ဌာနမှ မော်တော်ယာဉ်ဝယ်ယူရာတွင် ဂျပန်နိုင်ငံရှိ ကုမ္ပဏီနှင့် OnLine မှတိုက်ရိုက်ချိတ် ဆက်၍ ဝယ်ယူခဲ့ပါသည်။ ထိုကားတန်ဖိုးငွေပေးချေရာတွင် Withholding Tax နှုတ်ယူ ပေးသွင်းရန် လို/ မလို သိရှိလိုပါသည်။

Answer

ဌာနမှ မော်တော်ယာဉ်ဝယ်ယူရာတွင် ဂျပန်နိုင်ငံရှိ ကုမ္ပဏီနှင့် OnLine မှတိုက်ရိုက်ချိတ်ဆက်၍ ဝယ်ယူခြင်းမှာ နိုင်ငံတော်အတွင်း ပစ္စည်းဝယ်ယူခြင်း မဟုတ်သဖြင့် မော်တော်ယာဉ် တန်ဖိုးငွေပေးချေရာတွင် Withholding Tax နှုတ်ယူပေးသွင်းရန် မလိုအပ်ပါ။

Question

ဌာနမှမော်တော်ယာဉ်ဝယ်ယူရာတွင် ဂျပန်နိုင်ငံရှိ ကုမ္ပဏီနှင့် OnLine မှတိုက်ရိုက်ချိတ်ဆက်၍ ဝယ်ယူခဲ့ပါသည်။ ထိုကားတန်ဖိုးငွေပေးချေရာတွင် Withholding Tax နှုတ်ယူပေးသွင်းရန် လို/ မလို သိရှိလိုပါသည်။

ပြည်တွင်းရှိဥပဒေအကြံပေးကုမ္ပဏီတစ်ခုက စင်္ကာပူနိုင်ငံရှိပညာရှင်များအား ပြည်တွင်းတွင်လာရောက်စေပြီး အကြံပေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစေခြင်းအတွက် စင်္ကာပူနိုင်ငံသို့ငွေပေးချေခြင်းအပေါ် Withholding Tax မည်သို့ ဖြတ်တောက်ရမည်ကိုသိရှိလိုခြင်း။

Answer

စင်္ကာပူနိုင်ငံရှိပညာရှင်များအား ပြည်တွင်းတွင်လာရောက်စေပြီး အကြံပေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးစေခြင်းအတွက် စင်္ကာပူနိုင်ငံသို့ ငွေပေးချေခြင်းအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၈ အပိုဒ် (၅) အရ ပြည်ပနေ နိုင်ငံခြားသားသို့ ပေးချေငွေဖြစ်ပါက ပေးချေငွေအားလုံးအပေါ်တွင် WHT ၂.၅% နုတ်ယူပေးသွင်းရမည်ဖြစ်ပါသည်။ အခွန်နုတ်ယူပေးသွင်းရာတွင် ပေးချေငွေကို လက်ခံရရှိသူအမည် (သို့မဟုတ်) လုပ်ငန်းအမည်ဖြင့် သက်ဆိုင်ရာအခွန်ဦးစီးရုံး၏ ဘဏ်စာရင်းသို့ပေးသွင်းရမည်ဖြစ်ပါသည်။ပြည်ပနေနိုင်ငံခြားသားအတွက် ပေးချေငွေမှ Withholding Tax နှုတ်ယူပေးသွင်းသည့်အခွန်ကို ပြည်ပနေနိုင်ငံခြားသားအတွက် အပြီးသတ်စည်းကြပ်မှုအရပေးသွင်းသည့်ဝင်ငွေခွန်အဖြစ် မှတ်ယူရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ ဥပဒေအကြံပေးကုမ္ပဏီတစ်ခုက စင်္ကာပူနိုင်ငံရှိပညာရှင်များအား ပြည်တွင်းတွင် လာရောက်စေပြီး အကြံပေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစေခြင်းအတွက် စင်္ကာပူနိုင်ငံသို့ငွေပေးချေခြင်းအပေါ် Withholding Tax မည်သို့ ဖြတ်တောက်ရမည်ကို သိရှိလိုခြင်း။

