အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)

Answer

အကျိုးအမြတ်မယူသောအဖွဲ့အစည်းများအနေဖြင့် အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) ရရှိပြီး (၁) လအတွင်း အဖွဲ့အစည်း၏ Letter Head ဖြင့် အခွန်ထမ်းဝန်ဆောင်မှုဗဟို အဖွဲ့ရုံး၊ အဖွဲ့ခေါင်းဆောင်ထံလိပ်မူ၍ အကျိုးအမြတ်မယူသောအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလက်မှတ်လျှောက်ထားရာတွင် “အကျိုးအမြတ်မယူသောအဖွဲ့အစည်း အဖြစ် အသိအမှတ်ပြုလက်မှတ်လျှောက်ထားခြင်း” ဟု အကြောင်းအရာဖော်ပြပြီး ထိုက်သင့် ရုံးခွန်တံဆိပ်ခေါင်း ၂၀၀ ကျပ် ကပ်နှိပ်၍ လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာနှင့်အတူ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ စာအမှတ် (၇၉/၂၀၂၀) အရ အောက်ပါအထောက်အထားများကိုပြည့်စုံစွာ ပူးတွဲ လျှောက်ထားရမည် ဖြစ်ပါသည်-

(က) အခွန်ထမ်းမှတ်ပုံတင်အမှတ် TIN ကို အသုံးပြု၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လိုင်စင်ထုတ်ပေးသည့် ဘဏ်တစ်ခုခုတွင် ဖွင့်လှစ်ထားသည့် ဘဏ်စာရင်းအမှတ်၊

(ခ)   တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့်အညီ သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရ အဖွဲ့အစည်း (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စသည်) နှင့်အခြားအဖွဲ့အစည်းများက အသိအမှတ်ပြုထုတ်ပေးထား သည့် မှတ်ပုံတင်လက်မှတ်၊

(ဂ)   အဖွဲ့အစည်း၏ ဖွဲ့စည်းပုံအခြေအနေ ဖော်ပြချက်၊ သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့ စည်းမျဉ်း မိတ္တူနှင့် ပြင်ဆင်/ဖြည့်စွက်ခြင်းများရှိပါက ယင်းတို့၏မိတ္တူ၊

(ဃ) လျှောက်ထားသည့်နှစ်မတိုင်မီ ဘဏ္ဍာရေးနှစ်၏ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း၊

(င)     အကျိုးအမြတ်မယူသောအဖွဲ့အစည်းအဖြစ် မိမိတို့ဆောင်ရွက်ခဲ့သည့် အချက် အလက်မှတ်တမ်းများနှင့်အတူ လျှောက်ထားရမည်ဖြစ်ပါသည်။

Question

အကျိုးအမြတ်မယူသောအဖွဲ့အစည်းများမှ အခွန်ထမ်းမှတ်ပုံတင် TIN ရရှိပြီးသော အကျိုးအမြတ်မယူသောအဖွဲ့အစည်းများအနေဖြင့် အသိအမှတ်ပြုလက်မှတ်လျှောက်ထားရာတွင် လိုအပ်သောအချက်အလက်များအားမေးမြန်းခြင်း

FAQ Category

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)

Answer

အကျိုးအမြတ်မယူသောအဖွဲ့အစည်းမှ လစာဝင်ငွေခွန်ပေးဆောင်ရာတွင် အကျိုးအမြတ် မယူသောအဖွဲ့အစည်းသည် အခွန်ထမ်းမှတ်ပုံတင်အမှတ်မရှိသေးပါက (TIN Certificate) ရရှိအောင် ဦးစွာဆောင်ရွက်ရမည်ဖြစ်ပြီး (TIN) ရရှိပါက အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး (၁) နှင့် ဆက်သွယ်၍ Online Payment ဖြင့်ပေးသွင်းနိုင်ကြောင်း အကျိုးအမြတ်မယူသောအဖွဲ့အစည်းများ၏ အခွန်ထမ်းမှတ်ပုံတင်အမှတ်ရရှိရန် အမိန့် ကြော်ငြာစာအမှတ် ၇၉/၂၀၂၀၊ ညွှန်ကြားလွှာအမှတ် ၄/၂၀၂၁ နှင့်အညီ အောက်ပါ အချက်အလက်များဖြင့် လျှောက်ထားရယူနိုင်ပါကြောင်း-

