Internews က ကြီးမှူးကျင်းပသည့် ဘတ်ဂျက်ဆိုင်ရာရေးသားခြင်းသင်တန်း (ဒုတိယပိုင်းအစီအစဉ်)တွင် ဆွေးနွေးပို့ချခြင်း

သတင်းမီဒီယာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်လျှက်ရှိသော နိုင်ငံတကာ NGO တစ်ခု ဖြစ်သည့် Internews က ကြီးမှူးကျင်းပသည့် စီးပွားရေးသတင်းအယ်ဒီတာများနှင့် သတင်း သမားများအတွက် အထူးရည်ရွယ်သော ဘတ်ချက်ဆိုင်ရာ သတင်းရေးသားခြင်းသင်တန်း (ဒုတိယ ပိုင်းအစီအစဉ်)ကို နေပြည်တော် The Hotel Amara တွင် ၂၀၁၈ ခုနှစ် မေလ ၂၆ ရက်နေ့က ကျင်းပခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြန်ကြားရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင် တက်ရောက်၍ ဘတ်ဂျက်တွင် အခွန်ဘဏ္ဍာငွေ၏ အခန်းကဏ္ဍနှင့် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချခဲ့ပါသည်။ အခမ်းအနားတွင် Internews မှ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။