ပြည်တွင်းရှိကုမ္ပဏီဝန်ထမ်းတစ်ဦးမှ လစာဝင်ငွေခွန်တွက်ချက်ရာတွင် အသက်အာမခံအတွက် ပေးရသည့် အာမခံကြေးအား လစာဝင်ငွေခွန်တွက်ချက်ရာတွင် ထည့်သွင်းတွက်ချက်ရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။

Answer

လစာဝင်ငွေခွန်တွက်ချက်ရာတွင် အခွန်ထမ်းနှင့်အိမ်ထောင်ဖက်၏ အသက်အာမခံအတွက် သက်ဆိုင်သည့်နှစ်အတွင်း အမှန်ပေးသွင်းသည့် ပရီမီယံကြေးများအား နုတ်ပယ်ပေးရမည် ဖြစ်ပါသည်။ 

Question

ပြည်တွင်းရှိကုမ္ပဏီ ဝန်ထမ်းတစ်ဦးမှ လစာဝင်ငွေခွန်တွက်ချက်ရာတွင် အသက်အာမခံအတွက် ပေးရသည့် အာမခံကြေးအား လစာဝင်ငွေခွန်တွက်ချက်ရာတွင် ထည့်သွင်းတွက်ချက်ရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။

Hire Purchase ဖြင့် ပစ္စည်းများရောင်းချမည့် ကုမ္ပဏီနှင့် ကုန်ပစ္စည်းဝယ်ယူသူကြား ဝန်ဆောင်မှုဆောင်ရွက်ပေးမည့် ကုမ္ပဏီမှမည်သည့်အခွန်များကျသင့်မည်ကို သိရှိလိုပါသည်။

Answer

Hire Purchase ဖြင့် ပစ္စည်းများရောင်းချမည့် ကုမ္ပဏီနှင့် ကုန်ပစ္စည်းဝယ်ယူသူကြား ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄ (ဃ)ပါ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှု(၃၀) မျိုးတွင် မပါဝင်ပါ သဖြင့် ဝန်ဆောင်မှုရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပါသည်။ ဝန်ဆောင် မှုလုပ်ငန်းဆောင်ရွက်သူ ကုမ္ပဏီသည် ၄င်း၏ ဝန်ဆောင်မှုကို ရယူမည့် Hire Purchase  ဖြင့် ပစ္စည်းရောင်းသည့် ကုမ္ပဏီထံမှ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၅(ခ) အရ ကုန်သွယ်လုပ် ငန်းခွန် မကျသင့်မီ ရငွေနှင့်အတူ ကုန်သွယ်လုပ်ငန်းခွန် ၅% ကို တစ်ပါတည်း ကောက်ခံ၍ သက်ဆိုင်ရာအခွန်ဦးစီးရုံးသို့ ပြဋ္ဌာန်းချက်များနှင့်အညီ ပေးသွင်းရမည်ဖြစ် ပါသည်။ ဝင်ငွေခွန်မှာ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၃(က) အရ ဝင်ငွေခွန်ဥပဒေ ပုဒ်မ (၆) အရ သက်သာခွင့်များမနုတ်ပယ်မီ စုစုပေါင်းအသားတင် အမြတ် ဝင်ငွေအပေါ် ၂၅% ဖြင့် ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။

 

Question

Hire Purchase ဖြင့် ပစ္စည်းများရောင်းချမည့် ကုမ္ပဏီနှင့် ကုန်ပစ္စည်းဝယ်ယူသူကြား ဝန်ဆောင်မှုဆောင်ရွက်ပေးမည့် ကုမ္ပဏီမှမည်သည့်အခွန်များကျသင့်မည်ကို သိရှိလိုပါသည်။

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ၄င်းဝန်ထမ်းတစ်ဦးမှာ လုပ်ငန်းတွင် စွမ်းဆောင်ရည်မြင့်မား သဖြင့် ၄င်းဝန်ထမ်းနှင့်မိသားစုအား ပြင်သစ်နိုင်ငံသို့ အလည်အပတ်ခရီးအဖြစ် ပို့ပေးမည် ဖြစ်ရာ ၄င်းကုန်ကျစရိတ်အား ဝန်ထမ်း၏ လစာဝင်ငွေထဲတွင် ထည့်သွင်းတွက်ချက်ရခြင်း ရှိ/မရှိ သိရှိလိ

