အွန်လိုင်းမှ ထိုးကြမည် အောင်ဘာလေသိန်းဆုထီ

Answer

ဖြေ။    ထီကံစမ်းလိုသူ ပြည်သူတွေအနေနဲ့ အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်ကနေ ထီလက်မှတ်တစ်စောင်ကို ငွေကျပ် ၁၀၀၀ နဲ့  ဇွန်လ ၈ ရက်ကစတင်ပြီး ဝယ်ယူကံစမ်းနိုင်ပြီ ဖြစ်ပါ တယ်။ Application ကို အသုံးပြုပြီး ထီထိုးဖို့အတွက် Application ကို Download ရယူခြင်း၊ Application ကိုဝင်ရောက်ပြီး Account ဖွင့်လှစ်ခြင်းတို့ကို ကနဦး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ Aung Bar Lay Application ကို  (aungbarlay.ird.gov.mm) ကနေ အလွယ်တကူ Download ရယူနိုင် သလို QR Code ကိုဖတ်ပြီး Download ရယူနိုင်မှာဖြစ်ပါတယ်။

          Application ကို Download ရယူပြီးရင် Application ကိုဝင်ရောက်ပြီး Account ဖွင့်လှစ်ရမှာ ဖြစ်ပါတယ်။ အကောင့်ဖွင့်ချိန်မှာ မိမိ၏ဖုန်းနံပါတ်ကိုသာ ဖော်ပြဖို့ လိုအပ်ပြီး  ထီပေါက်တဲ့အချိန်မှသာ ထီဆုငွေထုတ်ယူဖို့ မိမိရဲ့နိုင်ငံသားစိစစ်ရေးကဒ်အမှတ် ဖော်ပြပေးဖို့ လိုအပ်ပါတယ်။ အကောင့် ဖွင့်လှစ်ပြီးရင်တော့ စနစ်ထဲဝင်ရောက်ပြီး အွန်လိုင်းထီကို ကံစမ်းလို့ရပါပြီ။

          အွန်လိုင်းထီကံစမ်းရာမှာ ပထမအဆင့်အနေနဲ့ ထီလက်မှတ်ဝယ်ယူရန်ကဏ္ဍကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ အက္ခရာနှင့်နံပါတ်တို့ကို ရွေးချယ်အတည်ပြုရမှာဖြစ်ပါတယ်။ ထီလက်မှတ်ရွေးချယ်ရာမှာ မိမိကြိုက်နှစ်သက်ရာ အက္ခရာနဲ့ နံပါတ်တို့ကို ရွေးချယ်ကံစမ်းခြင်း၊ စနစ်မှ အလိုအလျောက်ရွေးချယ်ပေးတဲ့ ၃စောင်တွဲ၊ ၅စောင်တွဲ၊ ၁၀စောင်တွဲတို့ကို ဝယ်ယူကံစမ်းခြင်း တို့ကို တစ်ကြိမ်လျှင် အနည်းဆုံးတစ်စောင်မှ အများဆုံး (၁၀)စောင်အထိ အကြိမ်အရေအတွက် ကန့်သတ်ချက်မရှိ ထီလက်မှတ်တွေကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

          ဇွန်လမှာရောင်းချတဲ့ အွန်လိုင်းထီလက်မှတ်အတွက် ဆ မှ ဌ အထိ အက္ခရာ (၆) လုံး သတ်မှတ် ပေးထားတာဖြစ်တဲ့အတွက် အွန်လိုင်းထီကံစမ်းသူတွေအနေနဲ့ ဆ မှ ဌ အထိ အက္ခရာ (၆)လုံး ထဲကသာ ရွေးချယ်ခွင့်ရှိမှာဖြစ်ပါတယ်။ မိမိကံစမ်းလိုတဲ့ အက္ခရာနဲ့ နံပါတ်တို့ကို ရွေးချယ်အတည်ပြု ပြီးရင် တတိယအဆင့်အနေနဲ့ မိမိနှစ်သက်ရာ ငွေပေးချေမှုစနစ်တစ်ခုကို ရွေးချယ်ပြီး ငွေပေးချေရမှာ ဖြစ်ပါတယ်။ ငွေပေးချေမှု အောင်မြင်ပြီးရင် ဝယ်ယူမှု အောင်မြင်ကြောင်း SMS လက်ခံရရှိမှာဖြစ်ပြီး အွန်လိုင်းထီဝယ်ယူတဲ့ လုပ်ငန်းစဉ် ပြီးမြောက်ပြီဖြစ်ပါတယ်။

