိုင် မြေနှင့်အဆောက်အဦအား City Mart Holding Company မှ (၁၀) နှစ် ငှားရမ်းထားရာ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိ နှင့် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို မည်သူကပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိလို၍ မေးမြန်းခြင်း။

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက CMP လက်ခစားစနစ် ဖြင့် ပြည်ပမှကြေးနန်းကြိုးခွေများ တင်သွင်း ၍ ကားဝိုင်ဗာတွင် တပ်ဆင်အသုံးပြုမည့် Mini Transformer ပစ္စည်းအသေး စားများအား ပြုလုပ်ပြီး ပြည်ပသို့ ပြန်လည်တင်ပို့ခြင်းဆောင်ရွက်ရာ ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန် ကို သိ

Answer

ပြည်ပမှ ကြေးနန်းကြိုးခွေများတင်သွင်းပြီး Mini Transformer ပစ္စည်း အသေးစားများ အား CMP လက်ခစားစနစ်ဖြင့် ပြုလုပ်၍ ပြည်ပသို့ ပြန်လည်တင်ပို့ခြင်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု ၏အခွန်အကောက်ဥပဒေပုဒ်မ၁၄ပုဒ်မခွဲ(ဃ)အရ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ဝန်ဆောင်မှု ( ၂၉ ) မျိုးရှိ အမှတ်စဉ် ( ၁၃ ) တွင် ပါဝင်ပါသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်းမရှိပါ။

Question

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက CMP လက်ခစားစနစ် ဖြင့် ပြည်ပမှကြေးနန်းကြိုးခွေများ တင်သွင်း ၍ ကားဝိုင်ဗာတွင် တပ်ဆင်အသုံးပြုမည့် Mini Transformer ပစ္စည်းအသေး စားများအား ပြုလုပ်ပြီး ပြည်ပသို့ ပြန်လည်တင်ပို့ခြင်းဆောင်ရွက်ရာ ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန် ကို သိရှိလို၍ မေးမြန်းခြင်း။

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ပြည်ပမှပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများတင်သွင်းပြီး၊ ပြည်တွင်း၌ ပြန်လည်ရောင်းချမည်ဖြစ်သဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိ သိရှိလို သဖြင့် မေးမြန်းခြင်း။

Answer

ပြည်ပမှ သီးနှံများအတွက် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ တင်သွင်းပြီးပြန်ရောင်းချပါ က၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ  ၁၄ (က) အမှတ်စဉ် ( ၆၁ ) အရ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ပါ။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ပြည်ပမှပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများတင်သွင်းပြီး၊ ပြည်တွင်း၌ ပြန်လည်ရောင်းချမည်ဖြစ်သဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိ သိရှိလို သဖြင့် မေးမြန်းခြင်း။

စင်္ကာပူလေကြောင်းလိုင်းမှတာဝန်ရှိသူတစ်ဦးက ၄င်းတို့လေကြောင်းလိုင်းမှ လေယာဉ်များ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရပ်နားစဉ်၌ လမ်းကြောင်းရှင်းလင်းရန် လိုအပ်သည့် အတွက် ပြည်တွင်းရှိ Branch ကုမ္ပဏီတစ်ခုသို့ ရှင်းလင်းရေး၀န်ဆောင်မှု လုပ်ငန်းအပ်နှံရာ တွင် ပေးဆောင်ရ

Answer

စင်္ကာပူလေကြောင်းလိုင်းမှလေယာဉ်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရပ်နားရန် အတွက် လမ်းကြောင်းရှင်းလင်းရန် ၀န်ဆောင်မှုလုပ်ငန်းဆောင်ရွက်သည့် ပြည်တွင်းရုံးခွဲ ကုမ္ပဏီသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ဃ)အရ အခွန် မကျသင့်သည့် ဝန် ဆောင်မှု ( ၂၉ ) မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မခွဲ(င)အရ ကုန်သွယ် လုပ်ငန်းခွန် ၅ % ကျသင့်မည် ဖြစ်သဖြင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၅ ( ခ ) အရ ဝန်ဆောင်မှုကို ရယူသူ စင်္ကာပူလေ ကြောင်းလိုင်းထံမှ အခွန်ကိုတစ်ပါတည်းကောက်ခံ၍ လကုန်ပြီး(၁၀)ရက်အတွင်း Branch ကုမ္ပဏီ အမည်ဖြင့် ပေးသွင်းပေးရမည်ဖြစ်ပါသည်။