Answer

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက ၄င်းဝန်ထမ်းတစ်ဦးမှာ လုပ်ငန်းတွင် စွမ်းဆောင်ရည်မြင့်မား သဖြင့် ၄င်းဝန်ထမ်းနှင့်မိသားစုအား ပြင်သစ်နိုင်ငံသို့ အလည်အပတ်ခရီးအဖြစ် ပို့ပေးမည် ဖြစ်ရာ ၄င်းကုန်ကျစရိတ်အား ကုမ္ပဏီမှ စရိတ်ကျခံခြင်းဖြစ်သောကြောင့် ဝန်ထမ်း၏ လစာ ဝင်ငွေထဲတွင် ထည့်သွင်းတွက်ချက်ရန်မလိုအပ်ပါ။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ၄င်းဝန်ထမ်းတစ်ဦးမှာ လုပ်ငန်းတွင် စွမ်းဆောင်ရည်မြင့်မား သဖြင့် ၄င်းဝန်ထမ်းနှင့်မိသားစုအား ပြင်သစ်နိုင်ငံသို့ အလည်အပတ်ခရီးအဖြစ် ပို့ပေးမည် ဖြစ်ရာ ၄င်းကုန်ကျစရိတ်အား ဝန်ထမ်း၏ လစာဝင်ငွေထဲတွင် ထည့်သွင်းတွက်ချက်ရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်းဖြစ်ပါသည်။

ပြည်တွင်းရှိဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ ၄၇/၂၀၁၈ ၏အမှတ်စဉ်(ဃ)နှင့်ပတ်သက်၍ မရှင်းလင်းသည်များကို သိရှိလို၍ မေးမြန်းခြင်းဖြစ်ပါသည်။

Answer

ပြည်တွင်းရှိဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ အခြားကုမ္ပဏီတစ်ခု သို့ဝန်ဆောင်မှုပေးခြင်း အတွက် ငွေပေးချေရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၈ အမှတ်စဉ် (ဃ) ပါ နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် စီးပွားရေး လုပ်ငန်းများ၊ အစုစပ်လုပ်ငန်း၊ ဖက်စပ်လုပ်ကိုင် သည့်လုပ်ငန်း၊ ကုမ္ပဏီ၊တစ်ဦးချင်းပုဂ္ဂိုလ်တို့ စုပေါင်းထားသည့် အဖွဲ့အစည်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မှတ်ပုံတင်၍ ဖွဲ့စည်းထား သည့်အဖွဲ့အစည်း (သို့မဟုတ်) အသင်းအဖွဲ့၊ သမဝါယမအသင်းနှင့် နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြား သားပိုင်လုပ်ငန်းများက ကန်ထရိုက်စာချုပ် သို့မဟုတ် သဘောတူစာချုပ် သို့မဟုတ် အခြားစနစ်တစ်ခုခုဖြင့် နိုင်ငံတော်အတွင်း ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ပေး စေခြင်း၊  ဝန်ဆောင်မှုဆောင်ရွက်ပေးစေခြင်းတို့အတွက် ပေးချေငွေများသည် ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားများအတွက် ထုတ်ပေးသည့်ငွေမှအခွန်အတွက် နုတ်ယူရန်မလိုအပ်တော့ပါကြောင်းနှင့် ပြည်ပနေနိုင်ငံခြားသားအတွက် ထုတ်ပေးသည့် ငွေမှ ၂.၅% နုတ်ယူပေးသွင်းရမည်ဖြစ်ပါသည်။ ၄င်းအမိန့်ကြော်ငြာစာသည် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ  ၄၇/၂၀၁၈ ၏အမှတ်စဉ်(ဃ)နှင့်ပတ်သက်၍ မရှင်းလင်းသည်များကို သိရှိလို၍ မေးမြန်းခြင်းဖြစ်ပါသည်။

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ၏လစာမှ လစာဝင်ငွေခွန် ပေးဆောင်ရခြင်းနှင့် မည်သို့ပေးဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်းဖြစ်ပါသည်။

