ပထမအကြိမ် စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာ အသိပညာမျှဝေခြင်း ဆွေးနွေးပွဲကျင်းပခြင်း(ကရင်ပြည်နယ်)

ဘားအံမြို့ သြဂုတ်လ ၃၁

The Asia Foundition မှ ကြီးမှူး၍ ကျင်းပပြုလုပ်သော ပထမအကြိမ် စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အသိပညာမျှဝေခြင်းဆွေးနွေးပွဲအား ကရင်ပြည်နယ်၊ ဘားအံမြို့နယ် Than Lwin Paradise Hotel သံလွင်ခန်းမ၌ ၃၀-၈-၂၀၁၈ ရက်နေ့မှ ၃၁-၈၀၂၀၁၈ ရက်နေ့အထိ ၂ ရက် ကြာကျင်းပပြုလုပ်ခဲ့ရာ ၃၁-၈-၂၀၁၈ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန်၌ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးသင်းထွဋ်ဟန်က အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ NGO, INGO အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာနှင့် အရပ်ဖက်အဖွဲ့ အစည်းများမှအင်အား ၆၅ ဦးတက်ရောက်ခဲ့ကြပြီး အခွန်ဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ ပြည်နယ်အခွန်ဦးစီးဌာနမှူးက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။