ကိုရီးယားသမ္မတနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(KICA) မှ National Information Society Agency (NIA) နှင့် တွေ့ဆုံခြင်း

နေပြည်တော် နိုဝင်ဘာလ ၁၃

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၁၃-၁၁-၂၀၁၈ ရက်နေ့ နံနက် ၁၁:၃၀ နာရီ၌ ကိုရီးယားသမ္မတနိုင်ငံ၊ National Information Society Agency (NIA) မှ Chief Representative Ms. Lee Youn Soo ဦးဆောင်သောအဖွဲ့နှင့် ပြည်တွင်းအခွန်များ ဦးစီးဌာန၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတင်မောင်သန့်၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲမှ  ညွှန်ကြားရေးမှူး ဦးခိုင်လျှံကျင့်ထန်တွေ့ဆုံ၍ e- government နှင့် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအတွက် နည်းပညာဆိုင်ရာကိစ္စရပ်များ (ICT Project Development) ကို ဆွေးနွေးခဲ့ကြပါသည်။