Question

မေး။ အောင်ဘာလေထီကို အွန်လိုင်းက ကံစမ်းနိုင်ဖို့ ဆောင်ရွက်ရပုံအဆင့်ဆင့်ကို ပြောကြားပေး စေလိုပါတယ်။

FAQ Category

စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ်၊ ၆၅/၂၀၂၀ ပါ အခွန်ခုနှိမ်ခွင့်နှင့် စရိတ်ခွင့်ပြုခြင်းကို တစ်ပြိုင်တည်း ခံစားခွင့်ရှိပါသလား။

Answer

စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ်၊ ၆၅/၂၀၂၀ ပါ အခွန်ခုနှိမ်ခွင့်နှင့် စရိတ်ခွင့်ပြုခြင်းကို တစ်ပြိုင်တည်း ခံစားခွင့်ရှိပါသည်။

Question

စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ်၊ ၆၅/၂၀၂၀ ပါ အခွန်ခုနှိမ်ခွင့်နှင့် စရိတ်ခွင့်ပြုခြင်းကို တစ်ပြိုင်တည်း ခံစားခွင့်ရှိပါသလား။

FAQ Category

နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁/၂၀၂၀ ပါခွင့်ပြု ချက်များသည် လစာဝင်ငွေခွန်ပေးဆောင်နေသည့် အခွန်ထမ်းများနှင့်သက်ဆိုင်ခြင်း ရှိ/မရှိ သိရှိလိုပါသည်။

Answer

နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁/၂၀၂၀ ပါ ခွင့်ပြု ချက်များသည် စီးပွားရေးလုပ်ငန်းများနှင့်သာ သက်ဆိုင်ပါသည်။

Question

နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁/၂၀၂၀ ပါခွင့်ပြု ချက်များသည် လစာဝင်ငွေခွန်ပေးဆောင်နေသည့် အခွန်ထမ်းများနှင့်သက်ဆိုင်ခြင်း ရှိ/မရှိ သိရှိလိုပါသည်။

FAQ Category

နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁/၂၀၂၀ ပါ ထပ်တိုး လစာ၏ အဓိပ္ပာယ်ကို သိလိုပါသည်။

Answer

နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁/၂၀၂၀ ပါ “ထပ်တိုး ပေးချေရသည့် လုပ်ခ၊ လစာ”ဆိုသည်မှာ အောက်ဖော်ပြပါကိစ္စရပ်တစ်ခုခုကြောင့် ၂၀၁၉-၂၀၂၀ ဝင်ငွေနှစ်တွင် ယင်းဝင်ငွေနှစ်မတိုင်မီ ကပ်လျက်ရှိသော ဝင်ငွေနှစ် (ယခင်နှစ်) ထက် ပိုမိုပေးချေရသည့် လုပ်ခ၊ လစာကိုဆိုလိုခြင်းဖြစ်ပါသည်-

(က)ယခင်နှစ်နှင့်တူညီသော ဝန်ထမ်းဦးရေရှိ ဝန်ထမ်းများ၏ လုပ်ခ၊ လစာ များအား တိုးမြှင့်ပေးခြင်းကြောင့် လုပ်ခ၊ လစာစရိတ်မြင့်တက်ခြင်း၊

(ခ)ဝန်ထမ်းအင်အား တိုးချဲ့ခြင်းကြောင့် လုပ်ခ၊ လစာမြင့်တက်ခြင်း။

Question

နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁/၂၀၂၀ ပါ ထပ်တိုး လစာ၏ အဓိပ္ပာယ်ကို သိလိုပါသည်။

FAQ Category

COVID-19 ကာလအတွင်း ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ထမ်းများအပေါ် CERP နှင့်မသက်ဆိုင်သည့် ဝန်ဆောင်မှုပေးခဲ့သည့်ကိစ္စရပ်များရှိပါသလား။

Answer

COVID-19 ကာလအတွင်း ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ထမ်းများ၏ အခွန်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် ကမ္ဘာ့ကပ်ရောဂါအား ကြိုတင်ကာကွယ်သည့်အနေဖြင့် အောက်ပါတို့ကို ဆောင်ရွက်ပေးခဲ့ပါသည် - (က)သက်ဆိုင်ရာအခွန်ရုံးများတွင် လက်ဆေးကန်၊ လက်ဆေးဆပ်ပြာ၊ Mask များ စီစဉ်ပေးခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးခြင်း၊

(ခ)SAS စနစ်သို့ ကူးပြောင်းသည့် အခွန်ရုံးများတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ နောက်ဆုံးအပတ်မှစ၍ အခွန်ထမ်းမှတ်ပုံတင်ပုံစံနှင့် သတင်းအချက်အလက်တောင်းခံလွှာပုံစံများအား e-mail ဖြင့် လက်ခံပေးခြင်း၊

