မြန်မာနိုင်ငံအတွင်းရှိဂျပန်ကုမ္ပဏီတစ်ခုတွင်လာရောက်အလုပ်လုပ်ကိုင်နေသောဂျပန်နိုင်ငံသား(ပြည်ပနေနိုင်ငံခြားသား)အားလစာပေးရာတွင် မြန်မာနိုင်ငံအတွင်းရှိဂျပန်ကုမ္ပဏီနှင့်ပြည်ပရှိဂျပန်ကုမ္ပဏီတို့မှလစာပေးခဲ့ပါသည်။ ဥပမာထိုနိုင်ငံခြားသားအားလစာပေးရာတွင်မြန်မာနိုင်ငံ

Answer

မြန်မာနိုင်ငံအတွင်းရှိ ဂျပန်ကုမ္ပဏီတစ်ခုတွင် လာရောက်အလုပ်လုပ်ကိုင်နေသော ဂျပန်နိုင်ငံသား (ပြည်ပနေနိုင်ငံခြားသား) အတွက် လစာဝင်ငွေခွန်တွက်ချက်ရာတွင် မြန်မာနိုင်ငံအတွင်းသို့ လာရောက်အလုပ်လုပ်ကိုင်သည့် ကာလအတွက် ရရှိသော မြန်မာနိုင်ငံအတွင်းရှိ ဂျပန်ကုမ္ပဏီမှပေးသော လစာနှင့် ပြည်ပရှိဂျပန်ကုမ္ပဏီမှပေးသော လစာဝင်ငွေနှစ်ရပ်ပေါင်းအပေါ်တွင် လစာဝင်ငွေခွန်တွက်ချက်ရမည် ဖြစ်ပါသည်။

Question

မြန်မာနိုင်ငံအတွင်းရှိဂျပန်ကုမ္ပဏီတစ်ခုတွင်လာရောက်အလုပ်လုပ်ကိုင်နေသော ဂျပန်နိုင်ငံသား(ပြည်ပနေနိုင်ငံခြားသား)အား လစာပေးရာတွင် မြန်မာနိုင်ငံအတွင်းရှိဂျပန်ကုမ္ပဏီနှင့် ပြည်ပရှိဂျပန်ကုမ္ပဏီတို့မှ လစာပေးခဲ့ပါသည်။ ဥပမာ ထိုနိုင်ငံခြားသားအား လစာပေးရာတွင် မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီမှ ၅၀၀+ ပြည်ပရှိကုမ္ပဏီမှ ၅၀၀ စုစုပေါင်း ၁၀၀၀ ပေးပါသည်။ ထိုနိုင်ငံခြားသား၏ လစာဝင်ငွေခွန်တွက်ချက်ရာတွင် မြန်မာနိုင်ငံအတွင်းရှိ ဂျပန်ကုမ္ပဏီမှပေးသော လစာကိုသာ ထည့်သွင်းတွက်ချက်ရမည်လား (သို့မဟုတ်) မြန်မာ နိုင်ငံအတွင်းရှိ ဂျပန်ကုမ္ပဏီနှင့် ပြည်ပရှိဂျပန်ကုမ္ပဏီမှပေးသော လစာဝင်ငွေနှစ်ရပ်ပေါင်းအပေါ် လစာဝင်ငွေတွက်ချက်ရမည်လား သိရှိလိုပါသည်။

ပြည်တွင်းရှိကုမ္ပဏီတစ်ခုသည်ထိုင်းနိုင်ငံရှိကုမ္ပဏီတစ်ခုနှင့်ဝန်ဆောင်မှုဆောင်ရွက်ရန်အတွက်လုပ်ငန်းအပ်နှံရာထိုကုမ္ပဏီမှဝန်ထမ်းစေလွှတ်ပေးပါသည်။ ထိုဝန်ထမ်း၏လစာဝင်ငွေခွန်အတွက်ပေးဆောင်ရာတွင် DTA စာချုပ်ပါအတိုင်းခံစားလိုပါသဖြင့်မည်သည့်အထောက်အထားများတင်ပြရမည်

Answer

မြန်မာနိုင်ငံနှင့် DTA စာချုပ်ဝင်နိုင်ငံတစ်ခုခုမှ အခွန်ထမ်းဖြစ်ပါက DTA စာချုပ်ပါအတိုင်း ခံစားခွင့်ရရှိရန် လျှောက်ထားသည့်အခါ အောက်ပါအချက်များကို တင်ပြရပါမည်-