Question

စင်္ကာပူလေကြောင်းလိုင်းမှတာဝန်ရှိသူတစ်ဦးက ၄င်းတို့လေကြောင်းလိုင်းမှ လေယာဉ်များ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရပ်နားစဉ်၌ လမ်းကြောင်းရှင်းလင်းရန် လိုအပ်သည့် အတွက် ပြည်တွင်းရှိ Branch ကုမ္ပဏီတစ်ခုသို့ ရှင်းလင်းရေး၀န်ဆောင်မှု လုပ်ငန်းအပ်နှံရာ တွင် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်အား သိရှိလို၍မေးမြန်းခြင်း။

Telecom ကုမ္ပဏီတစ်ခုအတွက် Fiber အခင်းများခင်းခြင်း ဝန်ဆောင်မှုဆောင်ရွက်သည့် ကုမ္ပဏီက ကုန်သွယ်လုပ်ငန်းခွန် ထည့်သွင်းတောင်းခံရခြင်း ရှိ/မရှိ နှင့် Telecom ကုမ္ပဏီသို့ မည်သည့်အထောက်အထားများ ပေးရကြောင်း သိလိုသဖြင့်မေးမြန်းခြင်း။

Answer

Fiber အခင်းများခင်းခြင်း ဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက် ဥပဒေပုဒ်မ ၁၄ ( ဃ ) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှု  (၂၉) မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မခွဲ (င) အရ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်၍ Telecom ကုမ္ပဏီထံမှ ငွေတောင်းခံရာတွင် ကုမ္ပဏီသည် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၅ (ခ) အရ ကုန်သွယ်လုပ်ငန်းခွန် ၅ % အပါအဝင် ထည့်သွင်းတောင်းခံရမည်ဖြစ်ပါသည်။ Telecom   ကုမ္ပဏီသို့ ဝန်ဆောင်မှုဆောင်ရွက်သူအား မှတ်ပုံတင်ခွင့်ပြုကြောင်း ထုတ်ပေး သည့် လက်မှတ်ပုံစံ ပတခ(ကသခ)-၂နှင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂ အရ ခုနှိမ်ခွင့်ရရန် ပြည်တွင်း၌ဝန်ဆောင်မှုဆောင်ရွက်ခြင်း သက်သေခံလက်မှတ် ပုံစံ ပတခ (ကသခ) - ၃၁ နှင့် ဝန်ဆောင်မှုဆောင်ရွက်စဉ် ဝန်ဆောင်မှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခဲ့မှုနှင့် ခုနှိမ်မှု စာရင်းပုံစံ ပတခ ( ကသခ ) - ၃၃ တို့ကို သုံးစောင်ပြုစုရေးသား၍ မူရင်းကို  Telecom ကုမ္ပဏီ၊ မူရင်းခွဲကို အဆိုပါ ကုမ္ပဏီနှင့် သက်ဆိုင်သည့် မြို့နယ်အခွန်ဦးစီးဌာနမှူးထံသို့ ပေးပို့ ရန်ဖြစ်ပြီး လက်ခံအား ကုမ္ပဏီက သိမ်းဆည်းထားရန်ဖြစ်ပါ သည်။ 

Question

Telecom ကုမ္ပဏီတစ်ခုအတွက် Fiber အခင်းများခင်းခြင်း ဝန်ဆောင်မှုဆောင်ရွက်သည့် ကုမ္ပဏီက  ကုန်သွယ်လုပ်ငန်းခွန် ထည့်သွင်းတောင်းခံရခြင်း ရှိ/မရှိ နှင့်  Telecom ကုမ္ပဏီသို့ မည်သည့်အထောက်အထားများ ပေးရကြောင်း သိလိုသဖြင့်မေးမြန်းခြင်း။