(ဂ)SAS ရုံးများတွင် သုံးလပတ်ကြေညာလွှာ တင်သွင်းသည့်ကိစ္စများအား အခွန်ရုံးသို့ လူကိုယ်တိုင်လာရောက်တင်သွင်းရန်မလိုဘဲ e-mail ဖြင့် လက်ခံဆောင်ရွက်ပေးခြင်း၊

(ဃ)COVID-19 ဖြစ်ပွားမှုကြောင့် လစဉ်လစာဝင်ငွေခွန်ပေးသွင်းရန် ကြုံတွေ့နေရသည့် အခက်အခဲများကို ကုစားပေးနိုင်ရန်ရည်ရွယ်၍ အခွန်ပေးဆောင်ရမည့်အချိန်ကို တိုးမြှင့်ပေးစေလိုကြောင်း အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(က)နှင့် အညီ သက်ဆိုင်ရာအခွန်ရုံးသို့ လျှောက်ထားလာပါက လစဉ်ပေးဆောင်ရမည့် လစာဝင်ငွေခွန်ကို သုံးလ တစ်ကြိမ် ပေးသွင်းခွင့်ပြုခြင်း၊

(င)Mobile Banking စနစ်အား ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ (၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် CB Pay တစ်မျိုးသာ အသုံးပြုနိုင်သော်လည်း၊ ၂၀၂၀ ပြည့်နှစ် မေလတွင် AYA Pay အား လည်းကောင်း၊ ဇွန်လတွင် SaiSai Pay၊ KBZ Pay များအားလည်းကောင်း အသုံးပြု၍ အခွန်ငွေများပေးဆောင်နိုင်ပြီဖြစ်ပါသည်။

Question

COVID-19 ကာလအတွင်း ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ထမ်းများအပေါ် CERP နှင့်မသက်ဆိုင်သည့် ဝန်ဆောင်မှုပေးခဲ့သည့်ကိစ္စရပ်များရှိပါသလား။

FAQ Category

လုပ်ငန်းစီမံချက်ခေါင်းစဉ် ၂.၁.၅ ပါ သတ်မှတ်ချက်များအား မည်သည့်လုပ်ငန်းများ အပေါ်တွင် ခွင့်ပြုပေးရန်သတ်မှတ်ထားပါသနည်း။

Answer

လုပ်ငန်းစီမံချက်ခေါင်းစဉ် ၂.၁.၅ ပါ သတ်မှတ်ချက်များသည် စီးပွားရေးလုပ်ငန်းများ အားလုံးနှင့်သက်ဆိုင်သည့် ခံစားခွင့်ဖြစ်ပါသည်။

Question

လုပ်ငန်းစီမံချက်ခေါင်းစဉ် ၂.၁.၅ ပါ သတ်မှတ်ချက်များအား မည်သည့်လုပ်ငန်းများ အပေါ်တွင် ခွင့်ပြုပေးရန်သတ်မှတ်ထားပါသနည်း။

FAQ Category

ပို့ကုန်အပေါ် ဝင်ငွေခွန် ၂ % ကင်းလွတ်ခွင့်ပြုသည့် အမိန့်ကြော်ငြာစာအမှတ်၊ ၃၈/၂၀၂၀ ၏ အကျိုးသက်ရောက်သည့် ကာလကိုသိရှိလို ပါသည်။

Answer

ပို့ကုန်အပေါ် ဝင်ငွေခွန် ၂ % ကင်းလွတ်ခွင့်ပြုသည့် အမိန့်ကြော်ငြာစာအမှတ်၊ ၃၈/၂၀၂၀ ၏ အကျိုးသက်ရောက်သည့် ကာလမှာ ၁-၄-၂၀၂၀ နေ့မှ ၃၀-၉-၂၀၂၀ နေ့အထိ အကျိုး သက်ရောက်မည် ဖြစ်ပါသည်။

Question

ပို့ကုန်အပေါ် ဝင်ငွေခွန် ၂ % ကင်းလွတ်ခွင့်ပြုသည့် အမိန့်ကြော်ငြာစာအမှတ်၊ ၃၈/၂၀၂၀ ၏ အကျိုးသက်ရောက်သည့် ကာလကိုသိရှိလို ပါသည်။

FAQ Category

အမိန့်ကြော်ငြာစာအမှတ်၊ ၃၈/၂၀၂၀ ၏ ၂ % ကင်းလွတ်ခွင့်ရရှိခြင်းသည် Withholding Tax ၂ % နုတ်ယူပေးသွင်းခြင်းနှင့် တူ/မတူ သိလိုပါသည်။