(က)      လျှောက်ထားလိုသူပုဂ္ဂိုလ်က ဆောင်ရွက်ခဲ့သည့်လုပ်ငန်းနှင့် ပတ်သက်သော ရှင်းလင်းဖော်ပြချက်နှင့် လျှောက်ထားလိုသူက မည်သည့် DTA Article အရ DTA အခွင့်အရေးခံစားလိုပါကြောင်း ကိုယ်တိုင်ရေးလျှောက်လွှာ

(ခ)       ကိုယ်စားလှယ်ဖြစ်ပါက လျှောက်ထားခွင့်ရှိသူ၏ တရားဝင်ကိုယ်စားလှယ်လွှဲစာ

(ဂ)       လျှောက်ထားလိုသည့်ပုဂ္ဂိုလ်သည် မည်သည့်နိုင်ငံ၏ အခွန်ထမ်းဖြစ်ကြောင်း သက်ဆိုင်ရာ နိုင်ငံအခွန်ဌာန၏ ထောက်ခံချက်

(ဃ)      ချုပ်ဆိုထားသည့်စာချုပ်

အခွန်ထမ်းသည် အထက်ပါအထောက်အထားများနှင့်အတူ သက်ဆိုင်ရာအခွန်ဦးစီးဌာနမှူးရုံးသို့ တင်ပြလျှောက်ထားရမည်။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုသည် ထိုင်းနိုင်ငံရှိ ကုမ္ပဏီတစ်ခုနှင့် ဝန်ဆောင်မှုဆောင်ရွက်ရန်အတွက် လုပ်ငန်းအပ်နှံရာ ထိုကုမ္ပဏီမှ ဝန်ထမ်းစေလွှတ်ပေးပါသည်။ ထိုဝန်ထမ်း၏ လစာဝင်ငွေခွန်အတွက် ပေးဆောင်ရာတွင် DTA စာချုပ်ပါအတိုင်း ခံစားလိုပါသဖြင့် မည်သည့်အထောက်အထားများကို တင်ပြရမည်ကို သိရှိလိုပါသည်။

ဌာနဆိုင်ရာဦးစီးဌာနတစ်ခုမှ ဆိုင်တစ်ဆိုင်သို့ ပထမအကြိမ်တွင် (၈) သိန်းဖိုး ပစ္စည်းဝယ်ယူပါသည်။ ၎င်းဆိုင်တွင်ပင် ဒုတိယအကြိမ် ထပ်မံ၍ (၈) သိန်းဖိုး ပစ္စည်းဝယ်ယူခဲ့ပါသည်။ Withholding Tax ၂% နှုတ်ယူပေးသွင်းရန် လို/မလို သိရှိလိုပါသည်။

Answer

ပထမအကြိမ် ပစ္စည်းဝယ်ယူစဉ်က ငွေပေးချေချိန်တွင် ကျပ် (၁၀) သိန်း မပြည့်သေး၍ Withholding Tax နှုတ်ယူပေးသွင်းခြင်း မပြုရသေးသော်လည်း ဒုတိယအကြိမ် ငွေပေးချေသည့်အခါ ပထမ+ဒုတိယ နှစ်ရပ်ပေါင်း မှာ (၁၀) သိန်းကျော်လွန်သဖြင့် ထိုပေးချေငွေမှ စတင်၍ Withholding Tax ၂% နှုတ်ယူ ပေးသွင်းရမည်ဖြစ်ပါသည်။

Question

ဌာနဆိုင်ရာဦးစီးဌာနတစ်ခုမှ ဆိုင်တစ်ဆိုင်သို့ ပထမအကြိမ်တွင် (၈) သိန်းဖိုး ပစ္စည်းဝယ်ယူပါသည်။ ၎င်းဆိုင်တွင်ပင် ဒုတိယအကြိမ် ထပ်မံ၍ (၈) သိန်းဖိုး ပစ္စည်းဝယ်ယူခဲ့ပါသည်။ Withholding Tax ၂% နှုတ်ယူပေးသွင်းရန် လို/မလို သိရှိလိုပါသည်။

