အထူးကုန်စည်ခွန်
Answer
ပြပွဲတွင်ရောင်းချမည့် ကျောက်မျက်ရတနာများအတွက်ကောက်ခံရမည့် ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၁ (က) ဇယားပါနှုန်းထားများအရ “ကျောက်စိမ်းအရိုင်းထည်များ အပေါ် ၁၅ % ၊ ပတ္တမြား ၊ နီလာနှင့် အခြား အဖိုးတန်ကျောက်မျက်ရတနာ အရိုင်းထည်များအပေါ် ၁၀%၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန်ကျောက်မျက် ရတနာအချောထည်များ၊ လက်ဝတ်ရတနာတွင် စွဲကပ်ထားသည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့်အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည် များအပေါ် ၅ % ” အထူးကုန်စည်ခွန် ကျသင့်မည် ဖြစ်ပါကြောင်း၊ အထူးကုန်စည်ခွန် အပါအဝင် ရောင်းရငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါကြောင်း၊ ခန်းမငှားရမ်းသည့် ဝန်ဆောင်မှုအတွက် ကုန်သွယ် လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၁၄(ခ) အရ စိန်ကို ပြည်ပမှတင်သွင်းရောင်းချခြင်း၊ ပြည်တွင်း၌ ပြန်လည် ရောင်းချခြင်းဖြစ်ပါက ရောင်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ် ပါသည်။
Question
၁။ Market Spider Myanmar Co.,Ltd သည် ထိုင်းနိုင်ငံရှိ Asia Connect International Limited နှင့်ပူးပေါင်း၍ “အဆင့်မြင့်ကျောက်မျက်ရတနာပြပွဲ ၂၀၁၈” အား (၃၀-၃-၂၀၁၈) မှ(၂-၄-၂၀၁၈) ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် အဆိုပါပွဲတွင် ဟောင်ကောင်၊ ထိုင်း နိုင်ငံစသည်တို့မှ စိန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် လာရောက်ခင်းကျင်း ပြသမည်ဖြစ်သဖြင့် ပြပွဲတွင်ရောင်းချမည့် ကျောက်မျက်ရတနာများအတွက် ကောက်ခံ ရမည့် (ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန်) များ၏ ကောက်ခံ ရမည့် နှုန်းထားများအား သိရှိလို၍မေးမြန်းခြင်း။