Answer

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့်  ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၉ အရ မည်သူမဆိုအလုပ်ရှင်ထံမှ မိမိရရှိသည့်  သို့မဟုတ် ရရန်ရှိသည့် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့် ငွေ၊ လစာနှင့် လုပ်ခအစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင်တို့အတွက် လစာခေါင်းစဉ်ဖြင့် အခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆(က) အရ လစာခေါင်းစဉ်နှင့် အကျုံး ဝင်သော ငွေတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ငွေထုတ်ပေးရန်တာဝန်ရှိသူသည် ထိုငွေထုတ်ပေး ချိန်၌ ထုတ်ပေးသည့်ငွေမှ ကျသင့်သောအခွန်ကို နုတ်ယူရမည်။ ထိုသို့နှုတ်ယူရာတွင် သက်ဆိုင် သူ၏နှစ်တစ်နှစ်အတွင်း အဆိုပါခေါင်းစဉ်မှ ဝင်ငွေတစ်ရပ်ရပ်ပေါင်းအပေါ် ကျသင့်မည့် အခွန်ကို အညီအမျှအရစ်များဖြင့် နှုတ်ယူပြီးပေးသွင်းရမည် ဟုပြဌာန်းထားပါသည်။ ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၈ အရ အလုပ်ရှင်တစ်ဦးသည် ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း လစာ နှစ်ချုပ်စာရင်းကို စည်းမျဉ်းများဖြင့် ပြဌာန်းထားသည့်အတိုင်း နှစ်စဉ်ပေးပို့ရမည် ဖြစ်ပါ သည်။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၉ အရ လစာခေါင်းစဉ်ဖြင့် ဝင်ငွေရရှိသူများသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၉ (ဂ) အရ ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်း နေနိုင်ငံခြားသားဖြစ်ပါက လစာမှ နှစ်တစ်နှစ်အတွင်း ဝင်ငွေ ကျပ် (၄၈)သိန်းအထက်ရရှိသူ ဖြစ်လျှင် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များခုနှိမ်ပြီးနောက် ကျန်ဝင်ငွေအပေါ် ဝင်ငွေအလွှာလိုက်နှုန်းထား ၀% မှ ၂၅% ထိ ကျသင့်မည်ဖြစ်ပါသည်။ ပြည်ပနေနိုင်ငံခြား သားဖြစ်ပါက ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၄ အရ သက်သာ ခွင့်များနုတ်ပယ်ခြင်းမပြုဘဲရရှိသည့် လစာဝင်ငွေအပေါ် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၉ (ဂ) ပါ အခွန်နှုန်းထားများအတိုင်း ဝင်ငွေခွန်ကျသင့်မည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ၏လစာမှ လစာဝင်ငွေခွန် ပေးဆောင်ရခြင်းနှင့် မည်သို့ပေးဆောင်ရမည်ကို  သိရှိလို၍ မေးမြန်းခြင်းဖြစ်ပါသည်။

ပြည်တွင်းရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ ပြည်ပရှိ ပညာရှင်များထံမှ အဆောက်အဦ ဒီဇိုင်းပုံဆွဲခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းဝန်ဆောင်မှုလုပ်ငန်းများ ရယူခြင်းအတွက် ပြည်ပသို့ ငွေပေးချေခြင်းအပေါ် Withholding Tax မည်မျှဖြတ်တောက်ရမည်ကို သိရှိလိုပါသည်။