အစိုးရဝန်ထမ်း(အရာရှိ)အငြိမ်းစားတစ်ဦးသည် Car Show Room မှမော်တော်ယာဉ်ဝယ်ယူရာတွင်ဝင်ငွေရလမ်းအဖြစ်မည်သည့်အထောက်အထားများတင်ပြနိုင်သည်ကိုသိရှိလိုပါသည်။

Answer

အစိုးရဝန်ထမ်း (အရာရှိ) အငြိမ်းစားတစ်ဦးသည် Car Show Room မှ မော်တော်ယာဉ်ဝယ်ယူရာတွင် တာဝန်ထမ်းဆောင်စဉ်ကရရှိခဲ့သော  လစာ၊လုပ်သက်ဆုကြေးနှင့် ပင်စင်လစာတို့ကို ဝင်ငွေရလမ်းအဖြစ် တင်ပြနိုင်ပါသည်။

Question

အစိုးရဝန်ထမ်း (အရာရှိ) အငြိမ်းစားတစ်ဦးသည် Car Show Room မှ မော်တော်ယာဉ်ဝယ်ယူရာတွင် ဝင်ငွေရလမ်းအဖြစ်မည်သည့်အထောက်အထားများ တင်ပြနိုင်သည်ကိုသိရှိလိုပါသည်။

နယ်စပ်တွင်ဖမ်းဆီးရမိသောကျောက်စိမ်းတုံးများကိုနေပြည်တော်သို့သယ်ယူရာတွင်ကုန်ကားများကိုငှားရမ်း၍သယ်ယူခဲ့ရပါသည်။ကားငှားစဉ်ကစာချုပ်ချုပ်ဆိုငှားရမ်းခြင်းမဟုတ်ပါ။ ထိုဒေသရှိကြုံရာကားကိုငှားခဲ့ပါသည်။၎င်းကားငှားခပေးချေခြင်းအတွက် Withholding Tax နုတ်ယူပေးသွင်းရန်

Answer

နယ်စပ်တွင်ဖမ်းဆီးရမိသော ကျောက်စိမ်းတုံးများကို နေပြည်တော်သို့သယ်ယူရာတွင် ကုန်ကားများကိုငှားရမ်း၍ သယ်ယူခဲ့ခြင်းအတွက် ကားငှားခပေးချေခြင်းအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၄၇/၂၀၁၈ အရ နှစ်တစ်နှစ်အတွင်း စုစုပေါင်းပေးချေငွေ ကျပ်သိန်း ၁၀အထိ အခွန်နုတ်ယူပေးသွင်းခြင်းမပြုရပါ။ စုစုပေါင်းပေးချေငွေသည် ကျပ်သိန်း ၁၀ ထက်ကျော်လွန်ပါက Withholding Tax ၂% နုတ်ယူပေးသွင်းရပါမည်။

Question

နယ်စပ်တွင် ဖမ်းဆီးရမိသော ကျောက်စိမ်းတုံးများကို နေပြည်တော်သို့သယ်ယူရာတွင် ကုန်ကားများကိုငှားရမ်း၍ သယ်ယူခဲ့ရပါသည်။ ကားငှားစဉ်ကစာချုပ်ချုပ်ဆိုငှားရမ်းခြင်းမဟုတ်ပါ။ ထိုဒေသရှိ ကြုံရာကားကိုငှားခဲ့ပါသည်။ ၎င်းကားငှားခ ပေးချေခြင်းအတွက် Withholding Tax နုတ်ယူပေးသွင်းရန် လို/မလို သိရှိလိုပါသည်။

ကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာထည့်ဝင်ထားသူတစ်ဦးမှာ မိမိထည့်ဝင်ထားသော အစုရှယ်ယာအတွက် ဝင်ငွေရလမ်းတင်ပြရာတွင် အိမ်ထောင်စုစာရင်း၌ အတူရှိသည့် အိမ်ထောင်ဖက်၏လစာဝင်ငွေခွန် ပေးဆောင်ပြီးသော ဝင်ငွေအားဝင်ငွေရလမ်းအဖြစ် တင်ပြ၍ ရ/မရ သိရှိလိုပါသည်။

