B4B Insights Forum 2018 သို့ တက်ရောက်ခြင်း

B4B Insight Forum 2018 အခမ်းအနားကို ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တွင် ၂၆-၅-၂၀၁၈ ရက်နေ့မှ ၂၇-၅-၂၀၁၈ ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဥပဒေရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသန်းဝင်းနှင့်အဖွဲ့က တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ညွှန်ကြားရေးမှူး ဦးသန်းဝင်းက ၂၀၁၈ အခွန်အကောက်ဥပဒေ အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ UMFCCI မှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသည့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေး မေးမြန်းခဲ့ကြပါသည်။