Answer

အမိန့်ကြော်ငြာစာအမှတ်၊ ၃၈/၂၀၂၀ သည် ပို့ကုန်အပေါ် ကောက်ခံသည့် ကြိုတင် ဝင်ငွေခွန် ၂ % ကိုသာ ကင်းလွတ်ခွင့်ပြုခြင်းဖြစ်ပါသည်။

Question

အမိန့်ကြော်ငြာစာအမှတ်၊ ၃၈/၂၀၂၀ ၏ ၂ % ကင်းလွတ်ခွင့်ရရှိခြင်းသည် Withholding Tax ၂ % နုတ်ယူပေးသွင်းခြင်းနှင့် တူ/မတူ သိလိုပါသည်။

FAQ Category

COVID-19 အစီအစဉ်အရ တိုးမြှင့်ပေးထားသည့် ရက်အတွင်း အခွန်မပေးသွင်းပါက မည်သို့အရေးယူမည်နည်း။

Answer

COVID-19 အစီအစဉ်အရ တိုးမြှင့်ပေးထားသည့် သတ်မှတ်ရက်အတွင်း အခွန်ပေးသွင်း ရန်ပျက်ကွက်ခြင်းအတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မခွဲ (ခ)အရ ပေးဆောင်ခြင်းမရှိသေးသည့် အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသည့်ပမာဏကို နောက်ကျ ပေးဆောင်မှု ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်ဖြစ်ပါသည်။ တိုးမြှင့်သတ်မှတ် ပေးထားသည့်ရက်အတွင်း ပေးဆောင်ခဲ့ပါက ဒဏ်ငွေ မကျသင့်ပါ။

Question

COVID-19 အစီအစဉ်အရ တိုးမြှင့်ပေးထားသည့် ရက်အတွင်း အခွန်မပေးသွင်းပါက မည်သို့အရေးယူမည်နည်း။

FAQ Category

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ကြေညာချက်အမှတ်၊ ၁/၂၀၂၀ အရ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်နှင့် လစာဝင်ငွေခွန် ပေးဆောင်ရမည့်ရက်များ မည်ကဲ့သို့ တိုးမြှင့်ခွင့်ပြုထားပါသနည်း။

Answer

(က)              စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ကြေညာချက်အမှတ်၊ ၁/၂၀၂၀ အရ အခွန်ပေးသွင်းရန်တိုးမြှင့်သတ်မှတ်ပေးထားသည့်ရက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

(၁)     ဝင်ငွေခွန်ဖြစ်လျှင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ဒုတိယသုံးလပတ်ကာလအတွက် ဥပဒေအရ အခွန်ပေးသွင်း ရမည့်ရက်မှာ ဧပြီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်းဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ တတိယသုံးလပတ် ကာလအတွက် ဥပဒေအရ အခွန်ပေးသွင်းရမည့် သတ်မှတ်ရက်မှာ ဇူလိုင် လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ဖြစ်ပါသည်၊

(၂)      အဆိုပါသတ်မှတ်ရက်များကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမကုန်ဆုံးမီ ပေးဆောင်နိုင်ကြောင်း အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်အရ တိုးမြှင့်သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါသည်၊

(၃)     ကုန်သွယ်လုပ်ငန်းခွန်ဖြစ်လျှင် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွက်မှစပြီး ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လအတွက်အထိ လစဉ်ပေးသွင်းရမည့် ကုန်သွယ် လုပ်ငန်းခွန်ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ မကုန်ဆုံးမီကာလအတွင်း ပေးဆောင်ခွင့်ပြုခြင်း ဖြစ်ပါသည်။

(ခ)     လစာဝင်ငွေခွန်အား သုံးလတစ်ကြိမ် ပေးသွင်းခွင့်ပြုရန် အခွန်ဆိုင်ရာစီမံအုပ် ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(က)နှင့်အညီ ပြည်တွင်းအခွန်များဦးစီးဌာနသို့ လျှောက်ထားပါက အခွန်ပေးဆောင်မည့်ရက် တိုးမြှင့်သတ်မှတ်ပေးမည်ဖြစ်ပါ သည်။

Question

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ကြေညာချက်အမှတ်၊ ၁/၂၀၂၀ အရ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်နှင့် လစာဝင်ငွေခွန် ပေးဆောင်ရမည့်ရက်များ မည်ကဲ့သို့ တိုးမြှင့်ခွင့်ပြုထားပါသနည်း။

FAQ Category