Answer

ကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာထည့်ဝင်ထားသူတစ်ဦးမှာ မိမိထည့်ဝင်ထားသော အစုရှယ်ယာအတွက် ဝင်ငွေရလမ်းတင်ပြရာတွင် အိမ်ထောင်စုစာရင်း၌ အတူရှိသည့် အိမ်ထောင်ဖက်၏ လစာဝင်ငွေခွန်ပေးဆောင်ပြီးသော ဝင်ငွေအား ဝင်ငွေရလမ်းအဖြစ် တင်ပြ၍ရပါသည်။ ထိုသို့တင်ပြရာတွင် အောက်ပါတို့ကို ပူးတွဲတင်ပြရမည် ဖြစ်ပါသည်-

             (၁)       လစာဝင်ငွေခွန်ပေးဆောင်ထားသော အခွန်ပေးဆောင်မှုမှတ်တမ်းစာအုပ် မူရင်း/ မိတ္တူ

             (၂)        အိမ်ထောင်စုစာရင်း မူရင်း/ မိတ္တူ

             (၃)       အစုရှယ်ယာထည့်ဝင်ငွေနှင့်ပတ်သက်သည့် အထောက်အထားများ

Question

ကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာထည့်ဝင်ထားသူတစ်ဦးမှာ မိမိထည့်ဝင်ထားသော အစုရှယ်ယာအတွက် ဝင်ငွေရလမ်းတင်ပြရာတွင် အိမ်ထောင်စုစာရင်း၌ အတူရှိသည့် အိမ်ထောင်ဖက်၏ လစာဝင်ငွေခွန် ပေးဆောင်ပြီးသော ဝင်ငွေအား ဝင်ငွေရလမ်းအဖြစ် တင်ပြ၍ ရ/မရ သိရှိ လိုပါသည်။

ဘဏ်ချေးငွေရယူ၍ အရစ်ကျငွေစနစ်ဖြင့် Car Showroom မှ ဝယ်ထားသည့်ကားအား အခွန်ဆောင်ရန်အတွက်မည်သည့်အထောက်အထားများ တင်ပြရန်လိုအပ်ပါသနည်း။ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်အားဘဏ်မှသိမ်းယူထားပါသည်။ ကားတန်ဖိုးအပြေအကြေငွေပေးသွင်းပြီးမှမော်တော်ယာဉ်မှတ်ပုံတင်စာအုပ်

Answer

ဘဏ်ချေးငွေရယူ၍ အရစ်ကျငွေချေစနစ်ဖြင့် Car Showroom မှ ဝယ်ထားသည့် ကားအခွန်ပေးဆောင်ရန်အတွက် အောက်ပါအထောက်အထားများတင်ပြရပါမည်-

             (က)    တင်ပြလိုသော ဝင်ငွေရလမ်းအ​ထောက်အထားမူရင်း

             (ခ)     ID Form (Import Declaration) မိတ္တူ

             (ဂ)     Sale Invoice

             (ဃ)    ဝယ်ယူခွင့်ပါမစ်

             (င)     အရောင်းအဝယ်စာချုပ်မိတ္တူ

             (စ)     နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ

             (ဆ)    အိမ်ထောင်စုစာရင်းမိတ္တူ

             (ဇ)     ကိုယ်စားဆောင်ရွက်သူဖြစ်ပါက တံဆိပ်ခေါင်းခွန်အပြည့်အဝ ကပ်နှိပ်ထားသော ကိုယ်စားလှယ်လွှဲစာ။

Question

ဘဏ်ချေးငွေရယူ၍ အရစ်ကျငွေစနစ်ဖြင့် Car Showroom မှ ဝယ်ထားသည့်ကားအား အခွန်ဆောင်ရန်အတွက်  မည်သည့်အထောက်အထားများ တင်ပြရန်လိုအပ်ပါသနည်း။ မော် တော်ယာဉ်မှတ်ပုံတင်စာအုပ်အား ဘဏ်မှသိမ်းယူထားပါသည်။ ကားတန်ဖိုးအပြေအကြေငွေပေးသွင်းပြီးမှ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်အား ဘဏ်မှပြန်ပေးပါမည်။  

ကုမ္ပဏီတစ်ခု၌ အလုပ်ဝင်ခဲ့သည်မှာ ၅ နှစ်ခန့်ရှိပြီးလစာတစ်လ သုံးသိန်းခွဲရရှိသော ဝန်ထမ်း ၏ လစာဝင်ငွေအား မော်တော်ယာဉ် ဝယ်ယူရာတွင် ဝင်ငွေရလမ်းအဖြစ်တင်ပြ၍ ရ/မရ သိရှိလိုခြင်း။