(၁) အကျိုးအမြတ်မယူသောအဖွဲ့အစည်းများအခွန်ထမ်းမှတ်ပုံတင်အမှတ်လျှောက်လွှာ၊

(၂)    တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့်အညီ သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရ အဖွဲ့အစည်း၊ (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနစသည်) နှင့် အခြားအဖွဲ့အစည်းများက အသိအမှတ်ပြုထုတ်ထားသည့်မှတ်ပုံတင်လက်မှတ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (Dica) ဖြစ်ပါက (Company Extract Form)

(၃)    MOU (နားလည်မှုစာချွန်လွှာ) တို့ဖြစ်ပါသည်။

Question

အကျိုးအမြတ်မယူသောအဖွဲ့အစည်းမှ လစာဝင်ငွေခွန်ပေးဆောင်ရန် မည်သည့်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရမည်နှင့် မည်သည့်စာရွက်စာတမ်းအထောက်အထားများ လိုအပ် သည်ကို သိရှိလို၍ မေးမြန်းခြင်း

FAQ Category

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)

Answer

ပုဂ္ဂလိကဘဏ်များရှိ မိမိတို့၏ဘဏ်ငွေစာရင်းမှ အီလက်ထရောနစ် ငွေပေးချေမှု နည်းလမ်းများဖြင့်လည်းကောင်း၊ မိုဘိုင်းငွေပေးချေမှုနည်းလမ်းများ (Mobile Banking, Mobile Payment) ဖြင့်လည်းကောင်း၊ MPU Debit Card/ MPU Corporate Debit Card ကို အသုံးပြု၍လည်းကောင်း မြန်မာ့စီပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ သက်ဆိုင်ရာ အခွန်ရုံး၏ဘဏ်စာရင်းသို့ ပေးဆောင်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံပိုင်ဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ထားသည့် အခွန်ထမ်းများအနေဖြင့်သာ Cheque လက်မှတ်ကို အသုံးပြု၍ စာရင်းပြောင်း (Transfer) နည်းဖြင့် အခွန်ပေးဆောင်နိုင်မည်ဖြစ်ပါသည်။

Question

ပုဂ္ဂလိကဘဏ်၏ Cheque ဖြင့် အခွန်ပေးသွင်း၍ရ/မရ သိရှိလို၍ မေးမြန်းခြင်း

FAQ Category

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)

Answer

e–Filing Management System ဖြင့် ကြေညာလွှာတင်သွင်းမည်ဆိုပါက ပြည်တွင်း အခွန်များဦးစီးဌာန၏ website ဖြစ်သော www.ird.gov.mm ၏ e-Filing services Login Here မှတဆင့် link ဝင်ရောက်၍ လည်းကောင်း၊ (https://efiling.ird.gov.mm) link မှလည်းကောင်း ဝင်ရောက်၍ စနစ်အသုံးပြုခွင့်အတွက် ပထမဦးစွာ Account Register ကို အောက်ပါအတိုင်းအဆင့်ဆင့်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အခွန်ထမ်း ကိုယ်တိုင်တင်သွင်းခြင်း ဖြစ်ပါက User Type တွင် Taxpayer ကို ရွေးရမည်ဖြစ်ပြီး ကြေညာလွှာကို အခွန်ထမ်းမှ တင်သွင်းခြင်းမဟုတ်ဘဲ ဆောင်ရွက်ခယူ၍ ကြေညာလွှာ ဖြည့်သွင်းသူမှ တင်သွင်းခြင်းဖြစ်ပါက Paid Preparer ကို ရွေးရမည်ဖြစ်သည်။

