အခွန်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေကြမ်းနှင့် ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းများနှင့်စပ်လျဉ်းသည့် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးတွင် ရှင်းလင်းဆွေးနွေးခြင်း

နေပြည်တော် သြဂုတ်လ ၃၀

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့တွင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးကို ၁၃:၀၀ နာရီမှ ၁၄:၀၀ နာရီထိ လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးကို ၁၅:၀၀ နာရီမှ ၁၆:၃၀ နာရီအထိလည်းကောင်း ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာ ဥပဒေအလိုက် မေးမြန်းဆွေးနွေးချက်များအား ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဥပဒေကြမ်းပူးပေါင်း ကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဥက္ကဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့မှ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ တာဝန် ရှိသူများ၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်မူဝါဒ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။