Answer

မော်တော်ယာဉ်ဝယ်ယူရာတွင် ဝန်ထမ်း၏ လစာဝင်ငွေအား ဝင်ငွေရလမ်းအဖြစ် တင်ပြနိုင်ပါသည်။ နှစ်တစ်နှစ်အတွင်း ဝင်ငွေကျပ် ၄၈ သိန်းမကျော်သဖြင့် ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်၊ ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေများပါ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က) အရ ဝင်ငွေခွန်စည်းကြပ်ခြင်းမပြုသဖြင့် ကင်းလွတ်ခွင့်ရရှိသည့် လစာဝင်ငွေဆိုင်ရာ သက်သေခံအထောက်အထားများကို တင်ပြရမည်ဖြစ်ပါသည်။ 

Question

ကုမ္ပဏီတစ်ခု၌ အလုပ်ဝင်ခဲ့သည်မှာ ၅ နှစ်ခန့်ရှိပြီး လစာတစ်လသုံးသိန်းခွဲရရှိသော ဝန်ထမ်း၏ လစာဝင်ငွေအား မော်တော်ယာဉ် ဝယ်ယူရာတွင် ဝင်ငွေရလမ်းအဖြစ်တင်ပြ၍ ရ/မရ သိရှိလိုခြင်း။

ဌာနမှ ရုံးသုံးစာရေးကိရိယာများ ဝယ်ယူသည့် ပေးချေငွေအပေါ် Withholding Tax နှုတ်ယူပေးသွင်းရန်လို/မလိုသိရှိလိုခြင်း။

Answer

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၈ အပိုဒ် ၅ အရ နှစ်တစ်နှစ်အတွင်း စုစုပေါင်းပေးချေငွေကျပ်သိန်း ၁၀ အထိ အခွန်နုတ်ယူပေးသွင်းခြင်းမပြုရ။ စုစုပေါင်းပေးချေငွေသည် ကျပ်သိန်း ၁၀ ထက်ကျော်လွန်ပါက Withholding Tax ၂% နုတ်ယူပေးသွင်းရမည်ဖြစ်ပါသည်။

Question

ဌာနမှ ရုံးသုံးစာရေးကိရိယာများ ဝယ်ယူသည့် ပေးချေငွေအပေါ် Withholding Tax နှုတ်ယူပေးသွင်းရန်လို/မလိုသိရှိလိုခြင်း။

စင်္ကာပူနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့သော နိုင်ငံသားတစ်ဦးမှ ပြည်ပတွင် မိမိရရှိသော လစာဝင်ငွေခွန်ဖြင့် ဝင်ငွေရလမ်းတင်ပြ၍ ရ/မရ သိရှိလိုခြင်း။

Answer

ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင်ရရှိသည့် လစာဝင်ငွေသည် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြု ထားသောဝင်ငွေဖြစ်ပါသည်။ ထိုဝင်ငွေအား ဝင်ငွေရလမ်းအဖြစ် တင်ပြလိုပါက အောက်ပါ အထောက်အထားများနှင့်အတူ တင်ပြရပါမည်-

(က)      ဆိုင်ရာကုမ္ပဏီက တရားဝင်ထုတ်ပေးသည့် လစာထုတ်ပေးမှုမှတ်တမ်း၊ ငွေလွှဲပို့မှု မှတ်တမ်း၊

(ခ)     ပြည်ပသို့ တရားဝင်ထွက်ခွာ၍ သွားရောက်ခြင်း၊ ပြန်လည်ဝင်ရောက်ခြင်းကို နိုင်ငံကူးလက်မှတ်ဖြင့်စိစစ်ခြင်း၊ သက်ဆိုင်ရာနိုင်ငံ၏လုပ်ငန်းမှ တရားဝင်လစာဝင်ငွေထုတ်ပေးခြင်းနှင့် လုပ်ငန်းသဘောတူစာချုပ်ဆိုင်ရာမှတ်တမ်းများ၊

Question

စင်္ကာပူနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့သော နိုင်ငံသားတစ်ဦးမှ ပြည်ပတွင် မိမိရရှိသော လစာဝင်ငွေခွန်ဖြင့် ဝင်ငွေရလမ်းတင်ပြ၍ ရ/မရ သိရှိလိုခြင်း။