  • Tax office တွင် သက်ဆိုင်ရာအခွန်ရုံးကိုရွေးပါ
  • TIN Number တွင် ကြေညာလွှာတင်သွင်းမည့် ကုမ္ပဏီ၏ဂဏန်း ၉ လုံးပါ TIN ကိုထည့်ပါ
  • E-mail တွင် မိမိအသုံးပြုလိုသည့် e-mail ကိုထည့်ပါ
  • Phone Number တွင် e-Filing ကိစ္စအတွက် ဆက်သွယ်ဆောင်ရွက်ရမည့် ဖုန်းနံပါတ်ထည့်ပါ
  • CAPTCHA Code ကိုထည့်သွင်းပြီးပါက Register Button ကို နှိပ်ပါ
  • “Registration has finished” ဟုပေါ်ပေါက်လာပါက Registration Request ပြုလုပ်ခြင်းပြီးစီးပြီဖြစ်ပါသည်။

                       ဌာနဘက်မှ အချက်အလက်များစစ်ဆေးပြီးပါက Account Register ကို အတည်ပြု သည့် E-mail ပေးပို့ပါမည်။ ဌာနမှပေးပို့သော Registration Confirm e-mail မှ တစ်ဆင့် စနစ်အသုံးပြုနိုင်ပါရန် အတွက် မိမိနှင့် သက်ဆိုင်သည့် အချက်အလက်များ နှင့် လျှို့ဝှက်ကုဒ် ထည့်သွင်းပါ။ ထို့နောက် “Confirm e-mail” ကို Click နှိပ်ပါ “Account is ready” ဟုပေါ်က login ဝင်ရောက်အသုံးပြုနိုင်ပြီဖြစ်ပါသည်။

Question

e–Filing Management System ဖြင့် ကြေညာလွှာတင်သွင်းစဉ် Account Register ပြုလုပ်ပုံအား သိရှိလို၍ မေးမြန်းခြင်း

FAQ Category

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)

Answer

အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးများ၏ အခွန်ထမ်းကုမ္ပဏီများအနေဖြင့် အခွန်ကြေညာလွှာတင်သွင်းခြင်းများကို ၁-၁၂-၂၀၂၁ ရက်နေ့မှစတင်၍ အီလက်ထရောနစ် (e–Filing) စနစ်နည်းဖြင့်သာ ကြေညာလွှာ တင်သွင်းရမည်ဖြစ်ပါသည်။ သုံးလပတ်ကုန်သွယ်ခွန်ကြေညာလွှာ ကို e–Filing ဖြင့် တင်သွင်းရန် IRD website သို့ ဝင်ရောက်၍ Account Registration ပြုလုပ်ပြီး အချက်အလက်များဖြည့်သွင်း၍ သက်ဆိုင်ရာအခွန်ရုံးမှ အတည်ပြုချက်ရရှိပြီးပါက ကြေညာလွှာများကို တင်သွင်းနိုင်မည်ဖြစ်ပါသည်။ e–Filing တွင် လက်မှတ်ထိုးမည့် အခွန်ထမ်း၏ ဝန်ခံချက်လက်မှတ် မှတ်တမ်းကိုဆိုင်ရာရုံးသို့ လူကိုယ်တိုင် ဖြစ်စေ၊ စာတိုက်မှ ဖြစ်စေ ကြိုတင်ပေးပို့ထားရမည်ဖြစ်ပါသည်။ e–Filing ဖြင့် ကြေညာလွှာ တင်သွင်းမှုကို လွယ်ကူစွာဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းအခွန်များဦးစီးဌာန၏ website ဖြစ်သည့် www.ird.gov.mm ရှိ media တွင် ဝင်ရောက်လေ့လာနိုင်မည် ဖြစ်ပြီး အဆင်မပြေမှုအား e-payment section ၏ ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁ နှင့် ဆိုင်ရာအခွန်ရုံးသို့ အသေးစိတ် ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Question

e–Filing ဖြင့် သုံးလပတ် ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရန်ကိစ္စ မေးမြန်းခြင်း