Answer

ပြည်တွင်းရှိဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ ပြည်ပရှိပညာရှင်များထံမှ အဆောက်အဦဒီဇိုင်း ပုံဆွဲခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းဝန်ဆောင်မှုလုပ်ငန်းများရယူခြင်းအတွက် ပြည်ပသို့ငွေပေး ချေခြင်းအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၄၇/ ၂၀၁၈ အရ ပြည်ပနေနိုင်ငံခြားသားသို့ ပေးချေငွေမှ ၂.၅% နုတ်ယူပေးသွင်းရပါမည်။ ပေးချေငွေကို လက်ခံရရှိသူအမည် (သို့မဟုတ်) လုပ်ငန်းအမည်ဖြင့် သက်ဆိုင်ရာအခွန်ဦးစီးရုံး၏ဘဏ်စာရင်း သို့ပေးသွင်းရမည်။ ပြည်ပနေနိုင်ငံခြားသားအတွက် ပေးချေငွေမှ Withholding Tax နှုတ်ယူပေးသွင်းသည့် အခွန်ငွေကို ပြည်ပနေနိုင်ငံခြားသားအတွက် အပြီးသတ်စည်းကြပ်မှု အရ ပေးသွင်းသည့် ဝင်ငွေခွန်အဖြစ် မှတ်ယူရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ ပြည်ပရှိ ပညာရှင်များထံမှ အဆောက်အဦ ဒီဇိုင်းပုံဆွဲခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းဝန်ဆောင်မှုလုပ်ငန်းများ ရယူခြင်းအတွက် ပြည်ပသို့ ငွေပေးချေခြင်းအပေါ် Withholding Tax မည်မျှဖြတ်တောက်ရမည်ကို သိရှိလိုပါသည်။

လူပုဂ္ဂိုလ်တစ်ဦးမှ ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာဝယ်ယူလိုသဖြင့် အစုရှယ်ယာဝယ်ယူခြင်း အပေါ် မည်သည့်အခွန်များပေးဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်းဖြစ်ပါသည်။

Answer

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃ (ထ) အရ အခြေပစ္စည်းဆိုသည်မှာ မြေ၊ အဆောက်အအုံနှင့် ယင်း တို့၏ အခန်းများ၊ ယာဉ်နှင့်လုပ်ငန်းဆိုင်ရာမတည်ပစ္စည်းကိုဆိုသည်။ ယင်းစကားရပ်တွင် အစုရှယ်ယာနှင့်ကတိဝန်ခံချုပ်တို့အပြင် ငွေချေးသက်သေခံလက်မှတ်များ၊ ယင်းတို့ကဲ့သို့သော အလားတူစာချုပ် စာတမ်းများပါဝင်ပါသဖြင့် ကုမ္ပဏီ၏ အစုရှယ်ယာများ ဝယ်ယူခြင်းအပေါ် ၂၀၁၈ ခုနှစ်  ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၅ အရ ဝင်ငွေ ရလမ်းတင်ပြနိုင် သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေအားလုံးနုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် တွင်လည်းကောင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေ အပေါ်တွင်လည်းကောင်း ၁ ကျပ် မှ ကျပ် ၃၀,၀၀၀,၀၀၀ ထိ ၁၅%၊ ၃၀,၀၀၀,၀၀၁ ကျပ်  မှ ကျပ် ၁၀၀,၀၀၀,၀၀၀ ထိ ၂၀% ၊ ၁၀၀၀၀၀၀၀၁ ကျပ်  နှင့်အထက် ၃၀% ဖြင့် ပေးဆောင်ရ မည်ဖြစ်ပါသည်။

Question

လူပုဂ္ဂိုလ်တစ်ဦးမှ ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာဝယ်ယူလိုသဖြင့် အစုရှယ်ယာဝယ်ယူခြင်း အပေါ် မည်သည့်အခွန်များပေးဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်းဖြစ်ပါသည်။

မော်တော်ယာဉ်ဝယ်ယူခြင်းအတွက် ဝန်ထမ်းလစာငွေအား ဝင်ငွေရလမ်းအဖြစ် တင်ပြနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါသည်။

Answer

တစ်နှစ်စုစုပေါင်းလစာဝင်ငွေ ၄၈ သိန်း မကျော်လွန်သည့် နိုင်ငံဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာ ရုံး/ ဌာနအကြီးအကဲ (သို့မဟုတ်) ငွေထုတ်ပေးရန်တာဝန်ရှိသူအရာရှိက လက်မှတ်ရေးထိုး ထားသော နှစ်အလိုက်လစာစာရင်းကိုတင်ပြစေပြီး ဝင်ငွေရလမ်းအဖြစ်ခွင့်ပြုပေးရ မည်ဖြစ် ပါသည်။

Question

မော်တော်ယာဉ်ဝယ်ယူခြင်းအတွက် ဝန်ထမ်းလစာငွေအား ဝင်ငွေရလမ်းအဖြစ် တင်ပြနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါသည်။