FAQ Category

အွန်လိုင်းမှ ထိုးကြမည် အောင်ဘာလေသိန်းဆုထီ

Answer

ဖြေ။    အောင်ဘာလေအွန်လိုင်းထီကံစမ်းနိုင်ဖို့ Application ရယူနိုင်တဲ့ Link နဲ့ QR Code တွေကို နိုင်ငံပိုင်သတင်းစာတွေ၊ မြဝတီသတင်းစာနဲ့ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ Website တွေမှာ ဖော်ပြ ပေးထားပြီးဖြစ်ပါတယ်။  ဒါ့အပြင်  Android ဖုန်းနဲ့   iOS ဖုန်းတွေမှာ Install ပြုလုပ်ပုံအဆင့်ဆင့်ကို ဌာနရဲ့ Website မှာ Video Clip တွေနဲ့ လွှင့်တင်ပေးထားတဲ့အပြင် သတင်းစာတွေမှာလည်း ဖော်ပြ ပေးထားပါတယ်။

          Aung Bar Lay Application မှာ Account ဖွင့်လှစ်ပုံကို ဌာနရဲ့ Website မှာ Video Clip နဲ့ လွှင့်တင်ပေးထားသလို နိုင်ငံပိုင်ရုပ်သံလွှင့်မီဒီယာတွေမှာလည်း ထုတ်လွှင့်ပြသပေးလျက်ရှိပါတယ်။ စနစ်ကနေ ထီလက်မှတ်ဝယ်ယူမှုအတွက် ပထမအဆင့်အနေနဲ့ Application အသုံးပြုသူတွေ အတွက် KBZ Pay၊  AYA Pay၊  CB Pay၊ Uab Pay၊ Mytel Pay တို့နဲ့ ငွေပေးချေနိုင်ဖို့ ဆောင်ရွက် ထားပြီး Website အသုံးပြုသူတွေအတွက် Mytel Pay ၊ uab Pay တို့နဲ့ ငွေပေးချေနိုင်ဖို့ ဆောင်ရွက် ထားပါတယ်။ အခြားအီလက်ထရောနစ် ငွေပေးချေမှုတွေကို တိုးချဲ့အသုံးပြုနိုင်ဖို့အတွက်လည်း Service Provider က ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။

          အောင်ဘာလေ Application မှာ အကောင့်ဖွင့်ခြင်းကို MPT၊ Mytel၊ ATOM၊ Ooredoo အော်ပရေတာ ၄ မျိုးနဲ့ ဆောင်ရွက်နိုင်ပါတယ်။ ပြည်ပနိုင်ငံရောက် မြန်မာ SIM Card အသုံးပြုသူတွေ အနေနဲ့ Install ပြုလုပ်လို့ရသလို လက်ရှိကာလမှာ KBZ Pay နဲ့ ပြည်ပက ထီထိုးသူတွေရှိတယ် လို့လည်း သိရှိရပါတယ်။

          အောင်ဘာလေအွန်လိုင်းသိန်းဆုထီနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Application ရဲ့ စည်းကမ်းချက်များကဏ္ဍနဲ့ အမေးအဖြေကဏ္ဍတွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ Application အသုံးပြုရာမှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ရရင်လည်း Hotline No. ၀၉၆၇၇၀၀၀၇၇၇ (Mytel Hotline No. ၇၇၇) ၊ email လိပ်စာ [email protected] ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်လို့ အသိပေးပြောကြားလိုပါတယ်။

Question

မေး။   ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောကြားပေးပါ။

FAQ Category

အွန်လိုင်းမှ ထိုးကြမည် အောင်ဘာလေသိန်းဆုထီ

Answer

ဖြေ။    ဇွန် ၁ ရက် (၅၂) ကြိမ်မြောက် အောင်ဘာလေထီနဲ့အတူ အောင်ဘာလေအွန်လိုင်းထီဖွင့်ပွဲကို ပူးတွဲကျင်းပမှာဖြစ်ပါတယ်။ ထီဆုငွေခွဲဝေမှုအစီအစဉ်အနေနဲ့က အောင်ဘာလေထီနဲ့ အောင်ဘာလေ အွန်လိုင်းထီလက်မှတ် ရောင်းရငွေစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ချီးမြှင့်မှာ ဖြစ်ပါတယ်။ အမြင့်ဆုံးဆုငွေ ကျပ်သိန်း ၅၀၀၀ (သိန်းငါးထောင်) ဖြစ်ပြီး အနိမ့်ဆုံးက ကျပ် ၁၀၀၀၀ (တစ်သောင်းကျပ်) သတ်မှတ်ထားပါတယ်။ အောင်ဘာလေအွန်လိုင်းထီအတွက် ထီဆုငွေထုတ်ပေး မယ့်အစီအစဉ်က ကျပ် ၁၀သိန်းနဲ့အောက် ထီဆုငွေတွေ ထုတ်ပေးရာမှာ အွန်လိုင်းထီကံစမ်းစဉ်က ကံထူးရှင်ရွေးချယ်အသုံးပြုခဲ့တဲ့ Pay ကို တိုက်ရိုက်လွှဲပြောင်းထုတ်ပေးမှာ ဖြစ်ပါတယ်။

ကံထူးရှင်က KBZ Pay နဲ့ ထီထိုးကံစမ်းခဲ့ရင် KBZ Pay ၊ AYA Pay နဲ့ထီထိုးကံစမ်းခဲ့ရင် AYA Pay ၊ အခြား Pay တွေဆိုရင်လည်း  ဒီ Pay အတိုင်းလွှဲပြောင်းထုတ်ပေးမှာဖြစ်ပါတယ်။ အွန်လိုင်းထီ အတွက် ငွေကျပ် ၁၀ သိန်းအထက် ထီဆုငွေတွေကို အောင်ဘာလေသိန်းဆုဌာနခွဲ ရန်ကုန်နဲ့ မန္တလေး ရုံးခွဲတွေမှာ လက်ရှိဆောင်ရွက်နေတဲ့ အောင်ဘာလေထီဆုငွေ ထုတ်ပေးတဲ့ လုပ်ငန်းစဉ်အတိုင်း ထုတ်ပေးသွားမှာဖြစ်ပါတယ်။

အွန်လိုင်းထီပေါက်ခဲ့ရင် ထီပေါက်ကြောင်းကို Application မှာပါဝင်တဲ့ ကျွန်ုပ်၏ ထီလက်မှတ် ကဏ္ဍမှာပါဝင်တဲ့ (ထီပေါက်ပါသည်ခေါင်းစဉ်အောက်)မှာ ‌ဖော်ပြထားမှာဖြစ်သလို ထီကံထူးရှင်ထံ SMS စာတိုပေးပို့ပြီး အသိပေးအကြောင်းကြားမှာဖြစ်ပါတယ်။ ဒါ့အပြင် ထီကံထူးရှင်ထံ ထီဆုငွေ ထုတ်ယူဖို့ လျှို့ဝှက်ကုဒ်ပါဝင်တဲ့ SMS ကို ထပ်မံပေးပို့မှာဖြစ်ပါတယ်။ ထီကံထူးရှင်က ပေးပို့ခဲ့တဲ့ လျှို့ဝှက်ကုဒ်နံပါတ်ကို အသုံးပြုပြီး Application ကတစ်ဆင့် ထီဆုငွေကို လျှောက်ထားဖို့ လိုအပ်ပါ တယ်။ ထီဆုငွေတွေကို အကြိမ်အလိုက် အောင်ဘာလေသိန်းဆု ထီပေါက်စဉ် ကြေညာတဲ့နေ့ကနေ တစ်နှစ်အတွင်း တောင်းခံနိုင်တယ်ဆိုတာ အသိပေးပြောကြားလိုပါတယ်။

Question

မေး။   ချီးမြှင့်နေတဲ့ ထီဆုတွေအကြောင်း၊ ထီပေါက်ရင် ဘယ်လိုထုတ်ယူနိုင်တယ်ဆိုတာကိုလည်း ပြောကြားပေးစေလိုပါတယ်။

FAQ Category

အွန်လိုင်းမှ ထိုးကြမည် အောင်ဘာလေသိန်းဆုထီ

Answer

ဖြေ။    အောင်ဘာလေအွန်လိုင်းသိန်းဆုထီက လက်ရှိရောင်းချနေတဲ့ အောင်ဘာလေထီနဲ့ မတူဘဲ နိုင်ငံတော်မှ သတ်မှတ်ထားတဲ့ ထီလက်မှတ်တန်ဖိုး တစ်ထောင်ကျပ်နဲ့ အချိန်မရွေး လွယ်ကူစွာ ဝယ်ယူကံစမ်းနိုင်တယ်။ ထီတိုက်ဖို့မလိုသလို ထီလက်မှတ်ကို ထိန်းသိမ်းဖို့လည်း မလိုပါဘူး။  အက္ခရာနဲ့ ဂဏန်းနံပါတ်တွေကို မိမိစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပြီး ကျပ်ဆယ်သိန်းအောက် ထီဆုငွေကို Application မှထုတ်ယူနိုင်တဲ့ အားသာချက်တွေရှိပါတယ်။

Question

မေး။   အားသာချက်အနေနဲ့ ဘာတွေရရှိနိုင်မလဲရှင်။

FAQ Category

အွန်လိုင်းမှ ထိုးကြမည် အောင်ဘာလေသိန်းဆုထီ

Answer

ဖြေ။    Service Provider ဘက်က ပြောကြားချက်အရ အချို့ဝေးလံခေါင်ဖျားဒေသတွေမှာ Internet Access မရှိခဲ့ရင် အွန်လိုင်းထီကံစမ်းလို့ မရသလို ထီထိုးဖို့ အသုံးပြုမယ့် Device ကလည်း Keypad ဖုန်းဆိုရင် ကန့်သတ်ချက်ရှိနိုင်ပါတယ်။ E-Wallet / Digital Currency ကို အသုံးပြုမှု ရင်းနှီးကျွမ်းဝင် အောင်နဲ့ easy access ဖြစ်အောင်လုပ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့လိုပါတယ်။

Question

မေး။   အွန်လိုင်းက ကံစမ်းရတဲ့အတွက် ဘယ်လိုအားနည်းချက်တွေ ရှိနိုင်ပါသလဲ။

FAQ Category

အွန်လိုင်းမှ ထိုးကြမည် အောင်ဘာလေသိန်းဆုထီ

Answer

ဖြေ။    Service Provider ဘက်မှ ပြောကြားချက်အရ မည်သူမဆို အလွယ်တကူ အသုံးပြုနိုင်စေဖို့ User Interface နဲ့ Graphic User Interface တွေကို ရှင်းလင်းလွယ်ကူအောင် ပြင်ပမှာ ဝယ်ယူရတဲ့ သဘာဝနဲ့လည်း အများကြီးကွဲပြားမှုမရှိအောင် ပြင်ဆင်ထားပါတယ်။ Android နဲ့ iOS အက်ပလီ ကေးရှင်းတွေအပြင် ဖုန်းမော်ဒယ်အားလုံးမှာ အသုံးပြုနိုင်တဲ့ Webview Version ကိုလည်း ဆောင်ရွက်ထားတာကြောင့် မည်သူမဆို အလွယ်တကူ ထီထိုးကံစမ်းနိုင်မှာ ဖြစ်ပါတယ်။  ဒီလို ကံစမ်းရာမှာ မရှင်းလင်းတဲ့အချက်တွေကို အချိန်နဲ့တစ်ပြေးညီ မေးမြန်းနိုင်ဖို့ Customer Care Service ကိုလည်း ဆောင်ရွက်ထားရှိပါတယ်။

Question

မေး။   နည်းပညာပိုင်းမှာ အားနည်းတဲ့သူတွေပါ လွယ်လင့်တကူ ကံစမ်းလို့ရအောင် ဘယ်လို ဆောင်ရွက်ထားပါသလဲ။

FAQ Category